ဥပုဒ်သီလဆောက်တည်ဖို့ ပေ (၄၀) ကျော်မြင့်တဲ့ တောင်ပေါ်ကို အမြဲတမ်းသွားတတ်တဲ့ အသက် (၁၀၀) ကျော်အဖွား ဒေါ်မဲလှချေ

ဥပုဒ်သီလဆောက်တည်ဖို့ ပေ (၄၀) ကျော်မြင့်တဲ့ တောင်ပေါ်ကို အမြဲတမ်းသွားတတ်တဲ့ အသက် (၁၀၀) ကျော်အဖွား ဒေါ်မဲလှချေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က အသက် (၁၀၅) နှစ်အရွယ် အဖွားဒေါ်မဲလှချေဟာ ပေ (၄၀) ကျော် မြင့်တဲ့ တောင်ပေါ်က မြို့ဦးဂေါင်းကျောင်းကိုလာပြီး မုန့်တီဆွမ်းကပ်ကာ ဥပုဒ်သီလဆောက်တည်လေ့ ရှိပါတယ်။

အသက်အရွယ်ကြီးရင့်ပြီးနောက်မှာ တရားအသိနဲ့နေထိုင်ပြီး ကိုယ့်ဘဝရဲ့နေဝင်ချိန်ထိ အကောင်းဆုံးတရားဓမ္မတွေနဲ့ တူယှဉ်တွဲဖို့ကြိုးစားနေခဲ့ပါတယ်။ရင်ထဲမှာရှိတဲ့ပူလောင်မှုတွေအားလုံးကို တရားအသိနဲ့ပဲချေဖျက်ပြီး အေးချမ်းစွာနေထိုင်ခြင်းဟာ

တန်ဖိုးဖြတ်မရနိုင်ပါဘူး။

အဖွားဒေါ်မဲလှချေဟာ အသက်အရွယ်ကြီးရင့်နေပေမယ့် တရားအလုပ်တွေလုပ်ဖို့အတွက် ပေ (၄၀) ကျော်မြင့်တဲ့ တောင်ပေါ်ကိုတက်ပြီး ဥပုဒ်သီလဆောက်တည်ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်။သူမသေဆုံးသွားခဲ့ရင်လည်း သူမရဲ့ဈာပနကို

တင့်တင့်တယ်တယ်ပြုလုပ်ပေးဖို့ မြို့ဦးကျောင်းက ဆရာတော်ကို လျောက်ထားခဲ့ပါသေးတယ်။

တရားအသိနဲ့ပျော်မွေ့တတ်တဲ့ အဖွားက လာခြင်းကောင်းသလို ပြန်ခြင်းလည်းကောင်းမှာ အသေအချာပါပဲ။ဒီလိုခေတ်မကောင်းတဲ့အခြေအနေမှာတောင် တရားဓမ္မတွေနဲ့မွေ့ပျော်ချင်တဲ့အဖွားဟာ ကျောင်းကို အရောက်သွားပြီး မုန့်တီဆွမ်းကပ်ကာ

ဓမ္မအရိပ်မှာအေးချမ်းနေခဲ့ပါတယ်။

ယောဂီဝတ်စုံလေးဝတ်ပြီး အေးချမ်းတဲ့ပကတိအသွင်နဲ့ တရားအရိပ်မှာခိုလှုံတတတ်တဲ့ အဖွား ဒီထက်မက အသက်ရှည်ပြီး အေးချမ်းတဲ့တရားအလုပ်တွေကို ပိုလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

Crd-Original Post

(ZAWGYI)

ဥပုဒ္သီလေဆာက္တည္ဖို႔ ေပ (၄၀) ေက်ာ္ျမင့္တဲ့ ေတာင္ေပၚကို အၿမဲတမ္းသြားတတ္တဲ့ အသက္ (၁၀၀) ေက်ာ္အဖြား ေဒၚမဲလွေခ်

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္က အသက္ (၁၀၅) ႏွစ္အ႐ြယ္ အဖြားေဒၚမဲလွေခ်ဟာ ေပ (၄၀) ေက်ာ္ ျမင့္တဲ့ ေတာင္ေပၚက ၿမိဳ႕ဦးေဂါင္းေက်ာင္းကိုလာၿပီး မုန႔္တီဆြမ္းကပ္ကာ ဥပုဒ္သီလေဆာက္တည္ေလ့ ရွိပါတယ္။အသက္အ႐ြယ္ႀကီးရင့္ၿပီးေနာက္မွာ တရားအသိနဲ႔ေနထိုင္ၿပီး ကိုယ့္ဘဝရဲ႕ေနဝင္ခ်ိန္ထိ အေကာင္းဆုံးတရားဓမၼေတြနဲ႔ တူယွဥ္တြဲဖို႔ႀကိဳးစားေနခဲ့ပါတယ္။ရင္ထဲမွာရွိတဲ့ပူေလာင္မႈေတြအားလုံးကို တရားအသိနဲ႔ပဲေခ်ဖ်က္ၿပီး ေအးခ်မ္းစြာေနထိုင္ျခင္းဟာ တန္ဖိုးျဖတ္မရႏိုင္ပါဘူး။

အဖြားေဒၚမဲလွေခ်ဟာ အသက္အ႐ြယ္ႀကီးရင့္ေနေပမယ့္ တရားအလုပ္ေတြလုပ္ဖို႔အတြက္ ေပ (၄၀) ေက်ာ္ျမင့္တဲ့ ေတာင္ေပၚကိုတက္ၿပီး ဥပုဒ္သီလေဆာက္တည္ဖို႔ စိတ္အားထက္သန္ေနခဲ့ပါတယ္။သူမေသဆုံးသြားခဲ့ရင္လည္း သူမရဲ႕ဈာပနကို တင့္တင့္တယ္တယ္ျပဳလုပ္ေပးဖို႔ ၿမိဳ႕ဦးေက်ာင္းက ဆရာေတာ္ကို ေလ်ာက္ထားခဲ့ပါေသးတယ္။တရားအသိနဲ႔ေပ်ာ္ေမြ႕တတ္တဲ့ အဖြားက လာျခင္းေကာင္းသလို ျပန္ျခင္းလည္းေကာင္းမွာ အေသအခ်ာပါပဲ။

ဒီလိုေခတ္မေကာင္းတဲ့အေျခအေနမွာေတာင္ တရားဓမၼေတြနဲ႔ေမြ႕ေပ်ာ္ခ်င္တဲ့အဖြားဟာ ေက်ာင္းကို အေရာက္သြားၿပီး မုန႔္တီဆြမ္းကပ္ကာ ဓမၼအရိပ္မွာေအးခ်မ္းေနခဲ့ပါတယ္။ေယာဂီဝတ္စုံေလးဝတ္ၿပီး ေအးခ်မ္းတဲ့ပကတိအသြင္နဲ႔ တရားအရိပ္မွာ ခိုလႈံတတတ္တဲ့ အဖြား ဒီထက္မက အသက္ရွည္ၿပီး ေအးခ်မ္းတဲ့တရားအလုပ္ေတြကို ပိုလုပ္ႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။
Crd-Original Post