(၁၀)လကျော်ကြာ အလုပ်မရှိ၊ဝင်ငွေမရှိပေမယ့် NUG အစိုးရရဲ့ ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

(၁၀)လကျော်ကြာ အလုပ်မရှိ၊ဝင်ငွေမရှိပေမယ့် NUG အစိုးရရဲ့ ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

မေဦးကတော့ နုနုနယ်နယ် မိတ်ကပ်လိမ်းခြယ်သူတစ်ယောက်ဖြစ်ပေမယ့် သူယုံကြည်ရာလမ်းတစ်ခုကိုရွေးချယ်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ မေဦးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေကိုလည်း တက်တက်ကြွကြွလုပ်ကိုင်နေပြီး နွေဦးတော်လှန်ရေးအတွက် လိုအပ်သမျှ အလှူငွေတွေကို ထောက်ပံ့ပေးနေလျက်ရှိပါတယ်။

ဒီကနေ့မှာလည်း မေဦးက ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“မေဦးအိမ်နဲ့ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လရှိပါပြီ။ ဆုံးရှုံးနစ်နာတာတွေလည်းအများကြီးပါ။ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် မေဦးကိုမှီခိုနေရသူတွေလည်း အဆင်မပြေဖြစ်ခဲ့ရပါပြီ။ ဒါပေမယ့် ကိုယ်ရဲ့ဆုံးရှုံးမှုထက် မကတဲ့ ဘဝတွေပေးလိုက်ရသူတွေ အသက်တွေပေးလိုက်ရသူတွေက သန်းနဲ့ချီရှိနေပါသေးတယ် ။

ဒါ့ကြောင့် အမှန်တရားလမ်းကိုအဆုံးထိဆက်လျှောက်ဖို့အတွက် အဆင်မပြေတဲ့ကြားထဲက NUG ရဲ့ USD ၁၀၀၀ တန်ငွေတိုက်စာချုပ်ကိုဝယ်ဖို့ဆုံးဖြတ်ထားပါတယ် ။

မေဦးတို့အပါအဝင် စစ်ဘေးဘဝနဲ့ဒုက္ခရောက်နေတဲ့တိုင်းရင်းသားတွေ အိမ်ပြန်နိုင်ဖို့အတွက် အဖိနှိပ်ခံ အနိုင်ကျင့်ခံနေရတဲ့ပြည်သူတွေ အားလုံးလွတ်လပ်ဖို့အတွက် မိမိတက်နိုင်သလောက် ငွေတိုက်စာချုပ်များဝယ်ပေးကြဖို့ အနူးညွတ်တိုက်တွန်းအပ်ပါတယ်” ဆိုပြီး ပြောလာပါတယ်။

မေဦးကတော့ (၁၀)လကျော်ကြာ အလုပ်မရှိပဲဝင်ငွေမရှိပေမယ့် NUG အစိုးရရဲ့ ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုပြီး သံဓိဌာန်ချထားသလို တတ်နိုင်တဲ့ပြည်သူတွေကိုလည်း ငွေတိုက်စာချုပ်ဝယ်ကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။

Source: May Oo’s fb

(ZAWGYI)

(၁၀)လေက်ာ္ၾကာ အလုပ္မရွိ၊ဝင္ေငြမရွိေပမယ့္ NUG အစိုးရရဲ႕ ေဒၚလာ 1000 တန္ ေငြတိုက္စာခ်ဳပ္ဝယ္မယ္ဆိုတဲ့ ေမဦး

ေမဦးကေတာ့ ႏုႏုနယ္နယ္ မိတ္ကပ္လိမ္းျခယ္သူတစ္ေယာက္ျဖစ္ေပမယ့္ သူယုံၾကည္ရာလမ္းတစ္ခုကိုေ႐ြးခ်ယ္ခဲ့ၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီပဲျဖစ္ပါတယ္။ ေမဦးဟာ စစ္အာဏာရွင္ဆန႔္က်င္ေရးအလုပ္ေတြကိုလည္း တက္တက္ႂကြႂကြလုပ္ကိုင္ေနၿပီး ေႏြဦးေတာ္လွန္ေရးအတြက္ လိုအပ္သမွ် အလႉေငြေတြကို ေထာက္ပံ့ေပးေနလ်က္ရွိပါတယ္။ ဒီကေန႔မွာလည္း ေမဦးက ေဒၚလာ 1000 တန္ ေငြတိုက္စာခ်ဳပ္ဝယ္မယ္ဆိုတဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။

“ေမဦးအိမ္နဲ႔ေဝးၿပီးအလုပ္မလုပ္ရတာ ၁၀ လရွိပါၿပီ။ ဆုံးရႈံးနစ္နာတာေတြလည္းအမ်ားႀကီးပါ။ ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈေၾကာင့္ ေမဦးကိုမွီခိုေနရသူေတြလည္း အဆင္မေျပျဖစ္ခဲ့ရပါၿပီ။ ဒါေပမယ့္ ကိုယ္ရဲ႕ဆုံးရႈံးမႈထက္ မကတဲ့ ဘဝေတြေပးလိုက္ရသူေတြ အသက္ေတြေပးလိုက္ရသူေတြက သန္းနဲ႔ခ်ီရွိေနပါေသးတယ္ ။ ဒါ့ေၾကာင့္ အမွန္တရားလမ္းကိုအဆုံးထိဆက္ေလွ်ာက္ဖို႔အတြက္ အဆင္မေျပတဲ့ၾကားထဲက NUG ရဲ႕ USD ၁၀၀၀ တန္ေငြတိုက္စာခ်ဳပ္ကိုဝယ္ဖို႔ဆုံးျဖတ္ထားပါတယ္ ။ ေမဦးတို႔အပါအဝင္ စစ္ေဘးဘဝနဲ႔ဒုကၡေရာက္ေနတဲ့တိုင္းရင္းသားေတြ အိမ္ျပန္ႏိုင္ဖို႔အတြက္ အဖိႏွိပ္ခံ အႏိုင္က်င့္ခံေနရတဲ့ျပည္သူေတြ အားလုံးလြတ္လပ္ဖို႔အတြက္ မိမိတက္ႏိုင္သေလာက္ ေငြတိုက္စာခ်ဳပ္မ်ားဝယ္ေပးၾကဖို႔ အႏူးၫြတ္တိုက္တြန္းအပ္ပါတယ္” ဆိုၿပီး ေျပာလာပါတယ္။

ေမဦးကေတာ့ (၁၀)လေက်ာ္ၾကာ အလုပ္မရွိပဲဝင္ေငြမရွိေပမယ့္ NUG အစိုးရရဲ႕ ေဒၚလာ 1000 တန္ ေငြတိုက္စာခ်ဳပ္ဝယ္မယ္ဆိုၿပီး သံဓိဌာန္ခ်ထားသလို တတ္ႏိုင္တဲ့ျပည္သူေတြကိုလည္း ေငြတိုက္စာခ်ဳပ္ဝယ္ၾကဖို႔ တိုက္တြန္းလိုက္တာပဲျဖစ္ပါတယ္။

Source: May Oo’s fb