ငါးထပ်ကြီး ခြောက်ထပ်ကြီး စသည့် ဘုရားများ ရဲ့ အဓိပ္ပါယ်” နှင့် ဝင်္ဂဘာကန်ရှာပုံတော်

ငါးထပ်ကြီး ခြောက်ထပ်ကြီး စသည့် ဘုရားများ ရဲ့ အဓိပ္ပါယ်” နှင့် ဝင်္ဂဘာကန်ရှာပုံတော်

ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ကိုးထပ်ကြီး ဘုရား ၊ ပြည်မြို့ မှာ ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ကြားဖူးကြပါလိမ့်မယ်။အဲဒီ ဘုရားများမှ ‘ထပ်ကြီး’ ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ် ကို မသိတဲ့သူများပါလိမ့်မယ်။

ကျွန်တော်ကိုယ်တိုင်လည်းအစက မသိပါ။ထပ် ဆိုတာ ဘာထပ် ကိုပြောတာလဲ အထပ်လား ၊ ဝါ အရလား ၊ ကြီးစဉ် ငယ်လိုက်လား တောင်တောင် အီ အီ စဉ်းစား ဖူးသော်လည်းအတိအကျ အဖြေမရခဲ့ပါ။

စာရေးဆရာ မင်းသိင်္ခရေးဖူးတဲ့ စာအုပ်တအုပ်နဲ့ စာရေးဆရာ လင်းရောင်တင် ၏ ဆောင်းပါးတစ်ပုဒ်ကိုဖတ်လိုက်တော့ မှ ဒီ အဓိပ္ပါယ်ကို သိသွားပါတယ်။ဆောင်းပါးတွင် ဆရာလင်းရောင်တင်က သူနှင့်ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက်မှ

ဥက္ကဌကြီး ဦးလေးကြိုင်တို့ တွေ့ဆုံပုံကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။ခြောက်ထပ်ကြီး ဘုရား ကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ ?ထို့အတူ ငါးထပ်ကြီး၊ ကိုးထပ်ကြီး ၊ ဆယ်ထပ်ကြီးဘုရားဆိုတာ ဘာကို အဓိပ္ပါယ်ဆောင်သလဲဒီလိုကွာ

ဘုရားတည်လို့ ငြမ်းဆင်ရင် ဝါးနဲ့ ငြမ်းဆင်လေ့ရှိကြတယ်။ ဒီ ဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရားမို့ ခြောက်ထပ်ကြီး လို့ ခေါ်တာလေ။ဝါး ငါးပြန်ဆက်ပြီး ဆင်တဲ့ ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းမြို့နယ်က ကိုးထပ်ကြီးကျတော့ ဝါးကိုးပြန်ဆင်ရတာ။ တို့များပြည်က ဆယ်ထပ်ကြီး ဘုရားကျတော့ ဝါးဆယ်ပြန် ဆင်ရလို့ ဆယ်ထပ်ကြီး လို့ ခေါ်ရခြင်းဖြစ်ပေသည်။

ခြောက်ထပ်ကြီး ငါးထပ်ကြီး ဘုရားများရဲ့အဓိပ္ပါယ်ကို မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ်မျှဝေ တင်ပြလိုက်ပါတယ်ဒီနေရာမှာ အချို့သူတွေက ငါးထပ်ကြီး နဲ့ ကိုးထပ်ကြီးက သိပ်မကွာဘူးလို့ ပြောကြသလို အချို့ သူတွေက ဝါးကိုးပြန်တော့

မမြင့်ဘူးလို့ ပြောလာကြတဲ့သူတွေအတွက် သိရှိစေရန် ဗဟုသုတအလို့ငှာ အောက်ပါအတိုင်းဖြည့်စွက်လေ့လာနိုင်ပါတယ်။ငါးထပ်ကြီး ဘုရား ရဲ့အမြင့် က ၄၅.၅ပေ

ခြောက်ထပ်ကြီး ဘုရား ရဲ့အမြင့် က ၅၂.၅ ပေ ကိုးထပ်ကြီး ဘုရားရဲ့ အမြင့် က ၇၂ပေ တို့ ဖြစ်ပါတယ်။ငြမ်းဆင်တဲ့ အခါ ဝါးလုံး တစ်လုံး ရဲ့ အောက်ခြေကနေ ထိပ်ဖျားအထိကို မဆင်ပါဘူး။ထိပ်ဖျားက အရွယ်အစားသေးသွားတဲ့ အတွက် မ ခိုင်မှာ

စိုးတဲ့ အတွက် ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်။အဲဒီတော့ ဝါးလုံး ရဲ့အရှည် က ၁၂ ပေ လောက်ရှိပေမယ့် ငြမ်းဆင်ရင်တော့ ၇ပေ ၈ပေ အကွာ အဝေးလောက်ပဲ ရှိပါတယ်။ ဟုတ်မဟုတ် တွက်ချက်ကြည့်ကြပါကုန် (myanmar travel information ရဲ့အချက် အလက်များ အရ)

ဝင်္ဂဘာကန်ရှာပုံတော် ရန်ကုန်မြို့ ကန်တော်ကြီး နား ဗဟန်းရပ်မှာ ဝင်္ဂဘာကန်ကြီးရှိခဲ့ပါတယ်။ ၁၉၀၀ ဝန်းကျင် (၅) ထပ်ကြီးဘုရားအနီးရွာငယ် (ဝင်္ဂဘာရွာ) ရဲ့ အဓိက ရေအရင်းအမြစ်ကန်ကြီးလည်း ဖြစ်ခဲ့ပါတယ်။(၅) ထပ်ကြီး ဘုရား

ဝန်းကျင်နေရာကို တောများ ရှုပ်ထွေးလွန်းသောကြောင့် ဝင်္ဂဘာအရပ်ဟု အရင်က ခေါ်တွင်ပါတယ်။နှောင်းပိုင်း လူနေထူထပ်လာတာကတကြောင်း၊ ကန်အပေါ် လူတွေရဲ့ မှီတင်းမှုလည်း နည်းလာတာကတကြောင်း၊ ကန်ကြီးလည်း ကောပြီး

မြက်ရိုင်းပင်ထူထပ်နေတဲ့ ကွက်လပ်ကြီး ဖြစ်နေပါပြီ။ထိုကန်နဲ့ ပတ်သတ်ပြီး သမိုင်းအချက်အလက် နည်းပါးလှပါတယ်။Satellite ပုံနဲ့ ၁၉၁၄ မြေပုံကို ယှဉ်ပြီး ကန်နေရာကို လေ့လာလို့ရအောင် ဖော်ပြထားပါတယ်။အခုကန်နေရာကတော့

ဓမ္မဇောတိဝိပဿနာ ကျောင်းရဲ့ တစိတ်တပိုင်း ဖြစ်နေပါပြီကိုးကား ဖော်ပြပါတယ်။

Crd-Original Post