အင်တာနက်ပေါ်က သတင်းအမှားတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းပြောပြတဲ့ အိန္ဒြာကျော်ဇင်ရဲ့သတင်းအမှန်

အင်တာနက်ပေါ်က သတင်းအမှားတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းပြောပြတဲ့ အိန္ဒြာကျော်ဇင်ရဲ့သတင်းအမှန်

ဒါရိုက်တာမောင်မျိုးမင်းဆိုသူကတော့ မြန်မာဇာတ်လမ်းတွေကိုဦးဆောင်ရိုက်ကူးနေကြတဲ့မြန်မာပြည်မှာထိပ်တန်းအောင်မြင်နေတဲ့ ဒါရိုက်တာတစ်ယောက်ပဲဖြစ်ပါတယ် မောင်မျိုးမင်းကတော့တက်သစ်စ မင်းသားမင်းသမီးတွေကိုလည်း မြေတောင်မြှောက်ပေးပြီး

လူငယ်တွေကိုလည်း လက်တွဲခေါ်ယူနေသူတစ်ဦးဖြစ်ပါတယ်။ မောင်မျိုးမင်းကတော့ ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ဆရာတစ်ဦးလည်းဖြစ်သလိုမောင်နှမသားချင်းလိုဆက်သွယ်ကြတဲ့အနုပညာမောင်နှမတွေလို့ ပြောရင်လည်း မမှားပါဘူးနော်. လက်ရှိမှာတော့ အူဝဲတို့ဇနီးမောင်နှံ

က အင်းစိန်ထောင်ထဲမှာဖမ်းဆီးခံရဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိမှာဖြစ်နေတဲ့အခြေအနေတွေကြောင့် အနုပညာရှင်တော်တော်များများလည်း‌ ထောင်ထဲမှာဖမ်းဆီးခံရထားတာဖြစ်ပါတယ်။ လွှတ်ငြိမ်းချမ်းသာနဲ့လွှတ်လာရမလားလို့မျှော်လင့်နေကြပေမဲ့အူဝဲတို့လင်မယားကတော့

မလွှတ်လာသေးတာကြောင့် ပြည်သူပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အူဝဲနဲ့ပက်သက်ပြီး သတင်းမှားတစ်ခုကတော့ပျံနှံ့နေတာဖြစ်ပါတယ်။ ထောင်ထဲမှာသေဆုံးသွားပြီဆိုတဲ့သတင်းကြောင့် ပြည်သူပရိသတ်တွေက စိတ်ပူနေကြတာ

ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မောင်မျိုးမင်းက “အူဝဲ ဘာမှမဖြစ်ပါဘူး။ မဟုတ်တာတွေမပြောပါနဲ့ “သူ့ရဲ့ လူမူကွန်ယက်မှာရေးသားထားပါတယ်။ အိန္ဒြာကျော်ဇင်ကျန်းမာကောင်းမွန်ကြောင်းလည်းကြားသိရပါတယ်။

ဆိုပြီးရေးသားလာခဲ့တာ ဖြစ်ပါတယ်။ မောင်မျိုးမင်းရေးသားထားတဲ့ ပို့စ်အောက်မှာတော့ ဝမ်းသာပါတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ပြန်လည်ရေးသားကြတာဖြစ်ပါတယ်။ အူဝဲတို့ကိုချစ်ကြတဲ့ ပရိသတ်ကြီးလည်း အူဝဲနဲ့အတူ

ဖမ်းဆီးခံထားရတဲ့ အနုပညာမောင်နှမတွေကျန်းမာစေဖို့ ဆုတောင်းစကားလေးတစ်ခုခုလောက်ရေးပေးခဲ့ကြပါအုံးနော်..

Crd-Maung Myo Min