ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ

ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ

ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ(ဘဒ္ဒန္တ ဝါယမသာရ ဖြေဆိုသည်)(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က

ဦးခိုက်လေ။အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။ဆိုတဲ့ ကဗျာကို ငယ်ငယ်တုန်းက ရခဲ့ပါအရိပ်တော်ကိုဲ့တဲ့အတိုင်းလဲ လိုက်နာပါတယ်။

ဒါပေမဲ့ တချို့လူတွေကတော့ ရဟန်းသံဃာတော်များရဲ့ အရိပ်ကို ဖြတ်နင်းသွားကြပါတယ်။ ထိုသူတို့အား အပြစ်ရှိ-မရှိ အရိပ်တော်ကို နင်းကောင်း-မနင်းကောင်း ဖြေဆိုတော်မူပါဘုရား။(ဧရာဝတီတိုင်းသား)

(ဖြေ) အရိပ်နှင့်ပတ်သက်၍ ရုက္ခစ္ဆာယာပန္တပသောတံ နိပ္ပတ္တံ န ကပ္ပတိ-ဝိနယသင်္ဂဟပါဌ် ပါဠိအရ ယင်းသည် ဆာယာကို ဝိဂြိုဟ်ပြုရန်မှာ ဆာဒတီတိ ဆာယာ၊ သဒ္ဒါကျမ်းအလို ဝိဂြိုဟ်ဝစနတ် ဖုံးလွှမ်းတတ်သော သဒ္ဒတ္ထမြန်မာ ဝေါဟာရကြောင့်

ဆာယာ-ဟု တွင်ချေသည်။ဤသို့ဆိုသော် အရိပ်က အစဉ်သဖြင့် အထက်ကနေ၍ ဖုံးလွှမ်းသည်ဟု ဆိုရမည်။

ဤအကြောင်းကို သုတနုဇာတ်တော်နှင့် စဉ်းစားသင့်၏။ ငါးရာ့ငါးဆယ် သတ္တနိပါတ် သုတနုဇာတ်၌ ဘုရားလောင်း သုတနုလုလင်သည် မင်းကြီးပေးလိုက်သော သန်လျက်၊ ထီး၊ ခြေနင်းတို့ကို ယူ၍

ပညောင်ပင်စောင့် ဘီလူးထံရောက်လျှင် ဘီလူးက ငါ၏ပိုင်မြေကို သင်နင်း၏။ ဒါကြောင့် သင်သည် ငါ၏အစာမှန်သည်ဟု ဆိုသောအခါ သင့်မြေကို ငါမနင်း၊ ငါ့မြေကိုသာ ငါ နင်းသည်။ သင့်ပညောင်ပင်ရိပ်ကို ငါ မခို၊ ငါ့ထီးရိပ်ကိုသာ ငါ ခိုသည်ဟုဆို၏။

ထိုအခါ သုတနုလုလင်ကို ဆင်ခြေမပြိုင် မတတ်နိုင်သောကြောင့် ဘီလူးက အရှုံးပေးရ၍ ဝန်ချရကြောင်း ဆိုပေသည်။

အကယ်၍ လူ့အောက်က အရိပ်ရှိခဲ့အံ့၊ မြေကိုပင် မနင်းသော်လည်း အရိပ်အတွင်းမှာ လူနေချေလျှင် လုလင်မှာ ဆင်ခြေမရ၍ ဘီလူးက ရှုံး၍ လုလင်က နိုင်သည်ကို ထောက်သော် အရိပ်က အထက်ကနေကြောင်း အရိပ်ကို နင်း၍ မရကြောင်း သိသာသည်။

ထို့ကြောင့် အရိပ်ကို ကွင်းရှောင်၍ သွားခြင်းသည် အထူးရိုသေရာရောက်၍ အရိပ်ကို မလွှဲသာ၍ နင်းမိလျှင် အရိပ်ကို နင်းခြင်း မဟုတ်၊ အရိပ်ခိုခြင်းသာဟု နှလုံးသွင်းလျက် ငြိမ်သက်စွာ ရပ်တံ့ပြီး လက်အုပ်ချီလျက် နေရန်သင့်ပေသည်။

Credit: dhammasarpay

(ZAWGYI)

