နေပြည်တော် ရန်အောင်ချမ်းသာ ဘုရားကြီး ပျားစွဲနိမိတ်နဲ့ ထူးခြား ဖြစ်ရပ်

နေပြည်တော် ရန်အောင်ချမ်းသာ ဘုရားကြီး ပျားစွဲနိမိတ်နဲ့ ထူးခြား ဖြစ်ရပ်

နေပြည်တော်ရှိ ရန်အောင်ချမ်းသာဘုရားကြီးတွင် ပျားများလာရောက် စွဲထားမှုကို မြင်ရတာဖြစ်ပါတယ်။ ယခင်က ၅ အုံခန့်သာရှိသော်လည်း လက်ရှိမှာတော့ စုစုပေါင်း ၂၀ ကျော် လာရောက်အုံစွဲထားတာကို မြင်တွေ့ရတာဖြစ်ပါတယ်။

ယခင်က ပျားအုံ အနည်းငယ်သာ လာရောက် စွဲခဲ့ပေမယ်လည်း အခုချိန်မှာတော့ အများအပြား လာရောက်စွဲနေတာကို ထူးဆန်း အံ့သြစွာ တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ အတိတ်နိမိတ်ကောက်သူများကလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထူးခြားမှု ရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ထုထည်ကြီးမား၍ ကြည်ညိုဘွယ်အတိဖြစ်သော ရန်အောင်ချမ်းသာ ဘုရားကြီးအား လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာအုပ်စု မြို့ပတ်လမ်း ရန်ကင်းတောင်ခြေအနီးတွင် ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး ဘဒ္ဒန္တ ကုလရက္ခိတ၏ ဉီးဆောင်မှုဖြင့်

တပည့်ဒါယိကာ/ဒါယိကာမများ ခုနှစ်ရက်သားသမီးများ စုပေါင်း လှူဒါန်းတည်ထားခြင်းဖြစ်ကြောင်း သိရပါသည်။ဘုရားကြီး တည်ထားရန်မြေ (၄) ဧကအား ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်နှင့် ဇနီးဒေါ်အေးအေးဝင်း မိသားစုမှလှူဒါန်းခဲ့ပြီး သာသနာတော်နှစ် ၂၅၅၉ ခု၊

ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း (၉)ရက်၊ (၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် ) နေ့တွင်ဉာဏ်တော် အတောင်ကိုးဆယ်ပေ (၁၃၅) ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးအား ငွေကျပ်သိန်းပေါင်း (၃၄၀၀၀)ကျော် အကုန်အကျခံ တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သုံးဆယ့်တစ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးကြည်ညိုသဒ္ဓါပွား ပူဇော်နိုင်ရန်အတွက် ရန်အောင်ချမ်းသာဘုရားကြီး၏ အရှေ့ဘက်မုခ်တွင် ရှမ်းလက်ရာမုခ်ဦး၊ ကျားရုပ်၊ ဉာဏ်တော်(၂၄)ပေရှိ အရံစေတီ(၂၃)ဆူ၊ အနောက်ဘက်တွင် မွန်လက်ရာမုခ်ဦး၊

မနုဿီဟရုပ်၊ ဉာဏ်တော်(၂၄)ပေရှိ အရံစေတီ(၂၃)ဆူ၊ တောင်ဘက်တွင် ရခိုင်ကိုယ်စားပြု ရခိုင်မုခ်ဦး၊ ဘီလူးရုပ်၊ အရံဘုရားပုထိုးတော် (၂၂)ဆူ၊ မြောက်ဘက်တွင် မြန်မာကိုယ်စားပြု မြန်မာလက်ရာမုခ်၊ ခြင်္သေ့ရုပ်

ဉာဏ်တော် (၂၄) ပေရှိ အရံစေတီ(၂၂)ဆူ၊ ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်ရင်းနှီးမှုအား ကိုယ်စားပြု၍ တန်ခိုးကြီးစေတီပုထိုးတို့၏ ဗိသုကာ ပညာရပ်များအား အရပ်လေးမျက်နှာတွင် အရံစေတီ ပုထိုးပေါင်း (၉၀)ဆူတည်ထားပြီး

ကြာပလ္လင်ခံ ထိုင်တော်မူဘုရား(၈)ဆူနှင့် မြတ်စွာဘုရား၏ ခြေတော်ရာ တစ်စုံကိုလည်း ဆရာတော်ကြီး၏ လမ်းညွန်ဆုံးမမှုဖြင့် တည်ထားကြောင်းလည်း သိရသည်။

Crd-Original Post