မေတ္တာတန်ခိုး,သီလအကျိုးများကြောင့်ဗုံး,သေနတ် ပြီးသော မိုးညှင်းဆရာတော်ဘုရားကြီး၏အံ့ဖွယ် ဖြစ်ရပ်

မေတ္တာတန်ခိုး,သီလအကျိုးများကြောင့်ဗုံး,သေနတ် ပြီးသော မိုးညှင်းဆရာတော်ဘုရားကြီး၏အံ့ဖွယ် ဖြစ်ရပ်

မြန်မာ့သာသနာဝင်သမိုင်းစဉ်တစ်လျှောက်တွင် မေတ္တာတန်ခိုး,သီလအကျိုးများကြောင့် ဗုံး,သေနပ်စသော လက်နက်များပြီးစီးဘေးမခသော ဆရာတော်များ များစွာပေါ်ထွက်ခဲ့သည်။ ထိုအထဲမှ အချို့ကို စာဖတ်သူများ သဒ္ဓါတိုးပွားကုသိုလ်များစေရန်

အကျဉ်းချုပ်၍ဖော်ပြလိုက်ပါသည်။ မိုးညှင်းဆရာတော်သည် တစ်ခေတ်တစ်ခါက မြန်မာပြည်သာသနာ့လောက၌အလွန်ထင်ရှားသော ဆရာတော်တစ်ပါးဖြစ်သည်။

 

ဆရာတော်အား မြန်မာဗုဒ္ဓဘာသာများသာမက အိန္ဒိယ၊တရုတ်နိုင်ငံများမှ ဘာသာရေးခေါင်းဆောင်များကပါ ကြည်ညိုလေးစားပြီး “၎င်းတို့နိုင်ငံများ၌ ကျရောက်နေသော ဘေးအန္တရာယ်များကင်းဝေ၍ ပြည်သူများချမ်းသာစွာနေရစေရန်အတွက်” ဆရာတော်ကြီးထံ

မေတ္တာခံယူလေ့ရှိကြပါသည်။ ထိုအချိန်က မြန်မာပြည်ကိုအုပ်ချုပ်နေသော ဖက်ဆစ်ဂျပန်စစ်ဗိုလ်များပင် ဆရာတော်ကို ကြည်ညိုလေးစားကြသည်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခါနီး အချိန်တွင် အီတလီနှင့် အဗက်ဆီးနီးယား (ယခု အီသီယိုပီးယား) နှစ်နိုင်ငံသည်

စစ်ပွဲအကြီးအကျယ်ဖြစ်ပွားနေသည်။ ထိုသတင်းကိုကြားရ၍ ဆရာတ်ာသည် ကမ္ဘာ့မြေပုံကိုရှေ့တွင်ဖြန့်ခင်းစေပြီး အီတလီနှင့်အဗက်ဆီးနီးယားနိုင်ငံနေရာကို ထောက်ပြ၍ “ဟောဒီနေရာမှာ နှစ်နိုင်ငံစစ်မက်တွေ အကြီးအကျယ်ဖြစ်ပွားနေတယ်။ စစ်ဒဏ်ကြောင့်

သတ္တဝါတွေသေကြေပျက်ဆီးတာလည်းမနည်းဘူး၊ အတိဒုက္ခရောက်ကြတာလဲအများကြီးပဲ၊ အလွန်သနားစရာကောင်းလှတယ်။

သတ္တဝါတွေ အဲဒီစစ်ဘေးကလွှတ်မြောက်အောင် ဘုန်းကြီးတို့မေတ္တာပို့ကြရမယ်ကွယ့်၊ ဒီစစ်စစ်ဘေးကြီး တစ်နည်းနည်းနဲ့အေးသွား၊ငြိမ်းသွားတယ်ဆိုရင် ကိုယ့်ရဲ့မေတ္တာအောင်ပြီလို့ မှတ်ရမယ်” ဟု တပည့်သံဃာများကို မိန့်တော်မူ၍

