မြန်မာဘီယာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖျက်သိမ်းဖို့ ဦးပိုင် စီစဉ်

မြန်မာဘီယာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖျက်သိမ်းဖို့ ဦးပိုင် စီစဉ်

Myanmar Brewery Limited ဖျက်သိမ်းရေး ကိစ္စကို ဦးပိုင်အနေနဲ့ တရားရုံးမှာ လျှောက်ထားလိုက်တဲ့နောက်ပိုင်း နှစ်ဦးနှစ်ဖက် ဖက်စပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့လည်း Kirinရဲ့ ထုတ်ပြန်ချက်မှာ ပါရှိနေပါတယ်။

ပြင်းပြင်းထန်ထန် သပိတ်မှောက်မှုတွေနဲ့ ကြုံခဲ့တဲ့နောက် မြန်မာဘီယာ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ဖျက်သိမ်းဖို့ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က စီစဉ်နေပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက Kirinကုမ္ပဏီနဲ့ ဦးပိုင်တို့ ပူးပေါင်းပြီး ဖက်စပ် ထူထောင်ထားတဲ့ Myanmar Brewery Limitedကို စာရင်းရှင်း ဖျက်သိမ်းခွင့် ပြုဖို့အတွက် ဦးပိုင်က ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ဒီလို လျှောက်ထားမှုကို နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဦးပိုင်က ကြေညာထားပါတယ်။

နိုဝင်ဘာ ၂၄ ရက်မှာတော့ Kirinကလည်း Myanmar Brewery Limitedကို ဖျက်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ သီးခြား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ Kirinဟာ ဦးပိုင်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် တစ်ဖက်က လိုလိုလားလား ပူးပေါင်းမှု လုံးဝ မရှိခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ဂျပန် ကုမ္ပဏီက ဆိုပါတယ်။

Myanmar Brewery Limited ဖျက်သိမ်းရေး ကိစ္စကို ဦးပိုင်အနေနဲ့ တရားရုံးမှာ လျှောက်ထားလိုက်တဲ့နောက်ပိုင်း နှစ်ဦးနှစ်ဖက် ဖက်စပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့လည်း Kirinရဲ့ ထုတ်ပြန်ချက်မှာ ပါရှိနေပါတယ်။

Kirin အနေနဲ့ Myanmar Brewery Limitedကို အကြောင်းပြုပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုမှာ တစ်တပ်တစ်အား ကူညီ အားဖြည့်ဖို့ အစကတည်းက အားထုတ်ခဲ့ကြောင်း၊ အခု အခါမှာတော့ Kirinရဲ့ ကျင့်ဝတ်တွေနဲ့အညီ ဖက်စပ် ကုမ္ပဏီ ဖျက်သိမ်းရေး ကိစ္စကို မြန်နိုင်သမျှ မြန်မြန်၊ ပွင့်လင်းမြင်သာမှု ရှိရှိ၊ မျှမျှတတနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Myanmar Brewery Limitedရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Kirinက ပိုင်ဆိုင်ပြီး စစ်တပ် လက်အောက်ခံ ဦးပိုင်က ၄၉ ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ ဒီကုမ္ပဏီဟာ ပြည်တွင်းမှာ အရောင်းရဆုံး ဘီယာ အမှတ်တံဆိပ်ဖြစ်တဲ့ မြန်မာဘီယာအပြင် အက်ဒ်မန်ဂိုးလ်လို ဘီယာတွေကိုပါ စျေးကွက်ထဲ ဖြန့်ဝေ ရောင်းချနေပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာဘီယာအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် သပိတ်မှောက်တဲ့ Boycott လှုပ်ရှားမှုတွေ ပေါ်ပေါက်လာသလို ရောင်းအားလည်း ထိုးကျသွားပါတယ်။ တစ်ဖက်မှာလည်း အာဏာသိမ်းမှုအပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လက်တွဲဖော်အဖြစ် ရပ်တည်နေတဲ့ Kirinအပေါ် ဖိအားတွေ ကြီးမားလာပြီး နှစ်ဖက် ဆက်ဆံရေးမှာ အက်ကြောင်းတွေ ထင်လာခဲ့ပါတယ်။

Myanmar Brewery Limitedကို ၁၉၉၅ ခုနှစ်မှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက Kirinရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေဟာ ပြည်တွင်း ဘီယာ စျေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

People Spring

(ZAWGYI)

ျမန္မာဘီယာ ထုတ္လုပ္တဲ့ ကုမၸဏီ ဖ်က္သိမ္းဖို႔ ဦးပိုင္ စီစဥ္

Myanmar Brewery Limited ဖ်က္သိမ္းေရး ကိစၥကို ဦးပိုင္အေနနဲ႔ တရား႐ုံးမွာ ေလွ်ာက္ထားလိုက္တဲ့ေနာက္ပိုင္း ႏွစ္ဦးႏွစ္ဖက္ ဖက္စပ္ လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူးလို႔လည္း Kirinရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိေနပါတယ္။

