အာနန္ဒာဘုရားမှပျောက်ဆုံးသွားသော စိန်ပြာကြီး (ဝါ) ကျိန်စာသင့်သည်ဟုယုံကြည်ခဲ့ကြသော စိန်ပြာကြီး

အာနန္ဒာဘုရားမှပျောက်ဆုံးသွားသော စိန်ပြာကြီး (ဝါ) ကျိန်စာသင့်သည်ဟုယုံကြည်ခဲ့ကြသော စိန်ပြာကြီး

ပုဂံမှစိန်ပြာကြီး” အာနန္ဒာဘုရားမှပျောက်ဆုံးသွားသော စိန်ပြာကြီး (ဝါ) ကျိန်စာသင့်သည်ဟုယုံကြည်ခဲ့ကြသော စိန်ပြာကြီး (ဟုပ်စိန်ကြီး) ဟုလည်းခေါ်သည်။ မြန်မာနိုင်ငံတွင် အပြာရောင်စိန် (စိန်ပြာကြီး)နှင့်ပတ်သက်၍ ကမ္ဘာကျော်ခဲ့သော ဖြစ်ရပ်တခု ပေါ်ပေါက်ခဲ့ဖူးလေသည်။ပုဂံအာနန္ဒာဘုရားမုခ်ဝရှိ ဗုဒ္ဓရုပ်ပွားတော်၏ သင်းကျစ်တော်တွင် တပ်ဆင်ပူဇော်ထားသော စိန်ပြာကြီးကို ခိုးယူသွားရာလက်ဝယ်ရရှိသူများအားလုံး ကျိန်စာသင့်သည့်အလား ဘေးအန္တရာယ် အသွယ်သွယ်ကြုံတွေ့ရသည့် စိန်ပြာကြီး၏ အကြောင်းမှာ လွန်စွာစိတ်ဝင်စားဖွယ် ကောင်းလှသည်။

ဂျိုးဇက် တဗားနီးယားသည် ပြင်သစ်ကျောက်ကုန်သည် တဦးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ မကြာခဏ ရောက်ရှိပြီး မိုင်ဆိုး မဟာရာဇာစော်ဘွားကြီး၏ အကူညီဖြင့် ကျောက်မျက်ရတနာ အရောင်း အ ဝယ်ပြုလုပ်နေသူဖြစ်သည်။မိုင်ဆိုးမဟာရာဇာစော်ဘွားကြီးမှာ ချမ်းသာကြွယ်ဝသူဖြစ်သူပြီး ကမ္ဘာပေါ်ရှိ အကောင်းဆုံး အဖိုးထိုက်တန်သော ကျောက်မျက်ရတနာများကို စုဆောင်းသူအဖြစ်နာမည်ကျော်ကြားလေသည်။ဂျိုးဇက်တဗားနီးယားသည် မိုင်ဆိုးမဟာရာဇာ စော်ဘွားကြီးနှင့် တနေ့သောအခါ တွေ့ဆုံကြရာ စော်ဘွားကြီး၏ အရည်အသွေးအလွန်ကောင်းလှသော စိန်ပြာကို အံ့သြခြင်းများစွာ ဖြစ်ခဲ့ရလေသည်။ကမ္ဘာပေါ်တွင် ဤတလုံးသာရှိမည်ထင်ကြောင်း ချီးကျူးပြောဆိုရာစော်ဘွားကြီးက မိမိ စိန်ပြာသည် မြန်မာပြည် ပုဂံ အာနန္ဒာဘုရားတွင်တပ်ဆင်ပူဇော်ထားသော စိန်ပြာကြီးနှင့် နှိင်းယှဉ်မရအောင်ညံ့နေသေးကြောင်း ပြန်ပြောလေသည်။

