လောဘကြီးပြီး စွဲလမ်းစိတ်ကြောင့်သရဲ ဘဝရောက်ခဲ့ရတဲ့ တရားဟောကောင်းတဲ့ နာမည်ကြီးဆရာတော်တပါး

လောဘကြီးပြီး စွဲလမ်းစိတ်ကြောင့်သရဲ ဘဝရောက်ခဲ့ရတဲ့ တရားဟောကောင်းတဲ့ နာမည်ကြီးဆရာတော်တပါး

ပေါက်ခေါင်းမြို့နယ် ရွာတစ်ရွာက စာတတ်ပေတတ် ဘုန်းကြီး ဦးနန္ဒတဲ့အသံကောင်း။ အပြောကောင်း။ အဟောကောင်း ဓမ္မကထိကတစ်ပါးဖြစ်လို့ ပေါက်ခေါင်းမြို့နယ်တဝိုက်သာရေး။နာရေးကိစ္စတွေမှာ ပွဲတိုင်းကျော်ဖြစ်ခဲ့ပါတယ်။ ပစ္စည်းလေးပါးပေါများရုံမကပဲ ဝတ္ထုကြေးငွေများပါ စုမိလာတော့ ဦးနန္ဒတစ်ပါး သူခိုးဓါးပြရန်ကိုကြောက်လာပါတယ်။ဒါနဲ့ပဲသပိတ်ကြီးတစ်လုံးမှာ ဝတ္ထုငွေတွေအပြည့်ထည့်ပြီး သူ့ကျောင်းလှေခါးအောက်မှာ မြေကျင်းတူးပြီး မြုပ်ထားလိုက်ပါ တယ်။ သူခိုး ဓါးပြ ထက်နှစ်ဆဆိုးတဲ့ လောဘ ဆိုတဲ့ တရားဆိုးကြီး သူ့သန္တာန်မှာရောက်လာပြီဆိုတာ သူ့ခမျာမသိရှာဘူး။

တနေ့ အသက်လေးဆယ်ကျော်မှာပဲ ဟောပြောရလွန်းလို့ ဖြစ်လာတဲ့လေနာရောဂါနဲ့ပဲ ပျံလွန်တော်မူခဲ့ပါ တယ်။ ရဟန်းတော် တစ်ပါးဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် အထက်နတ်ဘုံကို ပျံတော်မူရမှာပါ။ အခုတော့ လှေကားအောက်မှာ မြုပ်ထားတဲ့ ငွေသပိတ်အပေါ်စွဲလမ်းတဲ့လောဘကြောင့် ကျောင်းဝိုင်းထဲမှာပဲသံပရာခွံဦးထုပ်ဖြူဆောင်းရတဲ့ ဘုန်းကြီးတစ္ဆေသွားဖြစ်ပါတယ်။စာတတ်ပေတတ် ဘုန်းကြီးဘဝကလာတာဆိုတော့ ငွေသပိတ်ကိုစွဲလမ်းတဲ့လောဘကြောင့် အခုလိုဘဝရောက်ရတယ် ဆိုတာသေချာသိတယ်။ ဒါကြောင့် သူ့ကျွတ်လမ်း လွတ်လမ်းကိုရှာတဲ့အနေနဲ့ နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို ကိုယ်ထင်ပြပြီးအကူအညီ တောင်းဖို့ကြိုးစားတယ်။

ဒါပေမယ့်နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီးတွေက ကြောက်တတ်သူတွေဆိုတော့ သရဲခြောက်တယ်ဆိုပြီးထွက်ထွက်ပြေးကြတာနဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။

ဒီလိုနဲ့နှစ်အတန်ကြာတော့ သတ္တိရှိတဲ့ဒကာတစ်ယောက် ဦးနန္ဒကျောင်းကို ရောက်လာပါတယ်။ လာတာကသူ့ငယ်ချင်း အိမ်ကိုလာတာပါ။သူငယ်ချင်းမရှိပဲ ဇနီးသည်တစ်ယောက်ပဲရှိတဲ့အိမ်မှာ ညအိပ်ရမှာမသင့်တော်လို့ ဦးနန္ဒကျောင်းကိုလာအိပ်ခြင်းပါပဲ။ညရောက်တာနဲ့ ကိုယ်ထင်ပြတဲ့ဦးနန္ဒကိုဒကာကသတ္တိ ကောင်းသူဆိုတော့ဘာမပြောညာမပြော ချက်ချင်းထပြီး နပန်းလုံးတယ်။ ပြီးတော့သရဲခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ဖြူကို ဖြုတ်ယူမိသွားတာနဲ့ သရဲဟာအားအင်ကုန်ခမ်းပြီး ကြမ်းပြင်ပေါ်ပုံကျသွားတယ်။

