အွန်လိုင်းဖျော်ဖြေပွဲလုပ်မယ့် နိုဗန်ထူး

အွန်လိုင်းဖျော်ဖြေပွဲလုပ်မယ့် နိုဗန်ထူး

လွတ်မြောက်နယ်မြေ၌ ရောက်ရှိနေသည့် အဆိုတော် နိုဗန်ထူးက နိုဝင်ဘာ ၂၆ ရက်ညတွင် အွန်လိုင်းဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်မှ အသိပေးထားသည်။

“ကျွန်တော်ပိုက်ဆံလိုလို့ပါ။ ပိုက်ဆံဘာကြောင့်လိုလဲ။ ကျွန်တော့် ရဲဘော်တွေကို ကျွေးမွေးချင်တယ်။ လာမယ့် ၂၈ ရက်နေ့က ကျွန်တော့်မွေးနေ့ဖြစ်တယ်။ အဲဒီမှာ ရဲဘော်တွေနဲ့ မွေးနေ့ကျင်းပမယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ပရိသတ်များအနေဖြင့် တတ်နိုင်သလောက်ပံ့ပိုးပေးရန် နိုဗန်ထူးကမေတ္တာရပ်ခံသည်။

နိုဝင်ဘာ ၂၆ ရက်ညတွင် ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေချိန်တစ်နာရီခန့် ကြာမြင့်မည်ဖြစ်ကာ Acoustic သီချင်းများဖြင့်ဖျော်ဖြေပေးမည်ဟု ၎င်းကဆိုသည်။

“ဆိုမယ့်သီချင်းတွေက အသစ်ရေးထားတဲ့ သီချင်းတွေပါမယ်။ အရင်က ကျွန်တော့်သီချင်းတွေပါမယ်။ ပြီးတော့ မထွက်ရသေးတဲ့Acoustic ဟာတွေလည်းပါမယ်။ Metal ကတော့ ဆိုပြဖို့ အစီအစဥ်မရှိဘူး။” ဟု နိုဗန်ထူးကပြောသည်။

လက်ရှိအချိန်တွင် ပြည်သူအားလုံးသည် ဘဝတူများဖြစ်သောကြောင့် ငွေကြေးရှိသူများအနေဖြင့်ပို၍ ပံ့ပိုးပေးရန် ၎င်းကပြောသည်။

နိုဗန်ထူးသည် အာဏာသိမ်းခံရသည့် အချိန်ကတည်းက ပြည်သူနှင့်အတူ ရပ်တည်ခဲ့ပြီး လက်ရှိအချိန်၌ လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေသည်။

People Spring

(ZAWGYI)

အြန္လိုင္းေဖ်ာ္ေျဖပြဲလုပ္မယ့္ ႏိုဗန္ထူး

လြတ္ေျမာက္နယ္ေျမ၌ ေရာက္ရွိေနသည့္ အဆိုေတာ္ ႏိုဗန္ထူးက ႏိုဝင္ဘာ ၂၆ ရက္ညတြင္ အြန္လိုင္းေဖ်ာ္ေျဖပြဲ ျပဳလုပ္မည္ျဖစ္ေၾကာင္း ေဖ့စ္ဘြတ္ခ္မွ အသိေပးထားသည္။

“ကြၽန္ေတာ္ပိုက္ဆံလိုလို႔ပါ။ ပိုက္ဆံဘာေၾကာင့္လိုလဲ။ ကြၽန္ေတာ့္ ရဲေဘာ္ေတြကို ေကြၽးေမြးခ်င္တယ္။ လာမယ့္ ၂၈ ရက္ေန႔က ကြၽန္ေတာ့္ေမြးေန႔ျဖစ္တယ္။ အဲဒီမွာ ရဲေဘာ္ေတြနဲ႔ ေမြးေန႔က်င္းပမယ္”ဟု ၎ကေျပာသည္။

ထို႔ေၾကာင့္ ပရိသတ္မ်ားအေနျဖင့္ တတ္ႏိုင္သေလာက္ပံ့ပိုးေပးရန္ ႏိုဗန္ထူးကေမတၱာရပ္ခံသည္။

ႏိုဝင္ဘာ ၂၆ ရက္ညတြင္ ေဖ်ာ္ေျဖပြဲျပဳလုပ္မည္ျဖစ္ၿပီး ေဖ်ာ္ေျဖခ်ိန္တစ္နာရီခန္႔ ၾကာျမင့္မည္ျဖစ္ကာ Acoustic သီခ်င္းမ်ားျဖင့္ေဖ်ာ္ေျဖေပးမည္ဟု ၎ကဆိုသည္။

“ဆိုမယ့္သီခ်င္းေတြက အသစ္ေရးထားတဲ့ သီခ်င္းေတြပါမယ္။ အရင္က ကြၽန္ေတာ့္သီခ်င္းေတြပါမယ္။ ၿပီးေတာ့ မထြက္ရေသးတဲ့Acoustic ဟာေတြလည္းပါမယ္။ Metal ကေတာ့ ဆိုျပဖို႔ အစီအစဥ္မရွိဘူး။” ဟု ႏိုဗန္ထူးကေျပာသည္။

လက္ရွိအခ်ိန္တြင္ ျပည္သူအားလုံးသည္ ဘဝတူမ်ားျဖစ္ေသာေၾကာင့္ ေငြေၾကးရွိသူမ်ားအေနျဖင့္ပို၍ ပံ့ပိုးေပးရန္ ၎ကေျပာသည္။

ႏိုဗန္ထူးသည္ အာဏာသိမ္းခံရသည့္ အခ်ိန္ကတည္းက ျပည္သူႏွင့္အတူ ရပ္တည္ခဲ့ၿပီး လက္ရွိအခ်ိန္၌ လြတ္ေျမာက္နယ္ေျမတြင္ ေရာက္ရွိေနသည္။

People Spring