ထိုအချိန်မှစ၍ ဂျိုးဇက်သည် မြန်မာပြည် အာနန္ဒာဘုရားရှိ စိန်ပြာကြီးကို ကြည့်ရှုလိုသောဆန္ဒ ပြင်းပြစွာဖြစ်ပေါ်နေလေတော့သည်။ ကြည့်ရှုလိုသောဆန္ဒ ပြင်းပြလွန်းသဖြင့် မြန်မာနိုင်ငံသို့ရောက် အောင်လာခဲ့လေသည်။မြန်မာဘုရင်အား လက်ဆောင်ပဏ္ဏာများဆက်သကာ ပုဂံအာနန္ဒာဘုရားမှ စိန်ပြာကြီးကို ကြည့်ရှု့လေ့လာလိုကြောင်း လျှောက်ထားလေသည်။ဂျိးဇက်ကိုပုဂံသို့ပို့ပေးပြီး အာနန္ဒာရားမုခ်ဝရှိ ဗုဒ္ဓရုပ်ပွားတော်၏ သင်းကျစ်တော်တွင် တပ်ဆင်ပူဇော်ထားသည့် စိန်ပြာကြီးကိုပြသရန် (ထိုခေတ်ကဂေါပကအဖွဲ့များမှာ ရဟန်းတော်များဖြစ်လေသည်)လျှောက်ထားအကြောင်းကြားလိုက်လေသည်။ဂေါပကအဖွဲ့ဝင်များကလည်း ဂျိုးဇက်ကြည့်ရှု့လိုသည်များကိုလိုက်လံပြသကြလေသည်။အာနန္ဒာဘရားကို အနောက်တောင်ဘက်မှဖူးတွေ့ရပုံနှင့် ကျိမ်စာသင့်သည်ဟုယုံကြည်ခဲ့ကြသောပုဂံ အာနန္ဒာဘုရားမှခိုးယူခံခဲ့ရသော စိန်ပြာကြီး ကို ပြင်သစ်ကျောက်ကုန်သည်ကြီးဂျိုးဇက်မှာ စိန်ပြာကြီးကို မြင်တွေ့ရပြီး လိုချင်တပ်မက်စိတ်များ ထိန်းမရအောင်ဖြစ်ပေါ်လာလေသည်။ ဂေါပကအဖွဲ့ဝင်များကိုလည်း ပရိယာယ်များစွာဖြင့်ယုံကြည်အောင်ပြောဆိုသိမ်းသွင်းလေသည်။

မိမိသည် ယခုမှမြန်မာပြည်ကို ရောက်ဖူးသော်လည်း မြတ်စွာဘုရား၏တရားတော်များကို ကြားနာခွင့်ရပြီး စိတ်၏ငြိမ်းချမ်းမှုရရှိခဲ့ကြောင်း မိမိကိုယ်တိုင်လည်း အရှင်ကောင်း အရှင်မြတ်များကဲသို့ သာသနာဘောင်ဝင်ရောက်ရဟန်းပြုလိုကြောင်းယုံကြည်အောင်ပြောဆိုခဲ့လေသည်။ ဂေါပကအဖွဲ့ဝင်ရဟန်းတော်များကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ဂျိုးဇက် အား ရဟန်းဘောင်သို့သွတ်သွင်းပေးတော်မူခဲ့ကြလေသည်။မကြာမီကာလမှာပင် ရဟန်းတဖြစ်လဲ ဂျိုးဇက်သည် ရဟန်းနှစ်ပါးနှင့်အတူ အလှည့်ကျ ဂေါပကအဖွဲ့တွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့လေသည်။ တာဝန်ထမ်းဆောင်နေစဉ် တနေ့သောညဉ့်တွင် အဖော်ရဟန်းနှစ်ပါးအား မေ့မျောအောင်ရိုက်နှက်ပြီးဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားသင်းကျစ်တော်တွင်တပ်ဆင်ပူဇော်ထားသောစိန်ပြာကြီးကို ခိုးယူထွက်ပြေးသွားလေတော့သည်။ ပုဂံအာနန္ဒာဘုရားမှ ခိုးယူလာသောစိန်ပြာကြီးကို ဂျိုးဇက်သည် ပြင်သစ်နိုင်ငံ၌ ရောင်းချရန် ကြိုးစားခဲ့သော်လည်း တန်ဘိုးကြီးလွန်းသဖြင့် ဝယ်ယူနိုင်မည့်သူမရှိပေ။