သမာဓိထူထောင်ကာဝိပဿနာတရားအားထုတ်တော်မူသည်၊ ပြီးနောက် အီတလီနှင့် အဗက်ဆီးနီးယားနိုင်ငံများကိုအထူးအာရုံးပြု၍ နေ့ရာညပါစစ်အေးစေကြောင်းမေတ္တာပို့သတော်မူသည်။ထူးခြားစွာပင် ဆရာတော်မေတ္တာပို့အပြီး(၅)ရက်မြောက်နေ့တွင်

စစ်ဖြစ်နေသော အီတလီနှင့် အဗက်ဆီးနီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသဘောတူစစ်ပြေငြိမ်းကြောင်းကမ္ဘာသို့ အသိပေးကြေညာခဲ့သည်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသည့်အခါ ဆရာတော်၏ကျောင်းတွင် စစ်ဘေးဒုက္ခသည်ပေါင်း (၂၀၀၀) ကျော်ခိုလှုံနေသည်။

စစ်ဘေးရှောင်ဒုက္ခသည်များကို နေရာပေး၊အစာကျွေး၍ တစ်ချိန်လုံးတရားထိုင်၊မေတ္တာပွား ကုသိုလ်လုပ်ငန်းများဖြင့်သာနေစေသည်။”ဗုံးခိုကျင်းမတူးရ၊တရားကိုသာ ကြပ်ကြပ်နှလုံးသွင်းကြရမယ်၊ ဒါမှသာ ဘုရားတပည့် အရိယာသာဝကဖြစ်မယ်၊

တရားကျင့်တဲ့သူကို တရားကပြန်စောင့်ရှောက်ပါလိမ့်မယ်” ဟုမိန့်ကာ ဗုံးခိုကျင်းတူးခြင်း၊ဗုံးကျဲလေယာဉ်လာလျှင် ဗုံခိုကျင်းအတွင်းဝင်ရောက်ပုံးခိုခြင်းများမလုပ်စေဘဲ တရားအားထုတ်ခြင်း၊မေတ္တာပွားခြင်းကိုသာပြုလုပ်စေသည်။

ကောင်ကင်ထက်ဆီမှ ဗုံကျဲလေယာဉ်များ မိုးညှင်းကျောင်းပေါ်သို့ အကြိမ်ကြိမ်ကျဲချသော်လည်း တစ်ကြိမ်တစ်ခါမှ ပေါက်ကွဲခြင်းမရှိခဲ့။ သမ္ဗုဒ္ဓေစေတီတော်များတည်ရန် စုပုံထားသော သဲပုံအတွင်းကိုသာ

မပေါက်ကွဲဘဲနစ်ဝင်သွားလေ့ရှိသည်။အင်္ဂလိပ်တပ်များမြန်မာပြည်သို့ပြန်လည်ဝင်ရောက်လာချိန် တစ်နေ့၌ ဆရာတော်သည် တရားအမှတ်ဖြင့်စြင်္ကန်လျှောက်နေစဉ် ဗုံးကျဲလေယာဉ်မှကျဲချလိုက်သော ဗုံးဆံတစ်ခုသည် ဆရာတော်ထံတည့်တည့်ထိမှန်၍

ပေါက်ကွဲသွားသည်။ စြင်္ကန်လျှောက်လမ်းတစ်ခုလုံးလည်းရစရာမရှိအောင် ကျေမွပျက်စီးသွားပြီး ဆရာတော်ကိုယ်လည်းလည်း မီးခိုးလုံးများ၊ဖုန်မုန့်များအကြားတွင် ပျောက်ကွယ်သွား၏။ထိုအခါ ပရိသတ်များက “ဒီတစ်ကြိမ်တော့ တို့ဆရာတော်သေခြာပေါက်

