တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိ

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ထပ်မံရောက်ရှိ

“တရုတ်နိုင်ငံကလှူဒါန်းတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ဒုတိယအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်ညပိုင်းက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာကို ကာကွယ်ဆေး ၃ သန်း လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၂ သုတ်ခွဲကာ ၂ သန်း ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅၁၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၉,၀၀၀ ကျော်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြပ် ကြည့်ရှုနေပြီး အပတ်စဉ်အလိုက် ဓာတ်ခွဲအ တည်ပြုလူနာ တွေ့ရှိမှုနဲ့ ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းတွေဟာ ၅ ရာခိုင်နှုန်းအောက် လျော့နည်းကျဆင်းလာတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လခွဲ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၅ သန်း ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည် သူတွေကြား မှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက် ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်”

DVB

(ZAWGYI)

တ႐ုတ္ထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆး ၁ သန္း ထပ္မံေရာက္ရွိ

“တ႐ုတ္ႏိုင္ငံကလႉဒါန္းတဲ့ Sinovac ကိုဗစ္-၁၉ ကာကြယ္ေဆး ၁ သန္း ဒုတိယအသုတ္အေနနဲ႔ ထပ္မံေရာက္ရွိလာခဲ့တယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၀ ရက္ညပိုင္းက ထုတ္ျပန္ပါတယ္။

အဆိုပါ ထုတ္ျပန္ခ်က္ထဲမွာေတာ့ တ႐ုတ္ႏိုင္ငံကေန ျမန္မာကို ကာကြယ္ေဆး ၃ သန္း လႉဒါန္းခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၂ သုတ္ခြဲကာ ၂ သန္း ပို႔ေဆာင္ေရာက္ရွိၿပီး ျဖစ္တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိအခ်ိန္ထိ ေရာဂါကူးစက္ခံရသူေပါင္း ၅၁၇,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၉,၀၀၀ ေက်ာ္ထိ ရွိလာေနၿပီ ျဖစ္ပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ကိုဗစ္-၁၉ ေရာဂါကူးစက္ ျဖစ္ပြားမႈ အေျခအေနေတြကို ေစာင့္ၾကပ္ ၾကည့္ရႈေနၿပီး အပတ္စဥ္အလိုက္ ဓာတ္ခြဲအ တည္ျပဳလူနာ ေတြ႕ရွိမႈနဲ႔ ပ်မ္းမွ်ေရာဂါပိုး ေတြ႕ရွိမႈႏႈန္းေတြဟာ ၅ ရာခိုင္ႏႈန္းေအာက္ ေလ်ာ့နည္းက်ဆင္းလာတယ္လို႔ ဆိုပါတယ္။

ဒီစစ္ေဆးမႈဟာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါဝင္ေနၾကတဲ့ ေဆး႐ုံေတြ၊ ဓာတ ခြဲစမ္းသပ္ခန္းေတြ မပါဝင္ဘဲ စစ္အုပ္စုလက္ေအာက္ခံ တပ္မေတာ္ေဆး႐ုံေတြ အမ်ားစုမွာ စမ္းသပ္စစ္ေဆးခဲ့တာမို႔ ေရာဂါကူးစက္မႈတိက်တဲ့ ပမာဏအတိုင္းအဆကို မသိႏိုင္ေသးပါဘူး။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္စစ္ေကာင္စီက မတရားအာဏာသိမ္းယူထားခဲ့တာ ၉ လခြဲ ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ကာ ဒီကာလေတြအတြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔အတူ စီးပြား ေရး၊ လူမႈေရး၊ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈေတြမွာ အဘက္ဘက္က က်ဆင္းေနတာပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံတဝန္း ကာကြယ္ေဆးထိုးႏွံၿပီးသူ အေရအတြက္ဟာ ၁၅ သန္း ေက်ာ္ ရွိခဲ့ၿပီလို႔ စစ္ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေပမဲ့ ျပည္ သူေတြၾကား မွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီကို မယုံၾကည္ၾကတာမို႔ ကာကြယ္ေဆး သြားေရာက္ ထိုးႏွံသူ အေရအတြက္ဟာ နည္းပါးတယ္လို႔ သိရပါတယ္”

DVB