သားဖြစ်သူပြန်လာချိန်မှာ ကျန်းမာရေးမကောင်းတာမြင်ပြီး စိတ်မကောင်းဖြစ်သွားမှာစိုးရိမ်နေတယ်ဆိုတဲ့ ပိုင်တံခွန်ရဲ့မေမေ

သားဖြစ်သူပြန်လာချိန်မှာ ကျန်းမာရေးမကောင်းတာမြင်ပြီး စိတ်မကောင်းဖြစ်သွားမှာစိုးရိမ်နေတယ်ဆိုတဲ့ ပိုင်တံခွန်ရဲ့မေမေ

သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပြည်တွင်းမှာသာ ပြည်ပနိုင်ငံအတော်များများထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်က နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အင်းစိန်အကျဉ်းထောင်ကိုရောက်ရှိနေတာဖြစ်ပြီး

သူချစ်တဲ့မိသားစုတွေကိုရော၊ ပရိသတ်တွေနဲ့ရော အဆက်အသွယ်ပြတ်နေတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့မေမေကလည်း နေမကောင်းဖြစ်နေတဲ့ကြားထဲကမှ သားဖြစ်သူအိမ်ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေကြောင်း ပိုင်တံခွန်ရဲ့အစ်မက အခုလိုပဲပြောလာပါတယ်။

“ဆေးသောက်ရများပြီး တစ်နေ့ထက်တစ်နေ့ ဆံပင်တွေပိုကျွတ်လာတဲ့ အမေက သူ့ဆံပင်ထွေးကြီးကိုကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဂတုံး တုံးချင်တယ်တဲ့ (အလှသိပ်ကြိုက်တဲ့ အမေကလေ)

ဒါပေမဲ့ သူ့သားပြန်လာချိန် သူ မလှတော့တာကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားမှာလည်း စိုးရိမ်သတဲ့ကွယ်…” ဆိုပြီး မေမေ့အကြောင်းကို ပြောလာပါတယ်။

ပိုင်တံခွန်ကတော့ သားဖြစ်သူပြန်လာချိန်မှာ မလှတော့မြင်ပြီး စိတ်မကောင်းဖြစ်သွားမှာစိုးရိမ်နေပြီး သားဖြစ်သူ ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေတဲ့အကြောင်းသိရတာ ဝမ်းနည်းစရာပါပဲနော်။

Source: May Chit Thway’s fb

(ZAWGYI)

သားျဖစ္သူျပန္လာခ်ိန္မွာ က်န္းမာေရးမေကာင္းတာျမင္ၿပီး စိတ္မေကာင္းျဖစ္သြားမွာစိုးရိမ္ေနတယ္ဆိုတဲ့ ပိုင္တံခြန္ရဲ႕ေမေမ

သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ ျပည္တြင္းမွာသာ ျပည္ပႏိုင္ငံအေတာ္မ်ားမ်ားထိ ထိုးေဖာက္ေအာင္ျမင္ေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။ ပိုင္တံခြန္က ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ အင္းစိန္အက်ဥ္းေထာင္ကိုေရာက္ရွိေနတာျဖစ္ၿပီး သူခ်စ္တဲ့မိသားစုေတြကိုေရာ၊ ပရိသတ္ေတြနဲ႔ေရာ အဆက္အသြယ္ျပတ္ေနတာပဲျဖစ္ပါတယ္။

ပိုင္တံခြန္ရဲ႕ေမေမကလည္း ေနမေကာင္းျဖစ္ေနတဲ့ၾကားထဲကမွ သားျဖစ္သူအိမ္ျပန္လာမယ့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနေၾကာင္း ပိုင္တံခြန္ရဲ႕အစ္မက အခုလိုပဲေျပာလာပါတယ္။

“ေဆးေသာက္ရမ်ားၿပီး တစ္ေန႔ထက္တစ္ေန႔ ဆံပင္ေတြပိုကြၽတ္လာတဲ့ အေမက သူ႔ဆံပင္ေထြးႀကီးကိုၾကည့္ၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ဂတုံး တုံးခ်င္တယ္တဲ့ (အလွသိပ္ႀကိဳက္တဲ့ အေမကေလ) ဒါေပမဲ့ သူ႔သားျပန္လာခ်ိန္ သူ မလွေတာ့တာကိုျမင္ၿပီး စိတ္မေကာင္းျဖစ္သြားမွာလည္း စိုးရိမ္သတဲ့ကြယ္…” ဆိုၿပီး ေမေမ့အေၾကာင္းကို ေျပာလာပါတယ္။

ပိုင္တံခြန္ကေတာ့ သားျဖစ္သူျပန္လာခ်ိန္မွာ မလွေတာ့ျမင္ၿပီး စိတ္မေကာင္းျဖစ္သြားမွာစိုးရိမ္ေနၿပီး သားျဖစ္သူ ျပန္လာမယ့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနတဲ့အေၾကာင္းသိရတာ ဝမ္းနည္းစရာပါပဲေနာ္။

Source: May Chit Thway’s fb