စိတ်ဓာတ်ကောင်းပြီး ယုတ်မာစိတ်လုံးဝမရှိတဲ့ သူငယ်ချင်းဇေယျာသော်အကြောင်းကို ပြောလာတဲ့ R ဇာနည်

စိတ်ဓာတ်ကောင်းပြီး ယုတ်မာစိတ်လုံးဝမရှိတဲ့ သူငယ်ချင်းဇေယျာသော်အကြောင်းကို ပြောလာတဲ့ R ဇာနည်

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ NLD ပါတီဝင် ACID အဆိုတော် ဖြိုးဇေယျာသော် ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းဟာ ပြည်သူလူထုတွေနဲ့တကွ ဇေယျာသော်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေအတွက်ပါ စိတ်ထိခိုက်ကြေကွဲစေခဲ့တာဖြစ်ပါတယ်။

ဇေယျာသော်နဲ့ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်ကတည်းက သီချင်းတွေအတူတူဆိုပြီး ညီအစ်ကိုလိုချစ်ခဲ့ကြတဲ့ အဆိုတော် R ဇာနည်ကလည်း သူငယ်ချင်းဖြစ်သူနဲ့ပက်သတ်ပြီး အခုလိုပြောလာတာကို တွေ့ရပါတယ်။

“လွတ်လပ်ပြီးတရားမျှတမှုအတွက်စတေးပြီးလုပ်တယ်ဆိုတာ ထမင်းစားတဲ့သူတိုင်းသိတယ် ငါ့သူငယ်ချင်းအကြောင်း ငါတို့ပိုသိတာပေါ့ စိတ်ဓါတ်ကောင်းတယ် စောက်ကျင့်ယုတ်စိတ်လုံးဝမရှိတဲ့ကောင်ကွာ ဒီလိုဖြစ်ရတာ တရားလားမတရား ဆိုအဖြေက

အရှင်းကြီး အဲ့တော့ စိတ်ဓါတ်ခိုင်မာဖို့ ပိုအရေးကြီးသွားတာပေါ့ ဇွဲဆိုတဲ့စကား အလကား မဖြစ်စေရ သတ္တိရှိကြ လပြည့်နေ့ရဲ့လမင်းကြီးတောင် မထိန်လင်းခဲ့တာ သက်သေပဲ” ဆိုပြီး R ဇာနည်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

R ဇာနည်ကတော့ သူရဲကောင်းကြီး ဇေယျာသော်အတွက် စိတ်မကောင်းဖြစ်ခြင်းများစွာနဲ့အတူတူ သူငယ်ချင်းရဲ့စိတ်ထားဖြောင့်မတ်မှန်ကန်မှုကိုလည်း ဖွင့်ဟပြောပြလာတာပဲဖြစ်ပါတယ်။

Source: Zarni Myonyunt’s fb

(ZAWGYI)

စိတ္ဓာတ္ေကာင္းၿပီး ယုတ္မာစိတ္လုံးဝမရွိတဲ့ သူငယ္ခ်င္းေဇယ်ာေသာ္အေၾကာင္းကို ေျပာလာတဲ့ R ဇာနည္

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၁၈) ရက္ေန႔မွာ NLD ပါတီဝင္ ACID အဆိုေတာ္ ၿဖိဳးေဇယ်ာေသာ္ ဖမ္းဆီးခံရတယ္ဆိုတဲ့သတင္းဟာ ျပည္သူလူထုေတြနဲ႔တကြ ေဇယ်ာေသာ္ကိုခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြအတြက္ပါ စိတ္ထိခိုက္ေၾကကြဲေစခဲ့တာျဖစ္ပါတယ္။ ေဇယ်ာေသာ္နဲ႔ လြန္ခဲ့တဲ့ ႏွစ္(၂၀)ေက်ာ္ကတည္းက သီခ်င္းေတြအတူတူဆိုၿပီး ညီအစ္ကိုလိုခ်စ္ခဲ့ၾကတဲ့ အဆိုေတာ္ R ဇာနည္ကလည္း သူငယ္ခ်င္းျဖစ္သူနဲ႔ပက္သတ္ၿပီး အခုလိုေျပာလာတာကို ေတြ႕ရပါတယ္။

“လြတ္လပ္ၿပီးတရားမွ်တမႈအတြက္စေတးၿပီးလုပ္တယ္ဆိုတာ ထမင္းစားတဲ့သူတိုင္းသိတယ္ ငါ့သူငယ္ခ်င္းအေၾကာင္း ငါတို႔ပိုသိတာေပါ့ စိတ္ဓါတ္ေကာင္းတယ္ ေစာက္က်င့္ယုတ္စိတ္လုံးဝမရွိတဲ့ေကာင္ကြာ ဒီလိုျဖစ္ရတာ တရားလားမတရား ဆိုအေျဖကအရွင္းႀကီး အဲ့ေတာ့ စိတ္ဓါတ္ခိုင္မာဖို႔ ပိုအေရးႀကီးသြားတာေပါ့ ဇြဲဆိုတဲ့စကား အလကား မျဖစ္ေစရ သတၱိရွိၾက လျပည့္ေန႔ရဲ႕လမင္းႀကီးေတာင္ မထိန္လင္းခဲ့တာ သက္ေသပဲ” ဆိုၿပီး R ဇာနည္က သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။R ဇာနည္ကေတာ့ သူရဲေကာင္းႀကီး ေဇယ်ာေသာ္အတြက္ စိတ္မေကာင္းျဖစ္ျခင္းမ်ားစြာနဲ႔အတူတူ သူငယ္ခ်င္းရဲ႕စိတ္ထားေျဖာင့္မတ္မွန္ကန္မႈကိုလည္း ဖြင့္ဟေျပာျပလာတာပဲျဖစ္ပါတယ္။

Source: Zarni Myonyunt’s fb