အိမ်ရှေ့ အမွှေးတိုင်ထွန်းခြင်း (သို့) နာနာဘာဝတွေကို ဖိတ်ခေါ်နေတဲ့ အယူအဆတခု

အိမ်ရှေ့ အမွှေးတိုင်ထွန်းခြင်း (သို့) နာနာဘာဝတွေကို ဖိတ်ခေါ်နေတဲ့ အယူအဆတခု

ပုံမှန်အားဖြင့် ကိုယ့်အိမ်က ဘုရားစင်မှာ ဆွမ်းတော်တင်ထားတာက ကြွက်ကပဲ လာနှိုက်စားနိုင်တယ်။ သရဲက လာနှိုက်မစားနိုင်ဘူး။ဒါပေမယ့် အိမ်ရှေ့မွှေးတိုင်ထွန်းလိုက်တာက သရဲတွေ အိမ်ထဲဝင်လာနိုင်တယ်လို့ ခွင့်ပြုပေးလိုက်တဲ့ သင်္ကေတဖြစ်တယ်။ မြင်အပ် မမြင်အပ်ဆိုတဲ့ထဲမှာ သရဲတွေလည်း ပါတယ်။ နေစရာရှိတဲ့သူကတော့ သာဓုခေါ်စရာရှိတာခေါ်၊ စားစရာရှိတာ စားပြီး ကိုယ့်နေရာကို ပြန်သွားမှာပဲ။ နေစရာမရှိတဲ့ ခပ်ဆိုးဆိုး သရဲတွေက မပြန်ပဲ အိမ်ထဲ နေနေခဲ့မယ်။

တောက အမျိုးတွေ အလည်ခေါ်တယ်။ အလုပ်အကိုင် အဆင်ပြေတဲ့ အမျိုးက လည်ပတ်ဘုရားဖူးပြီး ပြန်သွားတယ်။ အလုပ်အကိုင် အဆင်မပြေ စားဝတ်နေရေး ကြပ်တည်းနေတဲ့ အမျိုးက မပြန်တော့ဘူးလေ။ အဲဒီသဘောအတိုင်းပဲ။

အိမ်ရှင်က ခေါ်ထားတဲ့သရဲဖြစ်နေလို့ အိမ်စောင့်နတ်ကလည်း နှင်ထုတ်နိုင်စွမ်း မရှိတော့ဘူး။ သတ်သတ်လွတ်ကပ်လို့ သရဲမကြိုက်ဘူး ဆိုကြသေးတယ်။ သရဲက ငတ်နေတဲ့ သတ္တဝါအမျိုးအစားမို့ ရတာအကုန်စားတာ။ သတ်သတ်လွတ်တာ မလွတ်တာတွေ ရွေးမနေဘူး။ သရဲက စုပ်ခွက်ငါးထက်တောင် အစားပက်စက်သေးတယ်။ ဓမ္မပဒမှာပါတဲ့ သရဲတွေကြိုက်တဲ့ အစားအစာစာရင်းအရ သစ်သီးကလွဲရင် ထမင်းဖြူကအစ သရဲကကြိုက်တယ်။

ဆွမ်းစသည် လျော့နေတာ ခြေရာကျန်ခဲ့တာက သရဲက နောက်ထပ် ထပ်စားရအောက်လို့ ခွင်ဖန်တာက ဖြစ်ဖို့များတယ်။

နောက်ပြီးတော့ အထက်အညာ ရွာတစ်ရွာက ရခဲ့တဲ့နည်းဆိုပြီး ရေးထားတယ်။ အထက်အညာမှာက သရဲမွေးပြီး လုပ်စားနေကြတဲ့ ဘုန်းကြီးတွေ လူတွေရှိတယ်။ မွေးထားတဲ့ သရဲနဲ့ မွေးထားသူနဲ့ ဇာတ်တိုက်ပြီး လုပ်စားနေကြတာ။ သရဲမွေးထားသူတွေက ဘုန်းကြီးနေနေ လူနေနေ နောက်ပိုင်းမှာ သူမွေးထားတဲ့သရဲက ပြန်သတ်လို့ သေကြတာချည်းပါပဲ။ မွှေးတိုင်မထွန်းပဲ မြင်အပ် မမြင်အပ် စသည် ထည့်မဖိတ်ပဲ ရဟန္တာပဲ ရိုးရိုးပင့်ကြည့် ဘယ်ဆွမ်းမှ မလျော့ဘူး။ ဘယ်ခြေရာမှ မကျန်ခဲ့ဘူး။သိနားလည်စေဖို့ အိမ်ရှေ့ ခြံရှေ့ ရိုးရိုးဒီအတိုင်း ဘာမှ မပြောပဲ အမွှေးတိုင်းထွန်းရင် သရဲ တစ္ဆေ ဘီလူးစတဲ့ မကောင်းဆိုးဝါးတွေ မလာနိုင်ပါ။