ပျံလွန်တော်မူပါပြီ” ဟုထင်မှတ်ကာ ဗုံးမှန်သည့်နေရာမှ ဆရာတော်၏အလောင်းတော်အားရှာဖွာကြရာ ဆရာတော်သည် မည်သည့်ဒဏ်ရာတစ်စုံတစ်ခုမှမရရှိဘဲ ဖုတ်များကိုခါ၍ ထလာသည်ကို အံ့သြကြည်ညိုစွာ ဖူးတွေ့ကြရသည်။

မိုးညှင်းဆရာတော်သည် ထိုကဲသို့လက်နက်များကိုသာပြီးစီးအောင်မြင်သည်မဟုတ်သေး၊တောထဲတွင်တရားအားထုတ်စဉ်ကလည်း ကျား၊ခြင်္သေ့၊မြွေစသော တောရိုင်းတိရိစ္ဆာန်များနှင့် တစ္ဆေ၊သရဲစသော အမနုဿများကိုလည်း သီလ၊မေတ္တာ၊ဝိပဿနာတို့ဖြင့်

ပြီးစီးအောင်မြင်တော်မူကြောင်းကို ကြည်ညိုဖွယ်လေ့လာသိရှိရပါသည်။ “သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝြေကပါစေ)

ဓမ္မဝီရ ဒေါက်တာတေဇနိယ

(ZAWGYI)

ေမတၱာတန္ခိုး,သီလအက်ိဳးမ်ားေၾကာင့္ဗုံး,ေသနတ္ ၿပီးေသာ မိုးညႇင္းဆရာေတာ္ဘုရားႀကီး၏အံ့ဖြယ္ ျဖစ္ရပ္

ျမန္မာ့သာသနာဝင္သမိုင္းစဥ္တစ္ေလွ်ာက္တြင္ ေမတၱာတန္ခိုး,သီလအက်ိဳးမ်ားေၾကာင့္ ဗုံး,ေသနပ္စေသာ လက္နက္မ်ားၿပီးစီးေဘးမခေသာ ဆရာေတာ္မ်ား မ်ားစြာေပၚထြက္ခဲ့သည္။ ထိုအထဲမွ အခ်ိဳ႕ကို စာဖတ္သူမ်ား သဒၶါတိုးပြားကုသိုလ္မ်ားေစရန္ အက်ဥ္းခ်ဳပ္၍ေဖာ္ျပလိုက္ပါသည္။ မိုးညႇင္းဆရာေတာ္သည္ တစ္ေခတ္တစ္ခါက ျမန္မာျပည္သာသနာ့ေလာက၌အလြန္ထင္ရွားေသာ ဆရာေတာ္တစ္ပါးျဖစ္သည္။ဆရာေတာ္အား ျမန္မာဗုဒၶဘာသာမ်ားသာမက အိႏၵိယ၊တ႐ုတ္ႏိုင္ငံမ်ားမွ ဘာသာေရးေခါင္းေဆာင္မ်ားကပါ ၾကည္ညိဳေလးစားၿပီး “၎တို႔ႏိုင္ငံမ်ား၌ က်ေရာက္ေနေသာ ေဘးအႏၲရာယ္မ်ားကင္းေဝ၍ ျပည္သူမ်ားခ်မ္းသာစြာေနရေစရန္အတြက္” ဆရာေတာ္ႀကီးထံ ေမတၱာခံယူေလ့ရွိၾကပါသည္။ ထိုအခ်ိန္က ျမန္မာျပည္ကိုအုပ္ခ်ဳပ္ေနေသာ ဖက္ဆစ္ဂ်ပန္စစ္ဗိုလ္မ်ားပင္ ဆရာေတာ္ကို ၾကည္ညိဳေလးစားၾကသည္။