Antwerp မြို့တွင်နေသော ပန်းထိမ်ဆရာတဦးမှတဆင့် အရောင်း အဝယ်ပြုလုပ်ရန် ကြိုးစားပြန်ရာ ပန်းထိမ်ဆရာက စိန်ပြာကြီးမှာရတီတရာကျော်(တအောင်စနီးပါး)ရှိပြီး အရောင်အသွေးမှာလည်း တုဘက်ကင်းသော်လည်း တနေရာတွင် အနာကလေးပါနေသည်ကိုဖဲ့ထုပ်ပြီး ပြန်သွေးလိုက်လျှင် အရောင်အသွေး ပိုမိုတောက်ပလာမည့်အပြင် ဈေးလည်း ပိုလာမည်ဖြစ်ကြောင်း အကြံ ပေးသဖြင့် သဘောတူကာစိန်ပြာကြီးကို ပန်းထိမ်ဆရာကြီးထံအပ်နှံထားပြီးအိန္ဒိယပြည်သို့ ရတနာအရောင်းအဝယ်နှင့် ခရီးသွားရာလမ်းတွင် ကျားကိုက်ခံရ၍ ကျောက်ကုန်သည်ကြီး ဂျိုးဇက်တဗား နီးယားမှာ အနိစ္စရောက်ခဲ့ရလေတော့သည်။ပန်းထိမ်ဆရာကြီးသည်အနာပါသော အပိုင်းကို ဖဲ့ထုပ်ပြုပြင်သွေးပြီး ဂျိုးဇက်တဗားနီးယား ပြန်အလာယူကိုစောင့်မျှော်နေလေသည်။ တပည့်ဖြစ်သူမှ ပန်းထိမ်ဆရာကြီးအား လုပ်ကြံသတ်ဖြတ်ကာ စိန်ပြာကြီးအားခိုးယူထွက်ပြေးသွားလေသည်။ လမ်းခရီးတွင်ခိုးသား ဓားမြတို့နှင့်တွေ့ပြီး အသတ်ခံရကာ စိန်ပြာကြီး မှာလည်းဇာတ်မြုပ်သွားခဲ့လေတော့သည်။ အာနန္ဒာဘုရား အနောက်ဘက်တံတိုင်းနှင့် မုခ်ဝ၊ တံတိုင်းတွင် မူလစေတီယံကလေးများကိုတွေ့မြင်နိုင်သည်။။

ပြင်သစ်နိုင်ငံ ၁၆ ဆက်မြောက် လူဝီဘုရင်ထံသို့ ပျောက်ဆုံးနေသောစိန်ပြာကြီး ထူးခြားစွာရောက်ရှိလာခဲ့ပေသည် (မုဆိုးများက တောတွင်းမှ တွေ့ရှိဆက်သသည်ဟု တချို့ဆိုသည်)လူဝီဘုရင်ကြီးသည် သူ့မိဖုရားကြီး၏ သရဖူတွင်တပ်ဆင်ပေးခဲ့သည်။ မိဖုရားကြီးမှာ ချောမောလှပသူဖြစ်ရာ စိန်ပြာကြီးနှင့် လိုက်ဖက်လွန်းသည်ဟုဆိုသည်။စိန်ပြာကြီး လူဝီဘုရင်ထံရောက်ရှိပြီး မကြာမီ ဘုရင်အားဆန့်ကျင်သော ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာရာ လူဝီဘုရင်နန်းချခံခဲ့ရသည်။ ခရစ်နှစ် ၁၇၈၂ ခုနှစ်တွင် ပြင်သစ်အမျိုးသားညီလာခံဖွဲ့စည်းပြီး အခြေခံဥပဒေသစ်ကိုဒုတိယအကြိမ်ရေးဆွဲပြီး ဘုရင်စနစ်ကို ဖျက်သိမ်းပြီး သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာပြီး အမျိုးသားညီလာခံ ဆန္ဒမဲဖြင့် လူဝီ ၁၆ နန်းကျဘုရင်နှင့် မိဖုရားအား သေဒဏ်ပေးကာ၁၇၉၃ ခုနှစ်တွင် ကွပ်မျက်ခဲ့ပေသည်။ ။စိန်ပြာကြီးတပ်ဆင်ထားသော သရဖူနှင့်တကွ နန်းတွင်းပစ္စည်းများကို ပြတိုက်တွင် ထိမ်းသိမ်းထားခဲ့ရာ ပြင်သစ်နိုင်ငံတွင် အုပ်ချုပ်ရေးပုံစံ အမျိုးမျိုးပြောင်းလည်းနေချိန်၌ ပြတိုက်ဖောက်ထွင်းခံခဲ့ရလေသည်။ဖောက်ထွင်းခိုးယူခံခဲ့ရသည့် ပစ္စည်းများတွင် စိန်ပြာကြီးတပ်ဆင်ထားသော သရဖူကြီးလည်းပါသွားခဲ့လေသည်။

