အဆိုတော်ဖြစ်တဲ့ကာလပတ်လုံး လွတ်မြောက်နယ်မြေ တန်ဆောင်တိုင်ပွဲတော်မှာ သီချင်းဆိုရတာ ဂုဏ်အယူဆုံးပဲဆိုတဲ့ မူးလာ

အဆိုတော်ဖြစ်တဲ့ကာလပတ်လုံး လွတ်မြောက်နယ်မြေ တန်ဆောင်တိုင်ပွဲတော်မှာ သီချင်းဆိုရတာ ဂုဏ်အယူဆုံးပဲဆိုတဲ့ မူးလာ

Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မူးလာဟာ Winner ဆုကြီးနဲ့လွဲချော်ခဲ့ပေမယ့် ပရိသတ်အားပေးလက်ခံမှုကြောင့် အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

မူးလာဟာ လက်ရှိမှာလည်း အာဏာရှင်လူတစ်စုကို တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဖြစ်ပြီး မနေ့က နိုဝင်ဘာလ(၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ လွတ်မြောက်နယ်မြေက ရဲဘော်တွေကို သီချင်းဆိုဖျော်ဖြေခဲ့ကြောင်း ပြောလာပါတယ်။

“တန်ဆောင်တိုင်ထဲက မည်သည့်နှစ်မှမတူခဲ့တဲ့ တန်ဆောင်တိုင်.. ခွေးကိုမောင်းထုတ်ဖို့ အရာအားလုံးကိုစွန့်ပြီး ဆုံတွေ့ရတဲ့ ရဲဘော်တွေနဲ့ ပေးဆပ်ခဲ့တဲ့ လူကြီးသူမများအတွက် တစွန်းတစ စိတ်ဖြေဖျောက်ခွင့်ရလို့ အရမ်းကျေးဇူးတင်မိတယ်။

တော်လှန် တန်ဆောင်တိုင် တဲ့ေ သချာပါတယ် အဆိုတော်ဖြစ်ရတာ ဒီတခါ ဂုဏ်အယူရဆုံးပဲ အရေးတော်ပုံ အောင်ကို အောင်ရမည်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။

မူးလာကတော့ အဆိုတော်ဖြစ်တဲ့ကာလပတ်လုံး လွတ်မြောက်နယ်မြေ တန်ဆောင်တိုင်ပွဲတော်မှာ သီချင်းဆိုရတာ ဂုဏ်အယူဆုံးဆိုပြီး ဝမ်းမြောက်စွာနဲ့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Saw Chris Mooler-မူးလာ ‘s fb

Crd-Original Post

 








Crd-Original Post