(၅၀၅) နဲ့ နေရာမျိုးစုံကိုပြေးခဲ့ရချိန်က စိတ်ထဲမလုံခြုံသလိုအမြဲခံစားခဲ့ရတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

(၅၀၅) နဲ့ နေရာမျိုးစုံကိုပြေးခဲ့ရချိန်က စိတ်ထဲမလုံခြုံသလိုအမြဲခံစားခဲ့ရတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

အနုပညာနဲ့ပက်သတ်ရင် ရူးရူးမူးမူးရှိပြီး စိတ်ထဲထင်ရာကိုလုပ်တတ်တဲ့ ကျော်ကျော်နန္ဒဟာ အစပိုင်းမှာ ပရိသတ်တွေရဲ့ မျက်စိဆံပင်မွှေးဆူးကြပေမယ့် သူ့ရဲ့ခံယူချက်နဲ့ စိတ်ရင်းအမှန်ကိုသိရှိပြီးနောက် အမြင်တွေကြည်ပြီး အားပေးလာခဲ့ကြပြီဖြစ်ပါတယ်။

ကျော်ကျော်နန္ဒဟာ အနုပညာရှင်တိုင်းမလုပ်နိုင်တဲ့ ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာကြောင့် စကစရဲ့ (၅၀၅) စာရင်းမှာ ပါဝင်ခဲ့ပြီး အချိန်အတော်ကြာ ရှောင်တိမ်းနေခဲ့ရတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကျော်ကျော်နန္ဒက သူရှောင်တိမ်းနေခဲ့ရတဲ့စဉ်က

အကြောင်းအရာတချို့ကို ဖွင့်ဟပြောပြလာပါတယ်။

“ကိုယ်၅၀၅ နဲ့ နေရာမျိုးစုံကိုပြေးခဲ့တုန်းကလည်း စိတ်ထဲကအမြဲမလုံခြုံသလိုခံစားနေရတယ် ခုလည်း ကိုယ့်လိုလူတွေအတွက်စာနာပါတယ် ကျန်းမာ ဘေးကင်း ငြိမ်းချမ်း ပြီးအမြန်ဆုံးအေးချမ်းမူတွေရကြပါစေလို့ဘုရားမှာဆုတောင်းနေပါတယ်” ဆိုပြီး ပြောလာပါတယ်။

ကျော်ကျော်နန္ဒက အခုဆိုရင် (၅၀၅) စာရင်းကနေ ပယ်ဖျက်ခံလိုက်ရပြီဆိုပေမယ့် သူ့လိုအဖြစ်မျိုးကြုံဆုံရသူတိုင်းကို ကိုယ်ချင်းစာ စာနာတဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။

Source: Kknd-L ကျော်ကျော်နန္ဒ’s fb

(ZAWGYI)