ပြင်သစ်နိုင်ငံပြတိုက်အတွင်းမှ ခိုးယူခံရသော စိန်ပြာကြီးကို အင်္ဂလန်နိုင်ငံ စိန်ကုန်သည်ကြီး ဖောက် ဆို သူက တစုံတယောက်ထံမှ ဝယ်ယူခဲ့ရာ သားဖြစ်သူက ခိုးယူသွားရာ မကြာမီသားဖြစ်သူ မိမိကိုယ်ကိုမိမိသတ်သေသွားလေသည်။ ဖောက် ၏ သားမသေမီ ဖရန်စစ်ဆိုသူ အားရောင်းချခဲ့လေသည်။ ဖရန်စစ်မှတဆင့် ဒင်နီယယ်အယ်ဆင်အား ပြန်ရောင်းခဲ့လေသည်။ဒင်နီယယ် ဖရန်စစ်ကိုခင်မင်ရင်းစွဲရှိ၍ နောက်တကြိမ်သွားတွေ့ရာ အိပ်ရာထဲတွင် သေဆုံးနေလေသည်။ ဒင်နီယယ်သည် ၁၈၃၀ ပြည့်နှစ်အထိ စိန်ပြာကြီးကိုသိမ်းဆည်းထားပြီး မစ္စတာ ဆာ ဟင်နရီသောမတ်စ် ဟုပ် ကို စတာလင်ပေါင်တသောင်းရှစ်ထောင်ဖြင့်ရောင်းလိုက်လေသည်။သန်းကြွယ်သူဌေး မစ္စတာ(Hope)ဟုပ်မှ ဇနီးဖြစ်သူအတွက် လည်ဆွဲလုပ်၍ မွေးနေ့လက်ဆောင်ပေးခဲ့လေသည်။ စိန်ပြာကြီးကျိန်စာသင့်သည်ဟု သူတမျိုးငါတမျိုးပြောကျသော်လည်း ကျိန်စာ သင့် သည် ဆိုသည်ကိုအယူအစွဲ အယုံအကြည်မရှိဟုဆိုကာ ဈေးကြီးပေးဝယ်ပြီး စိန်ပြာကြီးကို Hope ဟုပ်ဟု အမည်ပေးကာဇနီးဖြစ်သူကိုဆင်ယင်ပေးခဲ့လေသည်။