ျပင္းျပင္းထန္ထန္ သပိတ္ေမွာက္မႈေတြနဲ႔ ႀကဳံခဲ့တဲ့ေနာက္ ျမန္မာဘီယာ ထုတ္လုပ္တဲ့ ကုမၸဏီကို ဖ်က္သိမ္းဖို႔ စစ္တပ္ပိုင္ ျမန္မာ့ စီးပြားေရး ဦးပိုင္ လီမိတက္က စီစဥ္ေနၿပီ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံက Kirinကုမၸဏီနဲ႔ ဦးပိုင္တို႔ ပူးေပါင္းၿပီး ဖက္စပ္ ထူေထာင္ထားတဲ့ Myanmar Brewery Limitedကို စာရင္းရွင္း ဖ်က္သိမ္းခြင့္ ျပဳဖို႔အတြက္ ဦးပိုင္က ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးမွာ ေလွ်ာက္ထားခဲ့ပါတယ္။ ဒီလို ေလွ်ာက္ထားမႈကို ႏိုဝင္ဘာ ၁၉ ရက္က ျပဳလုပ္ခဲ့တယ္လို႔ ႏိုဝင္ဘာ ၂၂ ရက္ထုတ္ ႏိုင္ငံပိုင္ သတင္းစာေတြမွာ ဦးပိုင္က ေၾကညာထားပါတယ္။

ႏိုဝင္ဘာ ၂၄ ရက္မွာေတာ့ Kirinကလည္း Myanmar Brewery Limitedကို ဖ်က္သိမ္းမယ့္ ကိစၥနဲ႔ ပတ္သက္လို႔ သီးျခား ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ Kirinဟာ ဦးပိုင္နဲ႔ ညႇိႏႈိင္းေဆြးေႏြးဖို႔ ျဖစ္ႏိုင္သမွ် နည္းလမ္း ေပါင္းစုံနဲ႔ ႀကိဳးစားခဲ့ေပမယ့္ တစ္ဖက္က လိုလိုလားလား ပူးေပါင္းမႈ လုံးဝ မရွိခဲ့တဲ့အတြက္ စိတ္ပ်က္မိတယ္လို႔ ဂ်ပန္ ကုမၸဏီက ဆိုပါတယ္။

Myanmar Brewery Limited ဖ်က္သိမ္းေရး ကိစၥကို ဦးပိုင္အေနနဲ႔ တရား႐ုံးမွာ ေလွ်ာက္ထားလိုက္တဲ့ေနာက္ပိုင္း ႏွစ္ဦးႏွစ္ဖက္ ဖက္စပ္ လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူးလို႔လည္း Kirinရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိေနပါတယ္။

Kirin အေနနဲ႔ Myanmar Brewery Limitedကို အေၾကာင္းျပဳၿပီး ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးမႈမွာ တစ္တပ္တစ္အား ကူညီ အားျဖည့္ဖို႔ အစကတည္းက အားထုတ္ခဲ့ေၾကာင္း၊ အခု အခါမွာေတာ့ Kirinရဲ႕ က်င့္ဝတ္ေတြနဲ႔အညီ ဖက္စပ္ ကုမၸဏီ ဖ်က္သိမ္းေရး ကိစၥကို ျမန္ႏိုင္သမွ် ျမန္ျမန္၊ ပြင့္လင္းျမင္သာမႈ ရွိရွိ၊ မွ်မွ်တတနဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

Myanmar Brewery Limitedရဲ႕ ရွယ္ယာ ၅၁ ရာခိုင္ႏႈန္းကို Kirinက ပိုင္ဆိုင္ၿပီး စစ္တပ္ လက္ေအာက္ခံ ဦးပိုင္က ၄၉ ရာခိုင္ႏႈန္း ထိန္းခ်ဳပ္ထားပါတယ္။ ဒီကုမၸဏီဟာ ျပည္တြင္းမွာ အေရာင္းရဆုံး ဘီယာ အမွတ္တံဆိပ္ျဖစ္တဲ့ ျမန္မာဘီယာအျပင္ အက္ဒ္မန္ဂိုးလ္လို ဘီယာေတြကိုပါ ေစ်းကြက္ထဲ ျဖန႔္ေဝ ေရာင္းခ်ေနပါတယ္။

ဒါေပမဲ့ ေဖေဖာ္ဝါရီ လဆန္းပိုင္းမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ေနာက္ ျမန္မာဘီယာအေပၚ ျပင္းျပင္းထန္ထန္ ဆန႔္က်င္ သပိတ္ေမွာက္တဲ့ Boycott လႈပ္ရွားမႈေတြ ေပၚေပါက္လာသလို ေရာင္းအားလည္း ထိုးက်သြားပါတယ္။ တစ္ဖက္မွာလည္း အာဏာသိမ္းမႈအၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ေပၚေပၚထင္ထင္ က်ဴးလြန္ေနတဲ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေၾကာင့္ လက္တြဲေဖာ္အျဖစ္ ရပ္တည္ေနတဲ့ Kirinအေပၚ ဖိအားေတြ ႀကီးမားလာၿပီး ႏွစ္ဖက္ ဆက္ဆံေရးမွာ အက္ေၾကာင္းေတြ ထင္လာခဲ့ပါတယ္။

Myanmar Brewery Limitedကို ၁၉၉၅ ခုႏွစ္မွာ စတင္ ထူေထာင္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၈ တုန္းက Kirinရဲ႕ ထုတ္ျပန္ခ်က္အရ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြဟာ ျပည္တြင္း ဘီယာ ေစ်းကြက္ရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

People Spring