မစိုးရိမ်ကျောင်းတိုက် ဖြစ်ပေါ်လာပုံ သမိုင်း

မစိုးရိမ်ကျောင်းတိုက် ဖြစ်ပေါ်လာပုံ သမိုင်း

ပထမကမ္ဘာစစ်ကြီး ဖြစ်ကာနီး ရန်ကုန်ဆိပ်ကမ်းမှာ ဂျာမန်ကုန်သည်တစ်ဦးဟာ သင်္ဘောကြီး တစ်စင်းအပြည့် ” ဆား “တွေ တင်လာတယ်။စစ်ဖြစ်ကာနီးကျ ဂျာမနီအစိုးရက ဂျာမန်နိုင်ငံသားအားလုံးကို ရန်သူအင်္ဂလိပ်ပိုင် ကိုလိုနီတွေကနေ ပြန်လာဖို့

ခေါ်နေပြီ။အင်္ဂလိပ်တွေကလည်း သူ့ပိုင်နက်ထဲက ဂျာမန်တွေကို ဝက်အူချောင်းလုပ်စားပစ်ချင်နေကြပြီ။ ဒီတော့ ဂျာမန်ကုန်သည်ကြီးဟာ သူ့ဆားတွေ စင်းလုံးပြတ်ဝယ်နိုင်မယ့် သူ‌ဌေး လိုက်ရှာတယ်။

အဲ့ဒီမှာ မန္တလေးကနေ ရန်ကုန်ကို ရောက်နေတဲ့ လက်ဖက်သူ‌ဌေး ဦးကျော် နဲ့ သွားချိတ်မိတယ်။ ဂျာမန်က ဦးကျော်ကို ဆားဖိုးကို ‌အင်္ဂလိပ်ငွေတွေ မချေပါနဲ့ ‌ရွှေ နဲ့ ချေပါတဲ့။ဦးကျော်မှာလည်း အဲ့ဒီလောက်ရွှေက မရှိ။ နောက်တော့ ဂျာမန်လည်း

ရှိသလောက် ရွှေပဲပေးဗျာဆိုပြီး ဦးကျော်လက်ထဲ ဆားပြည့်ပါတဲ့ သင်္ဘောတစ်စီးစာ ထားခဲ့တော့တယ်။ဦးကျော် ရတဲ့ ဆားတွေက မန္တလေး ဒေးဝန်းမှာ ဆယ်ခန်းဂိုထောင်ကြီးနဲ့ အပြည့်ပဲ။

နယ်တွေကို အကြာကြီးရောင်းစားတာတောင် မကုန်နိုင်ဘူးတဲ့။ပထမကမ္ဘာစစ်ကြီး ကောင်းမှူ့အကြောင်းပြုပြီး သူဌေးဦးကျော် စီးပွားက တက်သထက် တက်လာတယ်။ဒီတော့ သံဃာတွေ စာသင်ဖို့ စာသင်တိုက်ကြီးတစ်ခု လှူဖို့ လုပ်တယ်။

ဟိုး သီပေါမင်းခေတ်ကနေ အင်္ဂလိပ်ခေတ်ဦးအထိ မြို့ဝန်လုပ်ခဲ့တဲ့ ဦးပေစိဆီက ဥယျာဉ်ကြီးကို ဝယ်လိုက်တယ်။

ဦးပေစိ မြေးကလေး ကျောက်ပေါက်ပြီး နေမကောင်း ဖြစ်တော့ အဲ့ဒီ ဥယျာဉ်ကြီးထဲ သွားထားပြီး ကုမှ မစိုးရိမ်ရတဲ့ အခြေအနေရောက်တာတဲ့။ဒီတော့ ဥယျာဉ်ကြီးကို မစိုးရိမ်ဥယျာဉ်ကြီးလို့ နာမည်ပေးထားလိုက်တယ်။ဒီလိုနဲ့ ‌ဦးကျော် နဲ့

သူ့အဖေ ဦးသက်ရှည်က ဒီဥယျာဉ်ကြီးကို ဝယ် ကျောင်းကြီးဆောက်ပြီး လှူတော့ မစိုးရိမ်ကျောင်းတိုက်ဆိုပြီး ဖြစ်သွားသတဲ့။

လူထုဒေါ်အမာ မန္တလေးသူ မန္တလေးသားတွေ

(ZAWGYI)

