ရှေးယခင်ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေခဲ့တဲ့ သိရသ္မိံဂါထာတော်

ရှေးယခင်ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေခဲ့တဲ့ သိရသ္မိံဂါထာတော်

ရှေးယခင်ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေခဲ့တဲ့ သိရသ္မိံဂါထာတော်ကို ပြန်လည်မျှဝေပေးလိုက်ပါရစေ။ ရတနာ့ဂုဏ်ရည်တန်ခိုးနဲ့ ကပ်ကြီးသုံးပါးကိုကျော်နင်းနိုင်ကြပါစေ။ ကံကောင်းသူများ ဤဂါထာကိုတွေ့ကြလိမ့်မည်ဟု ယူဆမိပါသည်။ရှေးယခင်ကကမ္ဘာမှာ ကျောက်ရောဂါ၊ပုလိပ်ရောဂါ၊ ဝမ်းရောဂါအစရှိသဖြင့် ကူးစက်လွယ်တဲ့ရောဂါဆိုးတွေ ဖြစ်ခဲ့ကြဘူးတယ်။ တစ်ရွာလုံးရွာလုံးကျွတ်ကူးကုန်ပြီး လူတွေအကုန်သေကြသတဲ့။

လူတွေသေတော့ မကောင်းဆိုးရွားတွေပျော်တာပေါ့။ သူတို့တွေပျော်မြူးပြီး ရွာတွေထဲဝင်လာကြသတဲ့။ ရွာတွေထဲကလူတချို့လည်း တခြားလွတ်ရာရှောင်တဲ့လူကရှောင် ပြောင်းတဲ့လူကပြောင်းပေါ့။

အဲလိုနဲ့ရွာတွေဟာတစပြင်လို အကုန်လူခြေတိတ်ပြီး ခြောက်ကပ်နေတာပေါ့။ ဒါပေမဲ့ရွာတစ်ရွာမှာတော့ တဲစုတ်စုတ်အိမ်လေးတစ်အိမ်မှာ ရှိတဲ့လူတွေကတော့ ဘာမှမဖြစ်ဘဲအကောင်းတိုင်းကျန်နေသတဲ့။

မကောင်းဆိုးရွားတွေလည်း အဲဒိတဲစုတ်လေးထဲဝင်ဘို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ဘယ်လိုမှဝင်လို့မရကြဘူး။ ကပ်ဘေးကြီးကင်းသွားတော့မှ ရွာကနေရှောင်သွားကြတဲ့ လူတချို့ပြန်လာကြတယ်။

ပြန်ရောက်လာတဲ့လူတွေက ဒီလူဆင်းရဲတွေ အိမ်ကဘာဖြစ်လို့များ ကပ်ရောဂါကကွင်းသွားသလဲလို့ စူးစမ်းကြတာပေါ့။ အဲဒီမှာဘာသွားတွေ့သလဲဆိုတော့ တဲအိမ်လေးရဲ့တံစက်မြိတ်သက်ကယ်တွေကြားထဲမှာ ပေရွက်ခေါက်လေးတစ်ခုကို တွေ့ကြရသတဲ့။

ပေရွက်ပေါ်မှာရေးထိုးထားတဲ့ ဂါထာတော်ရဲ့တန်ခိုးကြောင့် ကပ်ရောဂါလည်းမဝင်နိုင် မကောင်းဆိုးရွားလည်း ရှောင်ပြေးရတဲ့အဖြစ်ပေါ့နော်။ ဒီဂါထာလေးကိုရေးကူးပြီး အိမ်တိုင်းအိမ်တိုင်းမှာကပ်ထားရင် ကပ်ရောဂါဘေးကြီးကနေ မြန်မာတစ်ပြည်လုံးကင်းဝေး လိမ့်မယ်လို့ယုံကြည်ပါတယ်။

ယုံကြည်သူများဒီဂါထာကို ပူဇော်ကြပါ။ အကြိမ်ကြိမ်စမ်းသပ်ဘူးပါတယ်။ ညဘက်တွေခွေးအူနေရင် ဂါထာကိုရွတ်ပြီး အူနေတဲ့အရပ်ဘက်ကို လက်ငြိုးထိုးထားလိုက်ပါတယ်။

