ကျူးတွေကို အတင်းဖျက်ပစ်လိုက်လို့ နေစရာရော၊ စားစရာပါ မရှိတော့တဲ့ လှိုင်သာယာက မိသားစု

ကျူးတွေကို အတင်းဖျက်ပစ်လိုက်လို့ နေစရာရော၊ စားစရာပါ မရှိတော့တဲ့ လှိုင်သာယာက မိသားစု

ကျေးဇူးပါ အကိုကြီးရယ်… သမီး ကလေး (၂)ယောက်ကို ထမင်းကျွေးချင်လို့ပါ 😢😢

အပြင်သွားတုန်း ph call လေး ဝင်လာတော့…📞

ကြည်မြင့်တိုင် ကမ်းနားက ဆိုင်လေးတဆိုင်မှ ဖုန်းတောင်းဆက်သော ph call ဖြစ်နေတယ် 😔

☎️ Hello ကိုကြီး ပူတူးလားဟင် ??

ဟုတ်ပါတယ်ဗျ…ကျနော် ပူတူးပါ…ဘယ်သူပါလဲ ?

☎️ သမီးကို ကယ်ရီသမား အကိုကြီးက ဖုန်းနံပါတ်လေးပေးလို့ပါ😔 အရဲစွန့်ပြီ ဆက်လိုက်တာပါ

ဟုတ်…ပြောပါဗျ..ဘယ်ကလဲ ဘာဖစ်လို့လဲ ?

☎️ သမီးတို့က လှိုင်သာယာ ကျူးကျော် အမှတ်(၈)မှာနေတာပါ…ခု ကျူးတွေ ဖျက်တော့ သမီးတို့ လမ်းဘေးရောက်နေရပါပြီ (ငိုယိုပြီ ပြောရှာတယ် 😢😢)

ဟုတ်ပြီ…မငိုနဲ့အမ ဖြေးဖြေးပြောနော်

☎️ ကျမ သား နှင့် သမီးတွက်လေး စားစရာလေး ပေးပါလား ကိုကြီးရယ်…သမီး ကလေးတွေကို ငတ်မသေစေချင်ဘူး…သူတို့ကို ထမင်းလေး ကျွေးချင်တယ်…မစားရတာ (၂)ရက်ရှိပါပြီ ကိုကြီးရယ် 😢😢

ယောင်္ကျားကလဲ ကျန်းမာရေးမကောင်းတော့ မလုပ်နိုင်ဘူး…သမီးကလဲ ကျူးတွေဖျက်တော့ စျေးမရောင်းရတော့ဘူး 😢😢

ဟုတ်ပြီ…အမတို့က ခု ဘယ်မှာလဲ…ဘယ်မှာနေနေတုန်း ?

☎️ သမီးတို့ကို အသိတယောက်က ကြည်မြင့်တိုင်တဖက်ကမ်းက သူ့ခြံလေးထဲက တဲဟောင်းလေးမှာ ခုပေးနေတယ် (တဲဖျက်ရင်တော့ ဆင်းပေးရမယ်တဲ့ 😢)

အင်း…ဟုတ်ပြီ…ဒါဆို အမတို့နဲ့ ဘယ်မှာစုံလို့ရမလဲ ?

☎️ ဟုတ် ကိုကြီး…သမီးနဲ့ သမီးယောင်္ကျား ကြည်မြင့်တိုင် စာတိုက်မှတ်တိုင်မှာ လာစောင့်နပေါ့မယိ… အကိုကြီး မလာမချင်း စောင့်နေပါ့မယ် ကိုကြီးရယ်…သမီး ကလေးတွေကို ကယ်ပေးပါနော် 😢😢

ဟုတ်ပြီ…ကျနော် ညနေလောက်တော့ ရောက်အောင်လာမယ်နော် 😔🙏🏻

☎️ဟုတ် ကိုကြီး…သမီး ခုတည်းက ထိုင်စောင့်နေပါ့မယ်…ဒီဖုန်းကလဲ သူများဆီက တောင်းဆက်တာမလို့ပါ…သမီးက ဝဝနဲ့ ကားမှတ်တိုင်မှာ ထိုင်နေမယ်နော် 😢😢

ကျနော်လဲ လုပ်စရာရှိတာလုပ်ပြီ…Oceanနဲ့နီးလို့ အဲ့မှာပဲ စျေးသွားဝယ်ပြီ…သူတို့မိသားစုလေးဆီ သွားခဲ့တယ် 🙏🏻

တကယ့်ကို ကျနော့်ကို အားကိုတကြီးနဲ့ မျှော်နေရှာတယ် 😢

ကျနော် ရောက်သွားတော့ သူတို့ အရမ်းပျော်သွားတယ် 😔😔 အားကိုးတကြီး ပြေးလာကြတယ် 😢

မေးကြည့်တော့ အရင်က ဟင်းရွက်စုံလေးတွေ ရောင်းတယ်တဲ့…

ခုလဲ ဟိုဖက်ကမ်း ပြန်ဖို့ ပိုက်ဆံမပါဘူးတဲ့…လှေသမားကို တောင်းပန်ပြီစီးရမှာတဲ့ 😢😢

ကျနော်လဲ အစက စားဖို့ပဲ ပေးမလို့ပါ…စကားပြောရင်း ရင်ထဲမကောင်းလို့ ဟင်းရွက်စုံ ရောင်းဖို့ အရင်းနှီးလေးပါ ထုတ်ပေးလိုက်ပါတယ် 😢😢

ကျေးဇူးတင်ပါတယ် ကိုကြီးရယ်…သမီး ကလေးတွေကို ထမင်းကျွေးနိုင်ပြီ…ကိုကြီး ကျေးဇူး မမေ့ပါဘူး…ကလေးလေးမှလဲ ကန်တော့ရှာတယ်(လိမ်မာလိုက်တာ) 😔😢

အင်းပါ…ဖြေးဖြေးပြန်ကြနော် 🙏🏻🙏🏻🙏🏻

••• ဘာဖြစ်ဖြစ် အိမ်ပြန် တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ပျော်ရွှင်သွားတဲ့ သူတို့မိသားစုလေးကြည့်ရင်…ကျနော်လဲ ပျော်နေမိပါတယ် 🙏🏻

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437