ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလှူငွေတွေနဲ့ အိမ်ခြေ (၁၀၀)အတွက် စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အလှူငွေတွေနဲ့ အိမ်ခြေ (၁၀၀)အတွက် စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဒိန်းဒေါင်ကတော့ ဒီနေ့မှာလည်း မွန်မြတ်လှတဲ့ အလှူလေးတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒိန်းဒေါင်ကတော့ အခုနောက်ပိုင်း သူကိုယ်တိုင်ဦးဆောင်ပြီး ချွန်တွန်းပရဟိတအဖွဲ့လေးနဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။

ဒီနေ့ နိုဝင်ဘာလ (၂၀)ရက်နေ့မှာလည်း ဒိန်းဒေါင်ကတော့ ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ငွေသား အလှူငွေတွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒိန်းဒေါင်ကတော့ စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စု(၁၀၀)စာအတွက် အိမ်ခြေ(၁၀၀)စာဆန်တွေနဲ့စားစရာတွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

စုစုပေါင်း (၁)သိန်းကျော်ဖိုးလှူဒါန်းပေးနိုင်ခဲ့ကြောင်းဒိန်းဒေါင်ကတော့ အလှူလေးကို ပီတိဖြစ်စွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးတွေလည်း ဒိန်းဒေါင်ရဲ့ ဒီနေ့မှာပြုလုပ်ခဲ့တဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Source – Dain Daung

(ZAWGYI)






Source – Dain Daung

Crd-Original Post