မရှိရှိတာလေးနဲ့ချက်ပြုတ်ထားရတဲ့ PDF လေးတွေ့ရဲ့တစ်နေ့တာဝါးဖူးဖုတ်ထမင်းလေးကပြောသော စကားသံများ

မရှိရှိတာလေးနဲ့ချက်ပြုတ်ထားရတဲ့ PDF လေးတွေ့ရဲ့တစ်နေ့တာဝါးဖူးဖုတ်ထမင်းလေးကပြောသော စကားသံများ

PDFထမင်းဝိုင်းဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ် ကျေလဲကျေနပ်ပါတယ်။

စည်သွပ်ဗူးအကောင်းစားနဲ့အဆင့်မြင့်ဘီစကွတ်တွေမလိုချင်ပါဘူးဆန်၊ငပိထောင်းနဲ့ချဉ်စပ်လဖက်လေးရရင်ကျနော် အဆင်ပြေပါတယ်။

ခေါက်ဆွဲတောင် အမေပြုတ်ပေးမှသောက်ခဲ့ပေမယ့်အိုးသူကြီး အလှည့်ကျတာများလာတော့အမေကြိုက်တတ်တဲ့

ဟင်းတစ်ခွက်လောက်ချက်ကျွေးချင်မိတယ်။

ရမ်းချဉ်စပ်ဟင်းခ်ျို နဲ့ ဟော့ပေါ့တွေမစားရလည်းဖြစ်ပါတယ်၊တာလပေါဟင်းတစ်ခွက်က အသားမပါလည်းစားလို့မြိန်တယ်။

ဂေါ်ဖီ၊မျှစ်နဲ့ခေါက်ဆွဲခြောက်တွေစားရတာများလာတော့အလှူရှင်ဝေလို့ အသားစားရတဲ့နေ့အမေ့ကို သတိရတယ်။

စစ်ရေးလေ့ကျင့်ခန်းတွေက ပင်ပန်းပေမယ့်အိပ်ချိန် စားချိန်မှန်မှန်နဲ့ အမိန့်က်ိုနာခံပြီးစည်းကမ်းတကျ ကျနော်နေတတ်နေပြီ။

အာဏာရှင်ကိုတော်လှန်ရင်းကျနော်တို့ကိုယ်တိုင် အာဏာရှင်သွေးတွေ ပါမလာဖို့ပြင်ဆင်လေ့ကျင့်ထားကြပါတယ် အမေ။

အမေ ချက်ကြွေးနေကျအမေ ပို့ပေးမယ့် ပုဇွန်ခြောက်ကြော်ကျနော်မမျှော်တော့ပါဘူး။မြန်မာ့ငွေစျေးကျပြီးကုန်စျေးနှုန်းတွေ တက်လို့ပိုက်ဆံရှာရ ခက်ခဲနေပါ့မယ်။

တော်လှန်ရေး ဘယ်တော့ပြီးမှာကျနော်မသိပါဘူး အမေ။

တတိယနိုင်ငံကိုလှမ်းသွားတဲ့ခြေထောက်တွေကို ကျနော်အပြစ်မဖွဲ့ပါဘူး အမေ၊လှမ်းနှင့်ခဲ့တဲ့ သူတို့ကမ်းလက်တွေကြောင့်ကျနော်တို့ အခုအချိန်ထိ တောင့်ခံနိုင်နေတာပေါ့။

ခံစားချက်ကို ဦးစားမပေးခံယူချက်တွေ မပြောင်းလဲဘဲကျနော် စွမ်းသလောက်တော့ ကြိုးစားနေတယ်။

ရောက်ရာအရပ်မှာ ကျရာတာဝန်ကိုထမ်းရင်းနိုင်သလောက်တော့ အားစိုက်ခဲ့တယ်၊

လုပ်နိုင်စွမ်းထက် ပိုမလုပ်နိုင်ခဲ့ရင်ကျနော့်တို့ကို အပြစ်မတင်ပါနဲ့နော် အမေ။ကျနော်တို့အဆင်ပြေအောင်နေတတ်ပါတယ်။

ကျနော့်တို့အတွက် ဘာမှမလိုပါဘူး။စစ်အာဏာရှင်စနစ်ဆိုးကမ္ဘာမြေမှာ ပျက်သုန်းသွားဖို့ပဲ လိုတာ…..ပါ။

တစ်ခုတော့….. လူအများစုကိုပြောချင်တာက ဒီလိုဒုက္ခတွေခံပြီး

လက်နက်ကိုင်တော်လှန်မှ တော်လှန်ရေးမဟုပ်ဘူးကိုယ်နိုင်ရာဝန်ကို ရှာပြီးတော်လှန်ပါ နောက်ဆုံးဘာမှမလုပ်နိုင်ရင်တောင်

မိမိရဲ့အသိစိတ်ထဲမှာ အာဏာရူးကိုလက်္မခံရင်ပဲ အဲဒါတော်လှန်ရေးပဲ ဘယ်တော့မှလက်္မခံနဲ့မိမိစိတ်က လက်ခံတဲ့နေ့ဟာ ကျရှုံးတဲ့နေ့ပဲ မြဲမြဲမှတ်ထားကြပါအရေးတော်ပုံ အောင်ကိုအောင်ရမည်။

Crd-Original Post

(ZAWGYI)

မရွိရွိတာေလးနဲ႔ခ်က္ျပဳတ္ထားရတဲ့ PDF ေလးေတြ႕ရဲ႕တစ္ေန႔တာဝါးဖူးဖုတ္ထမင္းေလးကေျပာေသာ စကားသံမ်ား

