သဲအင်းဂူဆရာတော်ဘုရားကြီး၏ ခန္ဓာဝန်ချခါနီး ဖြစ်ရပ်ဆန်းတစ်ခု

သဲအင်းဂူဆရာတော်ဘုရားကြီး၏ ခန္ဓာဝန်ချခါနီး ဖြစ်ရပ်ဆန်းတစ်ခု

၁၉၇၃-ခုနှစ်၊ ဧပြီလ သြင်္ကန်အတွင်း ဆရာတော်ဘုရားကြီးသည် သဲအင်းဂူဓမ္မာရုံကြီးတွင် တရားဟောနေစဉ် သူရူး တယောက်ဝင်ရောက်လာပြီး “ထီးမွေ နန်းမွေကို ပေးသနားတော်မူပါ၊ အလှူခံပါသည်”ဟုဆိုလာပါသည်။ဆရာတော်ဘုရားကြီးက တရားနာပရိတ်သတ် ယောဂီ (၃၀၀၀) ကျော်တို့အား “ပေးလိုက်ရမလား” ဟု သုံးကြိမ်တိုင်တိုင် မေးသော်လည်း မည်သူမျှု တ်တုတ်မလှုပ်ကြသဖြင့် “ငါ့မှာပေးစရာ တရားထီးနန်းမွေသာရှိသည်၊ ယူလော” ဟု သူရူးအား မိန့်တော်မူလိုက်သည်တွင် သူရူးက “အောင်ပြီ” ဟု အော်ကာ ထွက်သွားပြီး ပျောက်ကွယ်သွားပါသည်။

ထိုသူရူးသည် ဆရာတော်အား အာယုသင်္ခါရ လွှတ်ရန် လာရောက်တောင်းဆိုသော နတ်ဘီလူးတဦး ဖြစ် ကြောင်း အနာဂါမ်ဟု သမုတ်ခြင်းခံရသည့် ဒေါ်စန္ဒသိင်္ဂီ မထေရ်မကြီးက အမိန့်ရှိပါသည်။ ဆရာတော်ကြီး၏ ရှေးဘ၀ ဝဋ်ကျွေးကြောင့် မည်သူမျှ တားမြစ်ခြင်းငှါ မစွမ်းသာပါ။နောက်သုံးလအကြာ ၁၉၇၃ခုနှစ်၊ ဇူလိုင်လ (၈) ရက်၊ တနင်္ဂ နွေနေ့တွင် ဆရာတော်ကြီ းခန္ဓာဝန် အပြီး အပိုင် ချတော်မူရရှာ သည်။ ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်ကို သုံးနှစ်နီးပါး အပူဇော်ခံထားရှိခဲ့ပါသည်။

၁၉၇၆ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် အန္တိမဈာပနကျင်းပပြီး မီးပူဇော်သြင်္ဂိုဟ် ခဲ့ပါသည်။ ပါရမီရှင် ဒကာများ ကိုးကွယ် ပူဇော်နိုင်ရန် အလို့ငှါ အံတော်တဆူ၊ မျက်ရှင်တော်နှစ်ဆူ၊ ဓာတ်တော်များနှင့် ဆံတော်များထားရစ်တော်မူခဲ့ပါသည်။ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်သည် သုံးနှစ် အတွင်း ပုပ်သိုးခြင်းမရှိဘဲ စံနေတော်မူခဲ့ပြီး ကိုယ်တော်တခြမ်းမဲ တခြမ်းရွှေရောင်ဖြစ်လာခြင်း၊ မျက်လုံးတော်ပွင့်လာခြင်း၊ ရောင်တော်ကွန့်မြူးလာခြင်း အစရှိသော ဖြစ်ရပ်ဆန်းမျိုးစုံကို ပြတော်မူခဲ့ပါသည်။

ဆရာတော်ဘုရားကြီး၏မျက်လုံးတော်နှစ်ဖက် အတွင် းမှ ပတ္တမြားအသွင် ဖြစ်နေသော မျက်ရှင်တော်နှစ်ဆူကိုလည်း ရုပ်ကလာပ်တော်အား စောင့်ကြပ်နေသည့် ဦးပဉ္စင်းများမှတဆင့် ဒကာနှစ်ဦးကရရှိကာ တိတ်တဆိတ် ကိုးကွယ်ပူဇော်ခဲ့ပါသည်။ယခုအခါ ထိုမျက်ရှင်တော် နှစ်ဆူနှင့် အံတော် တဆူကို သဲအင်းဂူ သာသနာပြုအဖွဲ့ချုပ်မှ ထိန်းသိမ်းထားပြီး နှစ်စဉ် သြင်္ကန်ရက် အတွင်း၌သာ အပူဇော်ခံရန် ထုတ်ပေးလေ့ရှိပါသည်။ မီးပူဇော်ရာမှ ကြွင်းကျန်ရစ်သော ဓာတ်တော် များနှင့် ဆံတော်များကိုလည်း ပါရမီရှင် ဒကာများ အသီးသီးရရှိကာ ပူဇော်ထားကြပါ သည်။

Credit-Original Post

(ZAWGYI)