အိမ်ရှေ့ ခြံရှေ့ မွှေးတိုင်ထွန်းပြီး “မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အပေါင်း နှင့် သုခိတ ဒုက္ခိတ သတ္တဝါအပေါင်းတို့ကို ပင့်ဖိတ်အပ်ပါသည်။ ၃၁ ဘုံသားတို့အား ပင့်ဖိတ်အပ်ပါသည်” လို့ ရွတ်ဆိုမှ သရဲ တစ္ဆေ ဘီလူးစတဲ့ မကောင်းဆိုးဝါးတွေ လာနိုင်တာပါ။

ဒါကြောင့် အမွှေးတိုင်ထွန်းရင် ကိုယ်ရည်ညွှန်းတဲ့သူကို တိတိကျကျ နာမည်တပ်ပြီး ပြောပါ။ ဥပမာ ခြံစောင့်နတ်အား ပူဇော်ပါသည် ပေါ့။ အားလုံးနဲ့ သက်ဆိုင်ပြီး အစွန်းထွက်တဲ့ စကားတွေ မပြောပါနဲ့။ဘုရားရှိခိုးရင် သမန္တာစက္ကဝါဠေသု ဆိုပြီး ရိုးရိုးရွတ်ပါ။ အထွန့်တက် လျှာမရှည်ပါနဲ့။ လေမရှည်ပါနဲ့။ ပါးစပ်ကြောင့် ဒုက္ခရောက်တတ်တယ်။ဆွမ်းတော်ကို စွန့်ပစ်တဲ့အခါ ခြံစည်းရိုးမှာ မစွန့်ပစ်ပါနဲ့ ။ သရဲ တစ္ဆေတွေ လာစားပြီး ခြံစည်းရိုးမှာ ကပ်နေတတတ်တယ်။

အိမ်ခြံဝန်းထဲမှာစွန့်ပစ်ရင် “စားလိုသူတွေ လာရောက်စားသုံးကြပါ” လို့ မပြောပါနဲ့ သရဲ တစ္ဆေတွေ လာစားတတ်တယ်။အမွှေးတိုင်ထွန်းတာက လေထုကို ညစ်ညမ်းစေပြီး ရောဂါရစေလို့ မထွန်းတာက အကောင်းဆုံးပါ။ ဘုရားပူဇော်ချင်ရင် ရေမွှေးစတာနဲ့ ပူဇော်ပါ။

မိုးသု (မန္တလေး)

(ZAWGYI)

အိမ္ေရွ႕ အေမႊးတိုင္ထြန္းျခင္း (သို႔) နာနာဘာဝေတြကို ဖိတ္ေခၚေနတဲ့ အယူအဆတခု

ပုံမွန္အားျဖင့္ ကိုယ့္အိမ္က ဘုရားစင္မွာ ဆြမ္းေတာ္တင္ထားတာက ႂကြက္ကပဲ လာႏႈိက္စားႏိုင္တယ္။ သရဲက လာႏႈိက္မစားႏိုင္ဘူး။ဒါေပမယ့္ အိမ္ေရွ႕ေမႊးတိုင္ထြန္းလိုက္တာက သရဲေတြ အိမ္ထဲဝင္လာႏိုင္တယ္လို႔ ခြင့္ျပဳေပးလိုက္တဲ့ သေကၤတျဖစ္တယ္။ ျမင္အပ္ မျမင္အပ္ဆိုတဲ့ထဲမွာ သရဲေတြလည္း ပါတယ္။ ေနစရာရွိတဲ့သူကေတာ့ သာဓုေခၚစရာရွိတာေခၚ၊ စားစရာရွိတာ စားၿပီး ကိုယ့္ေနရာကို ျပန္သြားမွာပဲ။ ေနစရာမရွိတဲ့ ခပ္ဆိုးဆိုး သရဲေတြက မျပန္ပဲ အိမ္ထဲ ေနေနခဲ့မယ္။ ေတာက အမ်ိဳးေတြ အလည္ေခၚတယ္။ အလုပ္အကိုင္ အဆင္ေျပတဲ့ အမ်ိဳးက လည္ပတ္ဘုရားဖူးၿပီး ျပန္သြားတယ္။ အလုပ္အကိုင္ အဆင္မေျပ စားဝတ္ေနေရး ၾကပ္တည္းေနတဲ့ အမ်ိဳးက မျပန္ေတာ့ဘူးေလ။ အဲဒီသေဘာအတိုင္းပဲ။