မကြာမီ တဦးတည်းသော သူတို့၏ သားဖြစ်သူ မော်တော်ကားတိုက်မှု့ဖြစ်ကာသေဆုးံခဲ့လေသည်။ မစ္စတာဟုပ်မှာလည်း မတော်တဆထိခိုက်မှု့ဖြင့်ပင်အနိစ္စရောက်ခဲ့ရလေသည်။ စည်းစိမ်ချမ်း သာ မှုများအကြောင်းအမျိုးမျိုးဖြင့်ပျက်ဆီး၍ စိတ်မချမ်းမြေ့ဖွယ်ရာများကြုံတွေ့ရလေတော့သည်။ခရစ်နှစ် ၁၉၀၈ ခုနှစ် ပထမကမ္ဘာစစ်ကြီးမဖြစ်ပွားမီ နှစ်အနည်းငယ်အလိုတွင် စိန်ကုန်သည် ကိုလော့ ဆိုသူက ရုရှား ဘုရင်မျိုးနွယ် မင်းသားကြီးဖြစ်သူ ကနီတော့စကီးအား စိန်ပြာကြီး(ဟုပ်စိန်ကြီး)ကိုရောင်းချခဲ့သည်၊မင်းသားကြီးထံမှ ကျောက်တန်ဖိုး အပြည့်အဝမရရှိသည့်အပြင် ကိုလော့ မှာ မိမိကိုယ်ကိုမိမိ သတ်သေသွားခဲ့လေသည်။မင်းသားပြီးကနီတော့စကီးက သူချစ်ကြိုက်နေသော ကချေသည်မလေး လော်ဒီကို လက်ဆောင်ပေးခဲ့သည်။ လော်ဒီမှာ ပြင်သစ်ပြည်မှ နာမည်ကျော်အနုပညာရှင်တဦးဖြစ်သည်။

ကချေသည်မလေးလော်ဒီသည် မင်းသားကြီးထံမှ စိန်ပြာကြီးကို လက်ခံရယူပြီး မကြာမီ ဇာတ်ခုံပေါ်၌ကပြနေစဉ် ခြောက်လုံးပြူးသေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရရှာလေသည်။ READ ပညာရေးကိစ္စ ဖမ်းဆီးခံရ သူတွေ ပြန်လွှတ်ရေး မိတ္တီလာမှာ ဆန္ဒပြ ကချေသည်မလေး သေဆုံးပြီး ၂ ရက်အကြာတွင်စိန်ပြာကြီးကိုလက်ဆောင်ပေးခဲ့သူ မင်းသားကြီး ကနီတော့စကီးမှာ ပဲရစ်လမ်းတလမ်းပေါ်တွင်အမည်မသိလူတယောက်၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရကာ ကွယ်လွန်ရရှာလေသည်။မကြာမီကာလအတွင်း ဗော်ရှီဗစ် တော်လှန်ရေးဖြစ်ပေါ်လာပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ချုပ်ငြိမ်းသွားလေသည်။။ စိန်ပြာကြီးလည်း အစပျောက်ခဲ့ပြန်သည်.အစပျောက်နေသောစိန်ပြာကြီးမှာ ဂရိ ရတနာကုန်သည်ကြီးတစ်ဦးက တူရကီဘုရင် စူလ်တန်အက်ဗဒူဟာမစ်ကို ရောင်းခဲ့ရာမှ ကျိန်စာသတင်းများဆက်လက်ထွက်ပေါ်ခဲ့လေသည် စိန်ပြာကြီးကိုရောင်းချခဲ့သော ကုန်သည်လင်မ ယားနှစ်ယောက်သည် မြင်းရထားမှောက်၍ သေသွားသလို စူလတန်ဘုရင်မှာလည်း သွက်သွက်ခါအောင်ရူးသွားခဲ့ရလေသည်။

