မြန်မာပြည်သူတွေလုပ်ဆောင်ရမယ့် မိုင်းဖုန်းဆရာတော်ကြီး၏ “လမ်းညွှန်ချက်”

မြန်မာပြည်သူတွေလုပ်ဆောင်ရမယ့် မိုင်းဖုန်းဆရာတော်ကြီး၏ “လမ်းညွှန်ချက်”

ဗုဒ္ဓဘာသာဝင်တွေလုပ်ကြဖို့ မိုင်းဖုန်းဆရာတော်ကြီးရဲ့မိန့်ကြားချက်။ သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။

အဲ့နတ်မင်းကြီးနှစ်ပါးက လောကပါလနတ်မင်းကြီးနဲ့ သာသနာစောင့်နတ်မင်းကြီးပါ။ မည်သူမဆို ဒါနသီလဘာဝနာ တစ်ခုခုပြုပြီးနောက် “လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းပါစေ၊

ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် မိမိတို့ခန္ဓာတာဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ” လို့သုံးခေါက်ရွတ်ပြီးအထူးမေတ္တာပို့ပါ။ပြီးရင်မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ် (ဥပမာ…ရှင်ပြုအလှူ၊ ပုဇင်းတက်ခဲ့ခြင်း၊

ကျောင်းအလှူ၊ ရေတွင်းရေကန်၊ တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်းဝိပသနာ တရားအားထုတ်ခဲ့မှု၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရရှိခဲ့မှု) စသည့်ကုသိုလ်တွေကို ပြန်အောက့်မေ့ပြီးတော့ထိုကုသိုလ်များနှင့်တကွ မိမိတစ်သက်တာ

ပြုခဲ့သောကုသိုလ်များအား လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး၊ လောကပါလအစောင့်အရှောက်များလုံးကို အမျှဝေပါသည်၊

သာဓုခေါ်ပါဆိုပြီး သေချာအမျှပေးဝေပါ။မတရားသတ်ဖြတ်ခံ အကြမ်းဖက်ခံနေရတဲ့ ပြည်သူများကိုလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကိုယ်ပြုထားတဲ့ကုသိုလ်တွေနဲ့ သစ္စာဆိုကြပါ။

Crd-Original Post

(ZAWGYI)

ျမန္မာျပည္သူေတြလုပ္ေဆာင္ရမယ့္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ “လမ္းၫႊန္ခ်က္”

ဗုဒၶဘာသာဝင္ေတြလုပ္ၾကဖို႔ မိုင္းဖုန္းဆရာေတာ္ႀကီးရဲ႕မိန႔္ၾကားခ်က္။ သူ႔ဘာသာသူ ယၾတာဘယ္ေလာက္ေကာင္းေကာင္း အမိန႔္ျပန္တမ္းဘယ္ေလာက္ျပင္းျပင္း စၾကာဝေတးမင္းေတာင္ အမိန႔္ေပးလို႔မရတဲ့ နတ္မင္းႀကီးႏွစ္ပါးရွိပါတယ္။

အဲ့နတ္မင္းႀကီးႏွစ္ပါးက ေလာကပါလနတ္မင္းႀကီးနဲ႔ သာသနာေစာင့္နတ္မင္းႀကီးပါ။ မည္သူမဆို ဒါနသီလဘာဝနာ တစ္ခုခုျပဳၿပီးေနာက္ “ေလာကပါလနတ္မင္းႀကီးႏွင့္ သာသနာေစာင့္နတ္မင္းႀကီး ေဘးရန္ကင္းပါေစ၊

ကိုယ္ဆင္းရဲကင္းပါေစ၊ စိတ္ဆင္းရဲကင္းပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာခ်မ္းသာစြာျဖင့္ မိမိတို႔ခႏၶာတာဝန္ကို လြယ္ကူစြာေဆာင္႐ြက္ႏိုင္ပါေစ” လို႔သုံးေခါက္႐ြတ္ၿပီးအထူးေမတၱာပို႔ပါ။ၿပီးရင္မိမိဘဝမွာ အထူးျပဳခဲ့ဖူးေသာကုသိုလ္ (ဥပမာ…ရွင္ျပဳအလႉ၊ ပုဇင္းတက္ခဲ့ျခင္း၊ ေက်ာင္းအလႉ၊ ေရတြင္းေရကန္၊ တံတားအလႉ၊ ေ႐ႊသက္န္းအလႉ၊ ကမၼဌာန္းဝိပသနာ တရားအားထုတ္ခဲ့မႈ၊ မဂ္ဉာဏ္ဖိုလ္ဉာဏ္ရရွိခဲ့မႈ) စသည့္ကုသိုလ္ေတြကို ျပန္ေအာက့္ေမ့ၿပီးေတာ့ထိုကုသိုလ္မ်ားႏွင့္တကြ မိမိတစ္သက္တာ

ျပဳခဲ့ေသာကုသိုလ္မ်ားအား ေလာကပါလနတ္မင္းႀကီးႏွင့္ သာသနာေစာင့္နတ္မင္းႀကီး၊ ေလာကပါလအေစာင့္အေရွာက္မ်ားလုံးကို အမွ်ေဝပါသည္၊ သာဓုေခၚပါဆိုၿပီး ေသခ်ာအမွ်ေပးေဝပါ။မတရားသတ္ျဖတ္ခံ အၾကမ္းဖက္ခံေနရတဲ့ ျပည္သူမ်ားကိုလည္း ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ဖို႔ ကိုယ္ျပဳထားတဲ့ကုသိုလ္ေတြနဲ႔ သစၥာဆိုၾကပါ။

Crd-Original Post