အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စစ်ကောင်စီက ဦးဆောင်မည်ဆိုသည့်အတွက် အလှူငွေအချို့ ပြန်တောင်းခံရ

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် ပြည်သူအများထည့်၀င်ထားသည့် အလှူငွေဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ထားခြင်းအပေါ် စစ်ကောင်စီက ၀င်ရောက်ဦးဆောင် တည်ဆောက်မည်ဆိုသည့်အတွက် အလှူငွေအချို့ ပြန်တောင်းခံနေရကြောင်း သိရသည်။

ငပုတောမြို့သူမြို့သားများမှ စိန်ပန်းကျောင်းတိုက်ဆရာတော်ဦးဆောင်မှုနှင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကို စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ချုပ်ကိုင်ခဲ့ပြီး စစ်ကောင်စီအကြိုက် အဖွဲ့ဝင်အများစုနဲ့ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအတွက်ကြောင့် အလှူရှင်တစ်ချို့က အလှူငွေတွေကို ပြန်လည်းတောင်းခံမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“သူကြီးဘုရား ရွာသားကောင်းမှုလုပ်ချင်နေတာ၊ စက်ရုံစတည်ဆောက်ဖို့ကိစ္စက သူတို့လုပ်တာလည်းမဟုတ်ဘူး။ အလှူငွေတွေ ရလာပြီဆိုမှ သူတို့ပဲ လုပ်သလိုလိုနဲ့ ဝင်ပြီးတော့ နေရာယူပစ်တာ။ သူတို့ကပဲ ဦးဆောင်တာမျိုးကျ လက်မခံနိုင်ဘူးလေ၊ အောက်ဆီဂျင်တွေကို အပိုင်စီးတာလဲ သူတို့ပဲ။ အခုမှ သူတို့ကပဲ အကုန်လုပ်ပေးနေသလိုလိုနဲ့ လုပ်တာကို လက်မခံနိုင်ဘူး။အလှူငွေပြန်ပေးဖို့ ပြောထားတယ်”ဟုဒေသခံတစ်ဦးက ဆိုသည်။

တည်ဆောက်ရေးကော်မတီကို ဌာနဆိုင်ရာများ၊ မြို့ပေါ်လုပ်ငန်းရှင်များနှင့် ပရဟိတအဖွဲ့အချို့ကို ထည့်သွင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အောက်ဆီဂျင်စက်ဝယ်ယူ နိုင်ရန်အတွက် အလှူငွေ ပြည့်မှီခြင်း မရှိသေးသည့်အချိန်တွင် အောက်ဆီဂျင်စက် ထားရှိရန် နေရာအဆောက်အဦအတွက် ကြိုတင် ပြင်ဆင်နေကြခြင်းဖြစ်သည်။

Crd-Original Post

(ZAWGYI)

ေအာက္ဆီဂ်င္စက္႐ုံတည္ေဆာက္ရန္ စစ္ေကာင္စီက ဦးေဆာင္မည္ဆိုသည့္အတြက္ အလႉေငြအခ်ိဳ႕ ျပန္ေတာင္းခံရ

ဧရာဝတီတိုင္း ငပုေတာၿမိဳ႕နယ္တြင္ ျပည္သူအမ်ားထည့္၀င္ထားသည့္ အလႉေငြျဖင့္ ေအာက္ဆီဂ်င္စက္႐ုံတည္ေဆာက္ရန္ စီစဥ္ထားျခင္းအေပၚ စစ္ေကာင္စီက ၀င္ေရာက္ဦးေဆာင္ တည္ေဆာက္မည္ဆိုသည့္အတြက္ အလႉေငြအခ်ိဳ႕ ျပန္ေတာင္းခံေနရေၾကာင္း သိရသည္။

ငပုေတာၿမိဳ႕သူၿမိဳ႕သားမ်ားမွ စိန္ပန္းေက်ာင္းတိုက္ဆရာေတာ္ဦးေဆာင္မႈႏွင့္ တည္ေဆာက္မည့္ ေအာက္ဆီဂ်င္စက္႐ုံတည္ေဆာက္ေရးကို စစ္ေကာင္စီရဲ႕ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕က ခ်ဳပ္ကိုင္ခဲ့ၿပီး စစ္ေကာင္စီအႀကိဳက္ အဖြဲ႕ဝင္အမ်ားစုနဲ႔ ျဖစ္ေျမာက္ေရးေကာ္မတီကို ဖြဲ႕စည္းလိုက္ျခင္းအတြက္ေၾကာင့္ အလႉရွင္တစ္ခ်ိဳ႕က အလႉေငြေတြကို ျပန္လည္းေတာင္းခံမႈမ်ား လုပ္ေဆာင္ေနျခင္း ျဖစ္သည္။

“သူႀကီးဘုရား ႐ြာသားေကာင္းမႈလုပ္ခ်င္ေနတာ၊ စက္႐ုံစတည္ေဆာက္ဖို႔ကိစၥက သူတို႔လုပ္တာလည္းမဟုတ္ဘူး။ အလႉေငြေတြ ရလာၿပီဆိုမွ သူတို႔ပဲ လုပ္သလိုလိုနဲ႔ ဝင္ၿပီးေတာ့ ေနရာယူပစ္တာ။ သူတို႔ကပဲ ဦးေဆာင္တာမ်ိဳးက် လက္မခံႏိုင္ဘူးေလ၊ ေအာက္ဆီဂ်င္ေတြကို အပိုင္စီးတာလဲ သူတို႔ပဲ။ အခုမွ သူတို႔ကပဲ အကုန္လုပ္ေပးေနသလိုလိုနဲ႔ လုပ္တာကို လက္မခံႏိုင္ဘူး။အလႉေငြျပန္ေပးဖို႔ ေျပာထားတယ္”ဟုေဒသခံတစ္ဦးက ဆိုသည္။

တည္ေဆာက္ေရးေကာ္မတီကို ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕ေပၚလုပ္ငန္းရွင္မ်ားႏွင့္ ပရဟိတအဖြဲ႕အခ်ိဳ႕ကို ထည့္သြင္း ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္။

ေအာက္ဆီဂ်င္စက္ဝယ္ယူ ႏိုင္ရန္အတြက္ အလႉေငြ ျပည့္မွီျခင္း မရွိေသးသည့္အခ်ိန္တြင္ ေအာက္ဆီဂ်င္စက္ ထားရွိရန္ ေနရာအေဆာက္အဦအတြက္ ႀကိဳတင္ ျပင္ဆင္ေနၾကျခင္းျဖစ္သည္။

Crd-Original Post