ဒုတိယကမာၻစစ္ႀကီးျဖစ္ပြားခါနီး အခ်ိန္တြင္ အီတလီႏွင့္ အဗက္ဆီးနီးယား (ယခု အီသီယိုပီးယား) ႏွစ္ႏိုင္ငံသည္ စစ္ပြဲအႀကီးအက်ယ္ျဖစ္ပြားေနသည္။ ထိုသတင္းကိုၾကားရ၍ ဆရာတ္ာသည္ ကမာၻ႔ေျမပုံကိုေရွ႕တြင္ျဖန႔္ခင္းေစၿပီး အီတလီႏွင့္အဗက္ဆီးနီးယားႏိုင္ငံေနရာကို ေထာက္ျပ၍ “ေဟာဒီေနရာမွာ ႏွစ္ႏိုင္ငံစစ္မက္ေတြ အႀကီးအက်ယ္ျဖစ္ပြားေနတယ္။ စစ္ဒဏ္ေၾကာင့္ သတၱဝါေတြေသေၾကပ်က္ဆီးတာလည္းမနည္းဘူး၊ အတိဒုကၡေရာက္ၾကတာလဲအမ်ားႀကီးပဲ၊ အလြန္သနားစရာေကာင္းလွတယ္။ သတၱဝါေတြ အဲဒီစစ္ေဘးကလႊတ္ေျမာက္ေအာင္ ဘုန္းႀကီးတို႔ေမတၱာပို႔ၾကရမယ္ကြယ့္၊ ဒီစစ္စစ္ေဘးႀကီး တစ္နည္းနည္းနဲ႔ေအးသြား၊ၿငိမ္းသြားတယ္ဆိုရင္ ကိုယ့္ရဲ႕ေမတၱာေအာင္ၿပီလို႔ မွတ္ရမယ္” ဟု တပည့္သံဃာမ်ားကို မိန႔္ေတာ္မူ၍ သမာဓိထူေထာင္ကာဝိပႆနာတရားအားထုတ္ေတာ္မူသည္၊ ၿပီးေနာက္ အီတလီႏွင့္ အဗက္ဆီးနီးယားႏိုင္ငံမ်ားကိုအထူးအာ႐ုံးျပဳ၍ ေန႔ရာညပါစစ္ေအးေစေၾကာင္းေမတၱာပို႔သေတာ္မူသည္။

ထူးျခားစြာပင္ ဆရာေတာ္ေမတၱာပို႔အၿပီး(၅)ရက္ေျမာက္ေန႔တြင္ စစ္ျဖစ္ေနေသာ အီတလီႏွင့္ အဗက္ဆီးနီးယားႏိုင္ငံတို႔သည္ ႏွစ္ႏိုင္ငံသေဘာတူစစ္ေျပၿငိမ္းေၾကာင္းကမာၻသို႔ အသိေပးေၾကညာခဲ့သည္။ဒုတိယကမာၻစစ္ႀကီးျဖစ္ပြားသည့္အခါ ဆရာေတာ္၏ေက်ာင္းတြင္ စစ္ေဘးဒုကၡသည္ေပါင္း (၂၀၀၀) ေက်ာ္ခိုလႈံေနသည္။ စစ္ေဘးေရွာင္ဒုကၡသည္မ်ားကို ေနရာေပး၊အစာေကြၽး၍ တစ္ခ်ိန္လုံးတရားထိုင္၊ေမတၱာပြား ကုသိုလ္လုပ္ငန္းမ်ားျဖင့္သာေနေစသည္။”ဗုံးခိုက်င္းမတူးရ၊တရားကိုသာ ၾကပ္ၾကပ္ႏွလုံးသြင္းၾကရမယ္၊ ဒါမွသာ ဘုရားတပည့္ အရိယာသာဝကျဖစ္မယ္၊ တရားက်င့္တဲ့သူကို တရားကျပန္ေစာင့္ေရွာက္ပါလိမ့္မယ္” ဟုမိန႔္ကာ ဗုံးခိုက်င္းတူးျခင္း၊ဗုံးက်ဲေလယာဥ္လာလွ်င္ ဗုံခိုက်င္းအတြင္းဝင္ေရာက္ပုံးခိုျခင္းမ်ားမလုပ္ေစဘဲ တရားအားထုတ္ျခင္း၊ေမတၱာပြားျခင္းကိုသာျပဳလုပ္ေစသည္။