ရဟန္းသံဃာ သာမေဏမ်ား၏အရိပ္နင္းသူမ်ား အျပစ္ရွိ-မရွိ

ရဟန္းသံဃာ သာမေဏမ်ား၏အရိပ္နင္းသူမ်ား အျပစ္ရွိ-မရွိ(ဘဒၵႏၲ ဝါယမသာရ ေျဖဆိုသည္)(ေမး) ( အရိပ္ကို နင္းျခင္းႏွင့္ ေရွာင္ကြင္းျခင္း)အရွင္ဘုရား၊ ရဟန္းသံဃာ သာမေဏမ်ားတို႔ ကဲ့ရဲ႕စကား မဆိုေပ။ရဟန္းသံဃာ သာမေဏမ်ားတို႔ လမ္းတြင္ေတြ႕က ဦးခိုက္ေလ။အရိပ္ကိုပင္ ျဖတ္ကာမနင္းနဲ႔ ေရွာင္ကာကြင္းလို႔ သြားေတာ့ေလ။အဲဒါမွ ဗုဒၶဘာသာ ပီသပါတယ္ေလ။ဆိုတဲ့ ကဗ်ာကို ငယ္ငယ္တုန္းက ရခဲ့ပါအရိပ္ေတာ္ကိုဲ႔တဲ့အတိုင္းလဲ လိုက္နာပါတယ္။

ဒါေပမဲ့ တခ်ိဳ႕လူေတြကေတာ့ ရဟန္းသံဃာေတာ္မ်ားရဲ႕ အရိပ္ကို ျဖတ္နင္းသြားၾကပါတယ္။ ထိုသူတို႔အား အျပစ္ရွိ-မရွိ အရိပ္ေတာ္ကို နင္းေကာင္း-မနင္းေကာင္း ေျဖဆိုေတာ္မူပါဘုရား။(ဧရာဝတီတိုင္းသား)

(ေျဖ) အရိပ္ႏွင့္ပတ္သက္၍ ႐ုကၡစာၦယာပႏၲပေသာတံ နိပၸတၱံ န ကပၸတိ-ဝိနယသဂၤဟပါဌ္ ပါဠိအရ ယင္းသည္ ဆာယာကို ဝိၿဂိဳဟ္ျပဳရန္မွာ ဆာဒတီတိ ဆာယာ၊ သဒၵါက်မ္းအလို ဝိၿဂိဳဟ္ဝစနတ္ ဖုံးလႊမ္းတတ္ေသာ သဒၵတၳျမန္မာ ေဝါဟာရေၾကာင့္ ဆာယာ-ဟု တြင္ေခ်သည္။ဤသို႔ဆိုေသာ္ အရိပ္က အစဥ္သျဖင့္ အထက္ကေန၍ ဖုံးလႊမ္းသည္ဟု ဆိုရမည္။ ဤအေၾကာင္းကို သုတႏုဇာတ္ေတာ္ႏွင့္ စဥ္းစားသင့္၏။ ငါးရာ့ငါးဆယ္ သတၱနိပါတ္ သုတႏုဇာတ္၌ ဘုရားေလာင္း သုတႏုလုလင္သည္ မင္းႀကီးေပးလိုက္ေသာ သန္လ်က္၊ ထီး၊ ေျခနင္းတို႔ကို ယူ၍

ပေညာင္ပင္ေစာင့္ ဘီလူးထံေရာက္လွ်င္ ဘီလူးက ငါ၏ပိုင္ေျမကို သင္နင္း၏။ ဒါေၾကာင့္ သင္သည္ ငါ၏အစာမွန္သည္ဟု ဆိုေသာအခါ သင့္ေျမကို ငါမနင္း၊ ငါ့ေျမကိုသာ ငါ နင္းသည္။ သင့္ပေညာင္ပင္ရိပ္ကို ငါ မခို၊ ငါ့ထီးရိပ္ကိုသာ ငါ ခိုသည္ဟုဆို၏။ ထိုအခါ သုတႏုလုလင္ကို ဆင္ေျခမၿပိဳင္ မတတ္ႏိုင္ေသာေၾကာင့္ ဘီလူးက အရႈံးေပးရ၍ ဝန္ခ်ရေၾကာင္း ဆိုေပသည္။

အကယ္၍ လူ႔ေအာက္က အရိပ္ရွိခဲ့အံ့၊ ေျမကိုပင္ မနင္းေသာ္လည္း အရိပ္အတြင္းမွာ လူေနေခ်လွ်င္ လုလင္မွာ ဆင္ေျခမရ၍ ဘီလူးက ရႈံး၍ လုလင္က ႏိုင္သည္ကို ေထာက္ေသာ္ အရိပ္က အထက္ကေနေၾကာင္း အရိပ္ကို နင္း၍ မရေၾကာင္း သိသာသည္။ ထို႔ေၾကာင့္ အရိပ္ကို ကြင္းေရွာင္၍ သြားျခင္းသည္ အထူး႐ိုေသရာေရာက္၍ အရိပ္ကို မလႊဲသာ၍ နင္းမိလွ်င္ အရိပ္ကို နင္းျခင္း မဟုတ္၊ အရိပ္ခိုျခင္းသာဟု ႏွလုံးသြင္းလ်က္ ၿငိမ္သက္စြာ ရပ္တံ့ၿပီး လက္အုပ္ခ်ီလ်က္ ေနရန္သင့္ေပသည္။

Credit: dhammasarpay