စူလတန်၏သား တော်နီမေးဆစ်က စိန်ပြာကြီးကို ဆက်လက်ထိမ်းသိမ်းကာ နန်းတက်လေသည်။ မကြာမြင့်မီမှာပင် ပုန်ကန်မှုများဖြစ်ပွားပြီး အသတ်ခံခဲ့ရလေသည်။ ခရစ်နှစ် ၁၉၁၁ ခုနှစ်တွင် အမေရိကန်ရှိစိန်ကုန်သည်ကြီးတစ်ဦးထံမှ ဂုဏ်သရေရှိ မစ္စက်ကလင်းက စတာလင်ပေါင် ငါးသောင်းနှစ်ထောင်ဖြင့် ဝယ်ယူပြီးဝတ်ဆင်ခဲ့လေသည်။ ထိုစိန်ပြာကြီးဝယ်ယူပြီး မကြာမြင့်မီ သားငယ်လေးဖြစ်သူ ဗင်ဆင်မက်ကလင်းမှာ မော်တော်ကားကြိတ်၍ ပွဲခြင်းပြီး အသက်ဆုံးရှုံရသည်ဟုဆိုလေသည်။စိန်ကုန်သည်ကြီးများမှ မြန်မာပြည် ပုဂံမှ စိန်ပြာကြီးကို ကျိမ်စာသင့်သောစိန်ကြီးအဖြစ် တညီတညွတ်တည်း လက်ခံကြရလေတော့သည်။ ။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွားမီခရစ်နှစ်၁၉၂၉ခုနှစ်လောက်တွင် ဂျော့အီးစမင်း (George Eastman)Eastman Kodak ကုမ္ပဏီပိုင်ရှင် ဖလင်လိပ်နှင့် ရုပ်ရှင်ဖလင်များကို ဦးစွာထုပ်လုပ်ခဲ့သူသည် ကမ္ဘာကျော်စိန်ပြာကြီးကို အမေရိကန် ကျောက်မျက်ရတနာဈေးကွက်မှ အမြင့်ဆုံးဈေးပေးပြီးဝယ်ယူလိုက်သည်။

၎င်းနောက်သူတဦးတည်းပိုင် ကိုဒတ်ကုမ္ပဏီကို တကမ္ဘာလုးံရှိသူ၏ ကိုယ်စားလှယ်များနှင့်ပြည်သူများအား အစုရှယ်ယာများခွဲဝေပေးပြီး အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းလိုက်သည်။ဆေးရုံများသို့သန်းပေါင်းများစွာလျှူဒန်းခဲ့သည်။၁၉၃၁ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဓာတ်ပုံပြုင်ပွဲတွင်ပထမဆုရသူကို ဒေါ်လာ ၃၀၀၀၀ နှင့်ရွှေစင်ရုပ် ဆု ချီးမြှင့်ခဲ့သည်။ တစ်ကမ္ဘာလုံးရှိပြိုင်ပွဲဝင်သူများအား ဆုပေါင်းထောင်နှင့်ချီ၍ ချီးမြှင့်ခဲ့သည်။မြန်မာပြည်မှ မန္တလေးနန်းမြို့ရိုးပုံနှင့် နှစ်သိမ့်ဆုရဖူးသည်။ ထိုသို့ဆုများချီးမြှင့်ပြီး မကြာမီမှာပင် ဂျော့အီးစမင်းသည် သူ့ကိုယ်သူ သတ်သေသွားလေတော့၏။ သူလုပ်ချင်တာ လုပ်ခဲ့ရပြီး၍ လူ့ပြည်တွင်ဆက်၍မနေလိုတော့ ဟူသော အဓိပ္ပါယ် သက်ရောက်သည့် စာတစောင်ကိုလည်း ရေးသားထားခဲ့သည်။ပုဂံအာနန္ဒာဘုရားမှ ပြင်သစ် လူမျိုး ဂျိုးဇက်တဗားနီးယားခိုးယူသွားခဲ့သော စိန်ပြာကြီး(သိ့မဟုပ်)ဟုပ် စိန်ကြီးသည်ပိုင်ဆိုင်သူများကို ခိုက်စေသည့်အတွက် နောက်ဆုံးပိုင်ရှင်ဖြစ်သော ဟယ်ရီဝင်စတန်မှာ ခရစ်နှစ် ၁၉၄၉ ခုနှစ် အတွင်းတွင် စမစ်ဆိုနီယာန်(Smithsoniam)ပြတိုက်သို့ ပေးလှူလိုက်လေ တော့သည်။စာကိုး။ ။စာရေးဆရာကြီး ဓူဝံ၊ကျိန်စာသင့် စိန်ပြာ။။။ဆရာ ဝင့်ထယ် ပုဂံ စိန်ပြာကြီး။။

Credit to ဆရာစိုင်းလွင်ဦး