PDFထမင္းဝိုင္းဘာပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္ ေက်လဲေက်နပ္ပါတယ္။

စည္သြပ္ဗူးအေကာင္းစားနဲ႔အဆင့္ျမင့္ဘီစကြတ္ေတြ
မလိုခ်င္ပါဘူးဆန္၊ငပိေထာင္းနဲ႔ခ်ဥ္စပ္လဖက္ေလးရရင္က်ေနာ္ အဆင္ေျပပါတယ္။ေခါက္ဆြဲေတာင္ အေမျပဳတ္ေပးမွေသာက္ခဲ့ေပမယ့္အိုးသူႀကီး အလွည့္က်တာမ်ားလာေတာ့အေမႀကိဳက္တတ္တဲ့ ဟင္းတစ္ခြက္ေလာက္ခ်က္ေကြၽးခ်င္မိတယ္။

တုံရမ္းခ်ဥ္စပ္ဟင္းခ္်ိဳ နဲ႔ ေဟာ့ေပါ့ေတြ
မစားရလည္းျဖစ္ပါတယ္၊တာလေပါဟင္းတစ္ခြက္က အသားမပါလည္းစားလို႔ၿမိန္တယ္။

ေဂၚဖီ၊မွ်စ္နဲ႔ေခါက္ဆြဲေျခာက္ေတြ
စားရတာမ်ားလာေတာ့အလႉရွင္ေဝလို႔ အသားစားရတဲ့ေန႔အေမ့ကို သတိရတယ္။

စစ္ေရးေလ့က်င့္ခန္းေတြက ပင္ပန္းေပမယ့္
အိပ္ခ်ိန္ စားခ်ိန္မွန္မွန္နဲ႔ အမိန္႔က္ိုနာခံၿပီး
စည္းကမ္းတက် က်ေနာ္ေနတတ္ေနၿပီ။

အာဏာရွင္ကိုေတာ္လွန္ရင္းက်ေနာ္တို႔ကိုယ္တိုင္ အာဏာရွင္ေသြးေတြ ပါမလာဖို႔ျပင္ဆင္ေလ့က်င့္ထားၾကပါတယ္ အေမ။

အေမ ခ်က္ေႂကြးေနက်အေမ ပို႔ေပးမယ့္ ပုဇြန္ေျခာက္ေၾကာ္က်ေနာ္မေမွ်ာ္ေတာ့ပါဘူး။
ျမန္မာ့ေငြေစ်းက်ၿပီးကုန္ေစ်းႏႈန္းေတြ တက္လို႔ပိုက္ဆံရွာရ ခက္ခဲေနပါ့မယ္။

ေတာ္လွန္ေရး ဘယ္ေတာ့ၿပီးမွာ
က်ေနာ္မသိပါဘူး အေမ။တတိယႏိုင္ငံကိုလွမ္းသြားတဲ့ေျခေထာက္ေတြကို က်ေနာ္အျပစ္မဖြဲ႕ပါဘူး အေမ၊လွမ္းႏွင့္ခဲ့တဲ့ သူတို႔ကမ္းလက္ေတြေၾကာင့္က်ေနာ္တို႔ အခုအခ်ိန္ထိ ေတာင့္ခံႏိုင္ေနတာေပါ့။

ခံစားခ်က္ကို ဦးစားမေပးခံယူခ်က္ေတြ မေျပာင္းလဲဘဲက်ေနာ္ စြမ္းသေလာက္ေတာ့ ႀကိဳးစားေနတယ္။ေရာက္ရာအရပ္မွာ က်ရာတာဝန္ကိုထမ္းရင္းႏိုင္သေလာက္ေတာ့ အားစိုက္ခဲ့တယ္၊လုပ္ႏိုင္စြမ္းထက္ ပိုမလုပ္ႏိုင္ခဲ့ရင္က်ေနာ့္တို႔ကို အျပစ္မတင္ပါနဲ႔ေနာ္ အေမ။

က်ေနာ္တို႔အဆင္ေျပေအာင္ေနတတ္ပါတယ္။က်ေနာ့္တို႔အတြက္ ဘာမွမလိုပါဘူး။စစ္အာဏာရွင္စနစ္ဆိုးကမာၻေျမမွာ ပ်က္သုန္းသြားဖို႔ပဲ လိုတာ…..ပါ။တစ္ခုေတာ့….. လူအမ်ားစုကိုေျပာခ်င္တာက ဒီလိုဒုကၡေတြခံၿပီး လက္နက္ကိုင္ေတာ္လွန္မွ ေတာ္လွန္ေရးမဟုပ္ဘူးကိုယ္ႏိုင္ရာဝန္ကို ရွာၿပီးေတာ္လွန္ပါ ေနာက္ဆုံးဘာမွမလုပ္ႏိုင္ရင္ေတာင္ မိမိရဲ႕အသိစိတ္ထဲမွာ အာဏာ႐ူးကိုလက္ၼခံရင္ပဲ အဲဒါေတာ္လွန္ေရးပဲ ဘယ္ေတာ့မွလက္ၼခံနဲ႔မိမိစိတ္က လက္ခံတဲ့ေန႔ဟာ က်ရႈံးတဲ့ေန႔ပဲ ၿမဲၿမဲမွတ္ထားၾကပါအေရးေတာ္ပုံ ေအာင္ကိုေအာင္ရမည္။

Crd-Original Post