အဲ့ဒီအခါကျမှ ဦးနန္ဒတစ်ဖြစ်လဲ သရဲကဒကာတော်သတ္တိကောင်းတဲ့သူနဲ့တွေ့ရလို့ အားရဝမ်းသာဖြစ်ရပါတယ်။ ငါဟာ ဒီကျောင်းက ပျံလွန်တော်မူသွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးပါ။လှေကားအောက်မှာမြုပ်ထားတဲ့ ငွေသပိတ်ကိုစွဲခဲ့လို့မကျွတ်မလွတ်ဖြစ်နေရတာပါ။ဒကာ ငါ့ကိုကူညီပါ။ အဲဒီ ငွေသပိတ်ကိုဖေါ်ယူပြီးသံဃာတွေပင့်ဆွမ်းတွေ သင်္ဃန်းတွေလှူပြီး ကျွန်ု်ပ်ကို အမျှပေးပါ။

ကျန်တာကိုဒကာသုူံးပါလို့ပြောတဲ့အတွက် ဒကာကလည်း ပြောတဲ့အတိုင်း လုပ်ပေးတယ်။ အဲ့ဒီတော့မှ သရဲဘဝကလွတ်သွားခဲ့ရပါတယ်။လောဘကြီးပြီး စွဲလမ်းစိတ်ကြောင့်သရဲ ဘဝရောက်ခဲ့ရတဲ့ တရားဟောကောင်းတဲ့ နာမည်ကြီးဆရာတော်တပါး

ဇာတ်လမ်းကတော့ ဒါပါပဲ မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ အသေမြတ်ချင် သေနည်းသင်စာအုပ်ကထုတ်ယူဖေါ်ပြတာပါ။ ဘုန်းကြီးကလည်း လောဘနဲ့သေတယ်။ ဒိဌိလည်း မပယ်ရသေးတော့ ငါစွဲစွဲပြီးသေလို့သရဲဖြစ်တာပါ။ တကယ်ပယ်ရသတ်ရမှာက ဒိဌိ ဖြစ်ပါတယ်။ဓါတ်တော်ကျသွားပြီဖြစ်တဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေမှာလည်း ဟောကြားထားပါတယ်။ တခြားသော ဆရာတော်များလည်းသစ္စာ တရားဟောရင် ဒီတိုင်းဟောပါတယ်။ သစ္စာတကယ်သိဖို့ဆိုတာ အရင်ဆုံးသောတာပန်တည်ပြီး ဒိဌိဖြုတ်ဖို့ဖြစ်ပါတယ်။

ဝီစိကိစ ္ဆာက သူ့အလိုလိုသေသွားရော။ နာမ်နဲ့ ရုပ်ပဲရှိတယ်။ ငါဆိုတာမရှိဘူး ။ ပုဂ္ဂိုလ် သတ္တဝါ မရှိဘူး။ ယောက်ျား မိန်းမ မရှိဘူးဆိုတာ ကွဲကွဲပြားပြား ဖြစ်သွားတဲ့ အရိယာမှာ ငါဆိုတဲ့ သက္ကာယ ဒိဌိမရှိတော့လို့လောဘဖြစ်ပေမယ့် အစွဲမရှိဘူး။ ဒိဌိ ဦးဆောင်ခြင်းမရှိတော့ဘူး။သမီးတော်တရားစခန်းဝင်စဉ်က ဦ္ပဇင်း ဦးဣဿရိယက ပလ္လင်ပေါ်ကနေမေးဖူးပါတယ်။ဘုန်းကြီးနဲ့လူ ဘယ်သူကပိုပြီးလောဘကြီးသလဲတဲ့။ အောက်က သံဃာတော်တွေက ဖြေမဖြေတော့မသိဘူး။ အမျိုးသားရော အမျိုးသမီးယောဂီတွေရောဝိုင်းပြီး အော်ကြတာ။

ဘုန်းကြီး အဲ့လိုဝိုင်းအော်တော့ ဦ္ပဇင်း မျက်လုံးပြူးသွားတယ် ဟမ် တဲ ဆက်လည်းပြောပါတယ် ဘုန်းကြီးလောဘအနန္တတဲ့ဒါပေမယ့်လူတွေရဲ့လောဘကတော့ ဘုရားတောင် ခြေရောလက်ရောမြောက်ထားရလောက်အောင် ကြီးတယ်တဲ့။ အသောမသတ်နိုင်ကြပုံများ ပြောပါတယ်။ သို့သောအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေအတွက်တော့လောဘကို လောဘမှန်းသိတဲ့အတွက်အစွဲအလမ်းမဖြစ်ပါဘူး ။

ဘုန်းကြီးဦးနန္ဒကတော့ အစွဲအလမ်းကြောင့်သရဲဖြစ်တယ်လို့သက်သေပြသွားခဲ့ပါပြီ။ စွဲစွဲလမ်းလမ်းဖြစ်စေတဲ့ ဒိဌိကို ပယ်သတ်ကြပါလို့တိုက်တွန်းလိုက်ပါရစေ။ တတိယမြောက်သမီးတော်ဆိုဒ်မှ တစ်ဆင့်မျှဝေသည်။(လေးစားမှုဖြင့် ခရက်ဒစ်)

Crd-Original Post