စစ်ကောင်စီလက်ထက်တွင် CDM လုပ်ပြီး ကျောင်းမတက်/စာမေးပွဲမဖြေသော်လည်း အောင်စာရင်း၌ အမည်ပါသည့် ကျောင်းသားများ

စစ်ကောင်စီလက်ထက်တွင် CDM လုပ်ပြီး ကျောင်းမတက်/စာမေးပွဲမဖြေသော်လည်း အောင်စာရင်း၌ အမည်ပါသည့် ကျောင်းသားများ
ကျောက်ဆည်၊ သြဂုတ် ၁၅
News Anbassador
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် CDM လုပ်ပြီး စာမေးပွဲသွားမဖြေသော်လည်း အောင်စာရင်းထုတ်ပြန်ရာ၌ အမည်ပါဝင်​နေသော ကျောင်းသားများရှိနေသည်။အဆိုပါဖြစ်စဉ်သည် ကျောက်ဆည်တက္ကသိုလ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဘူမိဗေဒအောင်စာရင်းထုတ်ပြန်ရာတွင် ကျောင်းမတက် စာမေးပွဲသွားမဖြေဘဲ အောင်နေသော ကျောင်းသားတစ်ဦးဖြစ်သူ ကို—-က ” ကျ​နော်တို့က CDMပါ။ ကျောင်းလည်းမတက်ဘူးဗျ။ ဖြေလည်းမဖြေဘူး။ ဘာမှကိုယ်သွားမဖြေတာပါ။ သူတို့ပေးတဲ့ ဘွဲ့လည်းမယူပါဘူးဗျာ။ လက်လည်းမခံဘူး” ဟု News Ambassador သို့ ပြောသည်။

(ကာယကံရှင်၏ လုံခြုံရေးခွင့်တောင်းချက်အရ နာမည်အရင်းကို မဖော်ပြထားပါ)အလားတူ အင်္ဂလိပ်စာတစ်ဘာသာတည်း ကျရှုံးသဖြင့် ဖြေဆိုသော ကျောင်းသားတစ်ဦးမှာလည်း ဂုဏ်ထူးတန်းတွင်ပါဝင်နေခြင်း၊

ဘူမိဗေဒတွင်အရေးပါသော လက်တွေ့ကွင်းဆင်းခြင်းမပြုလုပ်ရသေးဘဲ ဂုဏ်ထူးတန်းဝင်နေခြင်းစသည့် ကျောင်းသား ၂ ဦးလည်းရှိကြောင်း သိရသည်။

အင်္ဂလိပ်စာကျပြီး ဂုဏ်ထူးတန်းမှဆင်းလာကာ စစ်ကောင်စီလက်ထက် ကျောင်းမတက်သော်လည်း အောင်စာရင်း၌ အမည်ပါနေသူ ၅ ဦးရှိကြောင်း ထပ်မံသိရသည်။


အလားတူ စာမေးပွဲ ၂ ဘာသာမဖြေရသေးဘဲ စာမေးပွဲအောင်သော ကျောင်းသူလည်းရှိသေးကြောင်း သိရသည်။

အဆိုပါကိစ္စသည် ဘူမိဗေဒတစ်ဘာသာတည်းတွင် ဖြစ်ပွားသော ဖြစ်စဉ်များဖြစ်ပြီး အခြားသောဘာသာရပ်များ၌လည်း ရှိနိုင်သေးကြောင်း သိရသည်။

Photo-CJ