ေကာင္ကင္ထက္ဆီမွ ဗုံက်ဲေလယာဥ္မ်ား မိုးညႇင္းေက်ာင္းေပၚသို႔ အႀကိမ္ႀကိမ္က်ဲခ်ေသာ္လည္း တစ္ႀကိမ္တစ္ခါမွ ေပါက္ကြဲျခင္းမရွိခဲ့။ သမၺဳေဒၶေစတီေတာ္မ်ားတည္ရန္ စုပုံထားေသာ သဲပုံအတြင္းကိုသာ မေပါက္ကြဲဘဲနစ္ဝင္သြားေလ့ရွိသည္။အဂၤလိပ္တပ္မ်ားျမန္မာျပည္သို႔ျပန္လည္ဝင္ေရာက္လာခ်ိန္ တစ္ေန႔၌ ဆရာေတာ္သည္ တရားအမွတ္ျဖင့္ျစကၤန္ေလွ်ာက္ေနစဥ္ ဗုံးက်ဲေလယာဥ္မွက်ဲခ်လိုက္ေသာ ဗုံးဆံတစ္ခုသည္ ဆရာေတာ္ထံတည့္တည့္ထိမွန္၍ ေပါက္ကြဲသြားသည္။ ျစကၤန္ေလွ်ာက္လမ္းတစ္ခုလုံးလည္းရစရာမရွိေအာင္ ေက်မြပ်က္စီးသြားၿပီး ဆရာေတာ္ကိုယ္လည္းလည္း မီးခိုးလုံးမ်ား၊ဖုန္မုန႔္မ်ားအၾကားတြင္ ေပ်ာက္ကြယ္သြား၏။

ထိုအခါ ပရိသတ္မ်ားက “ဒီတစ္ႀကိမ္ေတာ့ တို႔ဆရာေတာ္ေသျခာေပါက္ ပ်ံလြန္ေတာ္မူပါၿပီ” ဟုထင္မွတ္ကာ ဗုံးမွန္သည့္ေနရာမွ ဆရာေတာ္၏အေလာင္းေတာ္အားရွာဖြာၾကရာ ဆရာေတာ္သည္ မည္သည့္ဒဏ္ရာတစ္စုံတစ္ခုမွမရရွိဘဲ ဖုတ္မ်ားကိုခါ၍ ထလာသည္ကို အံ့ၾသၾကည္ညိဳစြာ ဖူးေတြ႕ၾကရသည္။မိုးညႇင္းဆရာေတာ္သည္ ထိုကဲသို႔လက္နက္မ်ားကိုသာၿပီးစီးေအာင္ျမင္သည္မဟုတ္ေသး၊ေတာထဲတြင္တရားအားထုတ္စဥ္ကလည္း က်ား၊ျခေသၤ့၊ေႁမြစေသာ ေတာ႐ိုင္းတိရိစာၦန္မ်ားႏွင့္ တေစၦ၊သရဲစေသာ အမႏုႆမ်ားကိုလည္း သီလ၊ေမတၱာ၊ဝိပႆနာတို႔ျဖင့္ ၿပီးစီးေအာင္ျမင္ေတာ္မူေၾကာင္းကို ၾကည္ညိဳဖြယ္ေလ့လာသိရွိရပါသည္။ “သုခိတာ ေဟာထ၊ ဒုကၡာ မုစၥထ”(ခ်မ္းသာဟူသမွ် ျပည္စုံၾကပါေစ၊ ဆင္းရဲမွန္သမွ် ကင္းေျဝကပါေစ)

ဓမၼဝီရ ေဒါက္တာေတဇနိယ