ထူးဆန်းတာကခွေးအူသံ တိကနဲရပ်သွားတာပါ။ လုံးဝကိုတိတ်ဆိတ် သွားတာမျိုးခဏခဏကြုံရပါတယ်။ ဒါကြောင့်ယုံယုံကြည်ကြည်နဲ့ ဗုဒ္ဓဘာသာဝင်တွေအိမ်မှာ ကပ်လှူပူဇော်ကြပါလို့ တိုက်တွန်းပါရစ။

သိရသ္မိံဂါထာတော် (၁)သိရသ္မိံမေ ဗုဒ္ဓသေဋ္ဌော၊ သာရိပုတ္တောစဒက္ခိဏေ။ ဝါမအံသေမောဂ္ဂလ္လာနော၊ ပုရတောပိဋကတ္တယံ။ (၂)ပစ္ဆိမေမအာနန္ဒော၊ စတုဒ္ဒိသာခီဏာသဝါ။ သမန္တာလောကပါလာစ၊ ဣန္ဒာဒေဝါသဗြဟ္မကာ။

(၃)ဧတသေံအာနုဘာဝနေ၊ သဗ္ဗေဘယာဥပဒ္ဒဝါ။ အနေကအန္တရာယာပိ၊ ဝိနဿန္တုအသေသတော။ အနက်အဓိပ္ပါယ် (၁)ဗုဒ္ဓသေဋ္ဌော ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် မေတပည့်တော်၏ သိရသ္မိံဦးခေါင်းထက်၌ တိဋ္ဌတုရွှင်ပျော်နှလုံး သီတင်းသုံးတော်မူပါစေသတည်း။

သာရိပုတ္တောစ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည်လည်း မေတပည့်တော်၏ ဒက္ခိဏောလက်ယာပခုံး၌ တိဋ္ဌတုရပ်တည် သီတင်းသုံးတော်မူပါစေသတည်း။ မောဂ္ဂလ္လာနော အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည်

မေတပည့်တော်၏ ဝါမအံသေလက်ဝဲပခုံးထက်၌ တိဋ္ဌတုသီတင်းသုံးတော်မူပါစေသတည်း။ပိဋကတ္တယံ ပိဋကသုံးတန်ဓမ္မက္ခာန်သည် မေတပည့်တော်၏ ပုရတောမျက်နှာမူလတ်အရှေ့အရပ်၌ တိဋ္ဌတုစံပါယ်ကိန်းဝတ် ရပ်တည်ပါစေသတည်း။

(၂)အာနန္ဒော အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည် မေတပည့်တော်၏ ပစ္ဆိမေမျက်နှာကွယ်ထားနောက်ရပ်ပါး၌ တိဋ္ဌတုရပ်တည်သီတင်းသုံးတော်မူပါစေသား။ ခီဏာသဝါ ရဟန္တာမထေရ်မြတ်ကြီးတို့သည် မမတပည့်တော်၏ စတုဒ္ဒိသာ ခန္ဓာတည်ရာအရပ်လေးမျက်နှာတို့၌ တိဋ္ဌတုရပ်တည်နေကြပါစေသား။

သဗြဟ္မကာ ဗြဟ္မာအပေါင်းတို့နှင့်တကွဖြစ်ကုန်သော ဣန္ဒာဒေဝါသ သကြားနတ်အပေါင်းတို့သည်လည်းကောင်း လောကပါလာစလောကစောင့်ကြပ် နတ်မြတ်အပေါင်းတို့သည်လည်းကောင်း မမအကျွန်ုပ်၏ သမန္တာထက်ဝန်းကျင်ပတ်ပတ်လည်တို့၌ တိဋ္ဌတုနှလုံးရွှင်ပြ ရပ်တည်နေကြပါစေသား။

(၃)ဧတေသံ ထိုရတနာသုံးပါး နတ်သိကြားဗြဟ္မာအပေါင်းတို့၏ အာနုဘာဝေန ရှိန်ဝါတန်ခိုးစွမ်းရည်အမျိုးမျိုးကြောင့် သဗ္ဗေကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ဘယဥပဒ္ဒဝါ ဘေးဥပါဒ်တို့သည်လည်းကောင်း

အနေကအန္တရာယာပိ တစ်ပါးမကများလှကုန်သော ကပ်အန္တရာယ်အသွယ်သွယ်တို့သည်လည်းကောင်း။အသေသတော ကြွင်းကျန်မရှိပကတိအားဖြင့် ဝိနာသန္တု ပိန်းကြာဖက်တွင်ရေမတင်သို့ ကင်းစင်လွင့်ပျောက်ကြပါစေသတည်း။

Crd-Original Post