တော်လှန်ရေးရံပုံငွေအတွက် သူ့ရဲ့ဘယ်သီချင်းမဆိုအသုံးပြုနိုင်ကြောင်း ခွင့်ပြုလာတဲ့ လူငယ်အဆိုတော် Floke Rose
တော်လှန်ရေးရံပုံငွေအတွက် သူ့ရဲ့ဘယ်သီချင်းမဆိုအသုံးပြုနိုင်ကြောင်း ခွင့်ပြုလာတဲ့ လူငယ်အဆိုတော် Floke Rose
လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Floke Rose ကတော့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုရင်း အောင်မြင်နေသူ လူငယ်လေးတစ်ယောက်ပါပဲ။
Floke Rose ရဲ့ သီချင်းတိုင်းဟာ လူငယ်တွေရဲ့ စိတ်ခံစားချက်အတိုင်း ဖော်ပြနိုင်တာမို့ သီချင်းတိုင်းလိုလိုဟာ လူကြိုက်များလှပါတယ်။ လူငယ်တစ်ယောက်ပီပီ တော်လှန်ရေးမှာလည်း တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့
Floke Rose ဟာ ဒီတစ်ခါမှာလည်း သူ့ရဲ့သီချင်းတွေနဲ့ပက်သတ်ပြီး အခုလိုပဲပြောလာပါတယ်။
Floke Rose က “တော်လှန်ရေး ရန်ပုံငွေအတွက် ကျနော့်ရဲ့ ဘယ်သီချင်းမဆို အသုံးပြုနိုင်ပါတယ်။ အားလုံးကို ခွင့်ပြုပါတယ်။ ဂရုစိုက်ကြပါ။” ဆိုပြီး တော်လှန်ရေးရံပုံငွေအတွက်
သူ့ရဲ့ဘယ်သီချင်းမဆိုအသုံးပြုနိုင်ကြောင်း ခွင့်ပြုလာတာပဲဖြစ်ပါတယ်။
Floke Rose လို လူငယ်တွေကတော့ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ဖို့ အမြဲစဉ်းစားလုပ်ကိုင်နေပေမယ့် အချို့သောဝါရင့်နာမည်ကြီးအနုပညာရှင်တွေကတော့ နေစိမ့်နေဆဲပါပဲ။
Source: Floke Rose ‘s fb
Crd to Myanmar Celebrities
(ZAWGYI)
Source: Floke Rose ‘s fb