သဲအင္းဂူဆရာေတာ္ဘုရားႀကီး၏ ခႏၶာဝန္ခ်ခါနီး ျဖစ္ရပ္ဆန္းတစ္ခု

၁၉၇၃-ခုႏွစ္၊ ဧၿပီလ ၾသကၤန္အတြင္း ဆရာေတာ္ဘုရားႀကီးသည္ သဲအင္းဂူဓမၼာ႐ုံႀကီးတြင္ တရားေဟာေနစဥ္ သူ႐ူး တေယာက္ဝင္ေရာက္လာၿပီး “ထီးေမြ နန္းေမြကို ေပးသနားေတာ္မူပါ၊ အလႉခံပါသည္”ဟုဆိုလာပါသည္။ဆရာေတာ္ဘုရားႀကီးက တရားနာပရိတ္သတ္ ေယာဂီ (၃၀၀၀) ေက်ာ္တို႔အား “ေပးလိုက္ရမလား” ဟု သုံးႀကိမ္တိုင္တိုင္ ေမးေသာ္လည္း မည္သူမွ်ဳ တ္တုတ္မလႈပ္ၾကသျဖင့္ “ငါ့မွာေပးစရာ တရားထီးနန္းေမြသာရွိသည္၊ ယူေလာ” ဟု သူ႐ူးအား မိန႔္ေတာ္မူလိုက္သည္တြင္ သူ႐ူးက “ေအာင္ၿပီ” ဟု ေအာ္ကာ ထြက္သြားၿပီး ေပ်ာက္ကြယ္သြားပါသည္။

ထိုသူ႐ူးသည္ ဆရာေတာ္အား အာယုသခၤါရ လႊတ္ရန္ လာေရာက္ေတာင္းဆိုေသာ နတ္ဘီလူးတဦး ျဖစ္ ေၾကာင္း အနာဂါမ္ဟု သမုတ္ျခင္းခံရသည့္ ေဒၚစႏၵသိဂႌ မေထရ္မႀကီးက အမိန႔္ရွိပါသည္။ ဆရာေတာ္ႀကီး၏ ေရွးဘ၀ ဝဋ္ေကြၽးေၾကာင့္ မည္သူမွ် တားျမစ္ျခင္းငွါ မစြမ္းသာပါ။ေနာက္သုံးလအၾကာ ၁၉၇၃ခုႏွစ္၊ ဇူလိုင္လ (၈) ရက္၊ တနဂၤ ေႏြေန႔တြင္ ဆရာေတာ္ႀကီ းခႏၶာဝန္ အၿပီး အပိုင္ ခ်ေတာ္မူရရွာ သည္။ ဆရာေတာ္ႀကီး၏ ဥတုဇ ႐ုပ္ကလာပ္ေတာ္ကို သုံးႏွစ္နီးပါး အပူေဇာ္ခံထားရွိခဲ့ပါသည္။

၁၉၇၆ခုႏွစ္၊ ဧၿပီလ (၄) ရက္ေန႔တြင္ အႏၲိမဈာပနက်င္းပၿပီး မီးပူေဇာ္ၾသဂႋုဟ္ ခဲ့ပါသည္။ ပါရမီရွင္ ဒကာမ်ား ကိုးကြယ္ ပူေဇာ္ႏိုင္ရန္ အလို႔ငွါ အံေတာ္တဆူ၊ မ်က္ရွင္ေတာ္ႏွစ္ဆူ၊ ဓာတ္ေတာ္မ်ားႏွင့္ ဆံေတာ္မ်ားထားရစ္ေတာ္မူခဲ့ပါသည္။ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္သည္ သုံးႏွစ္ အတြင္း ပုပ္သိုးျခင္းမရွိဘဲ စံေနေတာ္မူခဲ့ၿပီး ကိုယ္ေတာ္တျခမ္းမဲ တျခမ္းေ႐ႊေရာင္ျဖစ္လာျခင္း၊ မ်က္လုံးေတာ္ပြင့္လာျခင္း၊ ေရာင္ေတာ္ကြန႔္ျမဴးလာျခင္း အစရွိေသာ ျဖစ္ရပ္ဆန္းမ်ိဳးစုံကို ျပေတာ္မူခဲ့ပါသည္။

ဆရာေတာ္ဘုရားႀကီး၏မ်က္လုံးေတာ္ႏွစ္ဖက္ အတြင္ းမွ ပတၱျမားအသြင္ ျဖစ္ေနေသာ မ်က္ရွင္ေတာ္ႏွစ္ဆူကိုလည္း ႐ုပ္ကလာပ္ေတာ္အား ေစာင့္ၾကပ္ေနသည့္ ဦးပၪၥင္းမ်ားမွတဆင့္ ဒကာႏွစ္ဦးကရရွိကာ တိတ္တဆိတ္ ကိုးကြယ္ပူေဇာ္ခဲ့ပါသည္။ယခုအခါ ထိုမ်က္ရွင္ေတာ္ ႏွစ္ဆူႏွင့္ အံေတာ္ တဆူကို သဲအင္းဂူ သာသနာျပဳအဖြဲ႕ခ်ဳပ္မွ ထိန္းသိမ္းထားၿပီး ႏွစ္စဥ္ ၾသကၤန္ရက္ အတြင္း၌သာ အပူေဇာ္ခံရန္ ထုတ္ေပးေလ့ရွိပါသည္။ မီးပူေဇာ္ရာမွ ႂကြင္းက်န္ရစ္ေသာ ဓာတ္ေတာ္ မ်ားႏွင့္ ဆံေတာ္မ်ားကိုလည္း ပါရမီရွင္ ဒကာမ်ား အသီးသီးရရွိကာ ပူေဇာ္ထားၾကပါ သည္။

Credit-Original Post