ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ

ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ မသေဆုံးနိုင်တဲ့ဒေသ (သို့) ဒဏ္ဍာရီထဲက ရှန်ဂရီလာ

ရှန်ဂရီလာ (သို့) ရှန်ဘဲလား ဒေသဟာ စိတ်ကူးနယ်မြေ တစ်ခုဖြစ်ပြီး ဒီနာမည်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့ စာရေးဆရာဂျိန်းဟီ လ်တန် (James Hilton) စာအုပ်မှာ စတင်ခေါ်ဆို ခဲ့ခြင်းဖြစ်ပါတယ် ။

စာရေးသူဟာ ဒီနေရာဒေသကို အမှန်တကယ် ရောက်ရှိခဲ့ပြီး ရှန်ဂရီလာဆိုတဲ့ ဒီနာမည်ကိုပေးဖို့ စိတ်ကူးခဲ့ကြောင်း ပြောထားပါတယ် ။ ထိုစာအုပ်ကို ဆရာမောင်ထွန်းသူက ရှန်ဂရီလာအမည်နဲ့ပဲ ဘာသာပြန်ထားတာ ရှိပါတယ် ။ရှန်ဂရီလာလို့ဆိုလိုက်တာနဲ့

မြန်မာပြည်မြောက်ပိုင်းက ထူးဆန်းမှု တွေနဲ့ ပြည်နှက်နေတဲ့ မသေဆုံးနိုင်သော ဒဏ္ဍာရီနေရာ တစ်ခုဆိုတာကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးနားဝ ရှိကြမှာပါ ။ မြန်မာ စာရေးဆရာတွေရဲ့ စာအုပ်တွေထဲမှာလည်း မကြာခဏ ထည့်ရေးလေ့ ရှိပါတယ် ။

ရှန်ဂရီလာနဲ့ပါတ်သက်လို့ သံတူကြောင်းပွဲ အကြောင်းအရာများစွာရှိပေမယ့် တူညီတဲ့အချက်တွေကတော့ ဟိမဝန္တာ တောင်တန်းတစ် နေရာတွင် ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ် ဒေသဖြစ်ခြင်း ၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိခြင်း စသည်တို့ ဖြစ်ပါတယ်

တကယ်တော့ ရှန်ဂရီလာ (ShangriLa) သည် တိဗက်စကား လုံး Shang (တိဗက်ဒေသတစ်ခု) Gri ( တောင်) La (pass) တို့ ပေါင်းလိုက်သောအခါ Shang Mountain Pass ဟု အင်္ဂလိပ်ဘာသာဖြင့် အဓိပါ္ပယ် ဖွင့်နိုင်ပါတယ်။

ရှန်ဂရီလာရဲ့ ပုံပြင်ဟာ တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်းမြို့တော် ရှန်ဘဲလာမှ ဆင်းသက်လာတဲ့ အယူအဆလည်းဖြစ်ပါတယ်။ဒဏ္ဍရီ ဇာတ်လမ်းတွေထဲမှာတော့ ရှန်ဂရီလာဆိုတာ မသေဆုံးနိုင်တဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်မရှိတဲ့ ထူးဆန်းတဲ့ လူမျိုးများနေထိုင်ရာ

ဒေသဖြစ်ပါတယ်။ ဒီလျှို့ဝှက်နယ်မြေကို အမှတ်မထင်ရောက်ဖူးသူအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြင်ပြန်ရောက်ပြီး ဒီနေရာကို ပြန်လည်ရှာဖွေရာမှာတော့ ဘယ်လိုမှ ရှာဖွေမတွေ့နိုင်တော့ပဲ ဒီနေရာဟာ ပျောက်ခြင်းမလှ ပျောက်သွားတယ်လို့ သိရပါတယ်။

ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့အတိတ် နဲ့ အနာဂတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေ တရားကျင့်ကြံ ကြပါတယ် ။ ဒီဒေသကို ကမ္ဘာ့အစိမ်းရောင် နယ်မြေအဖြစ်သတ်မှတ်ထားပြီး တရားဓမ္မတွေ ထွန်းကားတဲ့

နယ်မြေလည်းဖြစ်ပါတယ်။ယန်းဇီးမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာဒေသသည် တကယ့်ကို ဒဏ္ဍရီဆန်လောက်အောင် လှပလွန်းတဲ့ ဒေသဖြစ်ပြီး တရုတ်ပြည် ယူနန်စီရင်စုရဲ့ တောင်ဖက် စူးစူးတွက်တည်ရှိသော အံ့သြဖွယ်ရာ နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။

အိန္ဒယ မြောက်ပိုင်းနှင့် တိဗက်ဒေသကြားရှိ ဗုဒ္ဓဘာသာ ထွန်းကားသော ဟိမဝန္တာတောင်တန်းဒေသများသည် ကမ္ဘာလှည့်ခရီးသည်များအား အလွန်ဆွဲဆောင်နိုင်သော ဒေ သလည်း ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ Zhongdia ဒေသအား ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ရန် ရှန်ဂရီလာဟု အမည်ပေးခဲ့ပါတယ်။ တိဗက် ဒေသရှိ ဒဏ္ဍာရီ ဆန်သော ခွန်းလွန်တောင် အချို့ဒေသများဟာလည်း ရှန်ဂရီလာ တည်ရှိတဲ့

ဒေသဟုဆိုကြပါတယ်။ရှန်ဂရီလာ တည်ရှိသည်ဟု နာမည်ကြီးထင်ရှားသည့် ဒေသတစ်ခုမှာ ပါကစ္စတန်နိုင်ငံမြောက်ပိုင်းရှိ Hunza တောင်ကြားဒေသဖြစ်တယ်ဟု ဆိုပြန်ပါတယ်။

တိဗက်နယ်စပ်နှင့် နီးသော ထိုနေရာဒေသအား The Lost Horizon မထုတ်ဝေမီ နှစ်အနည်းငယ်ပ Hilton ဟာ သွား ရောက် လည်ပတ်ခဲ့ပါတယ် ။

ဟိမဝန္တာ အနောက်ပိုင်းရှိတောင်များ ဝန်းရံထားတဲ့ စိမ်းစို လန်းဆန်းသော ထိုနယ်မြေဒေသဟာ ဝထ္ထုပါ ရှန်ဂရီလာဒေသနှင့် လည်း ပထဝီ အနေအထားအရ နီးနီး စပ်စပ်တူညီမှု့ ရှိပါတယ်။ထိုဒေသမှ ရှန်ဂရီလာ အပန်းဖြေ စခန်းသည်လည်း ကမ္ဘာလှည့်

ခ ရီးသည်များအား ဆွဲဆောင်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ရှန်ဂရီလာ၏ အထူးခြားဆုံး အစားအသောက်မှာ ဆတ်သားဟင်းဖြစ်ပါတယ်။အ လွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်နေရာတွင်မှ မရနိုင်ဟုလည်း သိရပါတယ်။

Source -Thutazone