ဇေယျာသော်တစ်ယောက်အဖမ်းခံလိုက်ရတာနဲ့ အားမလျော့သွားဘူး၊ ကြောက်မသွားဘူးဆိုတဲ့ မေဦး

ဇေယျာသော်တစ်ယောက်အဖမ်းခံလိုက်ရတာနဲ့ အားမလျော့သွားဘူး၊ ကြောက်မသွားဘူးဆိုတဲ့ မေဦး

မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ LGBT တစ်ယောက်အဖြစ် သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချခဲ့သလို သူရွေးချယ်ထားတဲ့ ဖြစ်တည်မှုအပေါ်ကိုလည်း ကျေနပ်စွာခံယူနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မေဦးဟာ စစ်အာဏာရှင်ကိုတော်လှန်ဖို့ ပြည်သူထဲက ပြည်သူတစ်ယောက်အဖြစ် သူ့ရဲ့အောင်မြင်မှု၊ ကျော်ကြားမှုနဲ့ မိသားစု၊ အလုပ်တွေ အားလုံးကို ပစ်ချပြီး လွတ်မြောက်နယ်မြေစီရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မေဦးက NLD ပါတီဝင်ဖြစ်သလို နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ အတက်ကြွဆုံး အားအထားရဆုံးဖြစ်တဲ့ ဖြိုးဇေယျာသော်အဖမ်းခံရတဲ့အကြောင်းနဲ့ ပက်သတ်ပြီး “”ကံ” တရားဆိုပြီး စမ်းဝါးဝါးနဲ့လျှောက်လှမ်းနေတာမဟုတ်ဘူး။

အမှန်တရားဆိုတဲ့လမ်းကို အသက်ပေးပြီးသွားနေတာလို့ ပြောပြနေတဲ့မျက်လုံးနဲ့မျက်နှာထား ပြည်သူတွေကဒီပုံတွေမြင်လို့ အားမလျော့သွားဘူးကြောက်မသွားဘူးသွေးတွေပဲပိုဆူလာတယ်ဆိုတာသိဖို့ ” ဆိုပြီး ပြောလာပါတယ်။

မေဦးကတော့ ဇေယျာသော်တစ်ယောက်အဖမ်းခံလိုက်ရတာနဲ့ အားမလျော့သွားဘူး၊ ကြောက်မသွားဘူးတဲ့အပြင် သွေးတွေတောင်ပိုပြီးဆူပွက်လာသေးတယ်ဆိုပြီး ရဲရဲဝံ့ဝံ့ပြောလာခဲ့တာပဲဖြစ်ပါတယ်။

မေဦးတစ်ယောက်လည်း အန္တရာယ်ကင်း ဘေးရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Oo ‘s fb

(ZAWGYI)





Source: May Oo ‘s fb