အောင်လံမြို့နယ် PDF စခန်းငယ်တစ်ခု ဝင်စီးခံရပြီး ၁ ဦးကျဆုံး၊ ၂ ဦးအဖမ်းခံရ

အောင်လံမြို့နယ် PDF စခန်းငယ်တစ်ခု ဝင်စီးခံရပြီး ၁ ဦးကျဆုံး၊ ၂ ဦးအဖမ်းခံရ

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်းက PDF စခန်းငယ်တစ်ခုကို အကြမ်းဖက်စစ်အုပ်စုက ဝင်စီးနင်းခဲ့တာကြောင့် အောင်လံ PDF ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ၁ ယောက်ကျဆုံးပြီး ၂ ယောက်အဖမ်းခံရတယ်လို့ သိရပါတယ်။

အောင်လံမြို့နယ် ကင်းမွန်းခြုံရွာနားက PDF စခန်းငယ်တစ်ခုကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၂ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီ အင်အား ၃၀ လောက်ဟာ ကားလေး ၂ စီး၊ ဆိုင်ကယ် ၅ စီးနဲ့ ဝင်ရောက်စီးနင်းခဲ့တာလို့ အောင်လံ PDF ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်လင်းယုန်က ပြောပါတယ်။

“ကင်မွန်းခြုံရွာရဲ့ အထက် ၄ မိုင်လောက်မှာ PDF ပြောက်ကျား စခန်းငယ်တစ်ခုကို စစ်ကောင်စီက ဝင်စီးခဲ့တာပါ။ တပ်ခွဲမှူး ဗိုလ်သဲမိုးခေါ် ကိုမင်းခန့်သစ္စာ တိုင်ပြည်အတွက် အသက်ပေးခဲ့ရပြီးတော့ ကိုသူရနဲ့ လမင်းငယ်တို့ အဖမ်းခံလိုက်ရတယ်ဗျ။ စခန်းက ဖောက်ခွဲရေးပစ္စည်း နည်းနည်းကိုလည်း စစ်အုပ်စုတွေကသိမ်းသွားတယ်။”

အောင်လံ PDF ပြောက်ကျားတပ်ဖွဲ့ဟာ အောင်လံမြို့နယ်ထဲမှာ ပြောက်ကျားစနစ်နဲ့ စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး နောက်ပိုင်းမှ အမည်တစ်ခုပေးသွားမယ်လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာဟာ စစ်ကောင်စီခန့် ကင်မွန်ခြုံအုပ်ချုပ်ရေးမှူ ဒလန်က အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးတာကြောင့် ဖြစ်ပြီး ကျဆုံးခဲ့ရတဲ့ တပ်ခွဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေအတွက် စစ်အုပ်စုကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို ဆိုပါတယ်။

DVB

(ZAWGYI)

ေအာင္လံၿမိဳ႕နယ္ PDF စခန္းငယ္တစ္ခု ဝင္စီးခံရၿပီး ၁ ဦးက်ဆုံး၊ ၂ ဦးအဖမ္းခံရ

မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၂၀ ရက္ေန႔ မနက္အေစာပိုင္းက PDF စခန္းငယ္တစ္ခုကို အၾကမ္းဖက္စစ္အုပ္စုက ဝင္စီးနင္းခဲ့တာေၾကာင့္ ေအာင္လံ PDF ေျပာက္က်ားတပ္ဖြဲ႕ တပ္ခြဲမႉး ၁ ေယာက္က်ဆုံးၿပီး ၂ ေယာက္အဖမ္းခံရတယ္လို႔ သိရပါတယ္။

ေအာင္လံၿမိဳ႕နယ္ ကင္းမြန္းၿခဳံ႐ြာနားက PDF စခန္းငယ္တစ္ခုကို ႏိုဝင္ဘာလ ၂၀ ရက္ေန႔ မနက္ ၂ နာရီေလာက္က အၾကမ္းဖက္စစ္ေကာင္စီ အင္အား ၃၀ ေလာက္ဟာ ကားေလး ၂ စီး၊ ဆိုင္ကယ္ ၅ စီးနဲ႔ ဝင္ေရာက္စီးနင္းခဲ့တာလို႔ ေအာင္လံ PDF ေျပာက္က်ားတပ္ဖြဲ႕မွ ဗိုလ္လင္းယုန္က ေျပာပါတယ္။

“ကင္မြန္းၿခဳံ႐ြာရဲ႕ အထက္ ၄ မိုင္ေလာက္မွာ PDF ေျပာက္က်ား စခန္းငယ္တစ္ခုကို စစ္ေကာင္စီက ဝင္စီးခဲ့တာပါ။ တပ္ခြဲမႉး ဗိုလ္သဲမိုးေခၚ ကိုမင္းခန႔္သစၥာ တိုင္ျပည္အတြက္ အသက္ေပးခဲ့ရၿပီးေတာ့ ကိုသူရနဲ႔ လမင္းငယ္တို႔ အဖမ္းခံလိုက္ရတယ္ဗ်။ စခန္းက ေဖာက္ခြဲေရးပစၥည္း နည္းနည္းကိုလည္း စစ္အုပ္စုေတြကသိမ္းသြားတယ္။”

ေအာင္လံ PDF ေျပာက္က်ားတပ္ဖြဲ႕ဟာ ေအာင္လံၿမိဳ႕နယ္ထဲမွာ ေျပာက္က်ားစနစ္နဲ႔ စစ္အုပ္စုကို ေတာ္လွန္တိုက္ခိုက္ေနတာျဖစ္ၿပီး ေနာက္ပိုင္းမွ အမည္တစ္ခုေပးသြားမယ္လို႔ ေျပာပါတယ္။

အခုလို ဖမ္းဆီးခံရတာဟာ စစ္ေကာင္စီခန႔္ ကင္မြန္ၿခဳံအုပ္ခ်ဳပ္ေရးမႉ ဒလန္က အၾကမ္းဖက္စစ္အုပ္စုကို သတင္းေပးတာေၾကာင့္ ျဖစ္ၿပီး က်ဆုံးခဲ့ရတဲ့ တပ္ခြဲမႉးနဲ႔ တပ္ဖြဲ႕ဝင္ေတြအတြက္ စစ္အုပ္စုကို လက္တုံ႔ျပန္တိုက္ခိုက္သြားမယ္လို ဆိုပါတယ္။

DVB