မစိုးရိမ္ေက်ာင္းတိုက္ ျဖစ္ေပၚလာပုံ သမိုင္း

ပထမကမာၻစစ္ႀကီး ျဖစ္ကာနီး ရန္ကုန္ဆိပ္ကမ္းမွာ ဂ်ာမန္ကုန္သည္တစ္ဦးဟာ သေဘၤာႀကီး တစ္စင္းအျပည့္ ” ဆား “ေတြ တင္လာတယ္။စစ္ျဖစ္ကာနီးက် ဂ်ာမနီအစိုးရက ဂ်ာမန္ႏိုင္ငံသားအားလုံးကို ရန္သူအဂၤလိပ္ပိုင္ ကိုလိုနီေတြကေန ျပန္လာဖို႔

ေခၚေနၿပီ။အဂၤလိပ္ေတြကလည္း သူ႔ပိုင္နက္ထဲက ဂ်ာမန္ေတြကို ဝက္အူေခ်ာင္းလုပ္စားပစ္ခ်င္ေနၾကၿပီ။ ဒီေတာ့ ဂ်ာမန္ကုန္သည္ႀကီးဟာ သူ႔ဆားေတြ စင္းလုံးျပတ္ဝယ္ႏိုင္မယ့္ သူ‌ေဌး လိုက္ရွာတယ္။

အဲ့ဒီမွာ မႏၲေလးကေန ရန္ကုန္ကို ေရာက္ေနတဲ့ လက္ဖက္သူ‌ေဌး ဦးေက်ာ္ နဲ႔ သြားခ်ိတ္မိတယ္။ ဂ်ာမန္က ဦးေက်ာ္ကို ဆားဖိုးကို ‌အဂၤလိပ္ေငြေတြ မေခ်ပါနဲ႔ ‌ေ႐ႊ နဲ႔ ေခ်ပါတဲ့။ဦးေက်ာ္မွာလည္း အဲ့ဒီေလာက္ေ႐ႊက မရွိ။ ေနာက္ေတာ့ ဂ်ာမန္လည္း

ရွိသေလာက္ ေ႐ႊပဲေပးဗ်ာဆိုၿပီး ဦးေက်ာ္လက္ထဲ ဆားျပည့္ပါတဲ့ သေဘၤာတစ္စီးစာ ထားခဲ့ေတာ့တယ္။ဦးေက်ာ္ ရတဲ့ ဆားေတြက မႏၲေလး ေဒးဝန္းမွာ ဆယ္ခန္းဂိုေထာင္ႀကီးနဲ႔ အျပည့္ပဲ။

နယ္ေတြကို အၾကာႀကီးေရာင္းစားတာေတာင္ မကုန္ႏိုင္ဘူးတဲ့။ပထမကမာၻစစ္ႀကီး ေကာင္းမႉ႔အေၾကာင္းျပဳၿပီး သူေဌးဦးေက်ာ္ စီးပြားက တက္သထက္ တက္လာတယ္။ဒီေတာ့ သံဃာေတြ စာသင္ဖို႔ စာသင္တိုက္ႀကီးတစ္ခု လႉဖို႔ လုပ္တယ္။

ဟိုး သီေပါမင္းေခတ္ကေန အဂၤလိပ္ေခတ္ဦးအထိ ၿမိဳ႕ဝန္လုပ္ခဲ့တဲ့ ဦးေပစိဆီက ဥယ်ာဥ္ႀကီးကို ဝယ္လိုက္တယ္။

ဦးေပစိ ေျမးကေလး ေက်ာက္ေပါက္ၿပီး ေနမေကာင္း ျဖစ္ေတာ့ အဲ့ဒီ ဥယ်ာဥ္ႀကီးထဲ သြားထားၿပီး ကုမွ မစိုးရိမ္ရတဲ့ အေျခအေနေရာက္တာတဲ့။ဒီေတာ့ ဥယ်ာဥ္ႀကီးကို မစိုးရိမ္ဥယ်ာဥ္ႀကီးလို႔ နာမည္ေပးထားလိုက္တယ္။ဒီလိုနဲ႔ ‌ဦးေက်ာ္ နဲ႔

သူ႔အေဖ ဦးသက္ရွည္က ဒီဥယ်ာဥ္ႀကီးကို ဝယ္ ေက်ာင္းႀကီးေဆာက္ၿပီး လႉေတာ့ မစိုးရိမ္ေက်ာင္းတိုက္ဆိုၿပီး ျဖစ္သြားသတဲ့။

လူထုေဒၚအမာ မႏၲေလးသူ မႏၲေလးသားေတြ