အိမ္ရွင္က ေခၚထားတဲ့သရဲျဖစ္ေနလို႔ အိမ္ေစာင့္နတ္ကလည္း ႏွင္ထုတ္ႏိုင္စြမ္း မရွိေတာ့ဘူး။ သတ္သတ္လြတ္ကပ္လို႔ သရဲမႀကိဳက္ဘူး ဆိုၾကေသးတယ္။ သရဲက ငတ္ေနတဲ့ သတၱဝါအမ်ိဳးအစားမို႔ ရတာအကုန္စားတာ။ သတ္သတ္လြတ္တာ မလြတ္တာေတြ ေ႐ြးမေနဘူး။ သရဲက စုပ္ခြက္ငါးထက္ေတာင္ အစားပက္စက္ေသးတယ္။ ဓမၼပဒမွာပါတဲ့ သရဲေတြႀကိဳက္တဲ့ အစားအစာစာရင္းအရ သစ္သီးကလြဲရင္ ထမင္းျဖဴကအစ သရဲကႀကိဳက္တယ္။ ဆြမ္းစသည္ ေလ်ာ့ေနတာ ေျခရာက်န္ခဲ့တာက သရဲက ေနာက္ထပ္ ထပ္စားရေအာက္လို႔ ခြင္ဖန္တာက ျဖစ္ဖို႔မ်ားတယ္။

ေနာက္ၿပီးေတာ့ အထက္အညာ ႐ြာတစ္႐ြာက ရခဲ့တဲ့နည္းဆိုၿပီး ေရးထားတယ္။ အထက္အညာမွာက သရဲေမြးၿပီး လုပ္စားေနၾကတဲ့ ဘုန္းႀကီးေတြ လူေတြရွိတယ္။ ေမြးထားတဲ့ သရဲနဲ႔ ေမြးထားသူနဲ႔ ဇာတ္တိုက္ၿပီး လုပ္စားေနၾကတာ။ သရဲေမြးထားသူေတြက ဘုန္းႀကီးေနေန လူေနေန ေနာက္ပိုင္းမွာ သူေမြးထားတဲ့သရဲက ျပန္သတ္လို႔ ေသၾကတာခ်ည္းပါပဲ။ ေမႊးတိုင္မထြန္းပဲ ျမင္အပ္ မျမင္အပ္ စသည္ ထည့္မဖိတ္ပဲ ရဟႏၲာပဲ ႐ိုး႐ိုးပင့္ၾကည့္ ဘယ္ဆြမ္းမွ မေလ်ာ့ဘူး။ ဘယ္ေျခရာမွ မက်န္ခဲ့ဘူး။သိနားလည္ေစဖို႔ အိမ္ေရွ႕ ၿခံေရွ႕ ႐ိုး႐ိုးဒီအတိုင္း ဘာမွ မေျပာပဲ အေမႊးတိုင္းထြန္းရင္ သရဲ တေစၦ ဘီလူးစတဲ့ မေကာင္းဆိုးဝါးေတြ မလာႏိုင္ပါ။ အိမ္ေရွ႕ ၿခံေရွ႕ ေမႊးတိုင္ထြန္းၿပီး “ျမင္အပ္ မျမင္အပ္ ပုဂၢိဳလ္အေပါင္း ႏွင့္ သုခိတ ဒုကၡိတ သတၱဝါအေပါင္းတို႔ကို ပင့္ဖိတ္အပ္ပါသည္။ ၃၁ ဘုံသားတို႔အား ပင့္ဖိတ္အပ္ပါသည္” လို႔ ႐ြတ္ဆိုမွ သရဲ တေစၦ ဘီလူးစတဲ့ မေကာင္းဆိုးဝါးေတြ လာႏိုင္တာပါ။

ဒါေၾကာင့္ အေမႊးတိုင္ထြန္းရင္ ကိုယ္ရည္ၫႊန္းတဲ့သူကို တိတိက်က် နာမည္တပ္ၿပီး ေျပာပါ။ ဥပမာ ၿခံေစာင့္နတ္အား ပူေဇာ္ပါသည္ ေပါ့။ အားလုံးနဲ႔ သက္ဆိုင္ၿပီး အစြန္းထြက္တဲ့ စကားေတြ မေျပာပါနဲ႔။ဘုရားရွိခိုးရင္ သမႏၲာစကၠဝါေဠသု ဆိုၿပီး ႐ိုး႐ိုး႐ြတ္ပါ။ အထြန႔္တက္ လွ်ာမရွည္ပါနဲ႔။ ေလမရွည္ပါနဲ႔။ ပါးစပ္ေၾကာင့္ ဒုကၡေရာက္တတ္တယ္။ဆြမ္းေတာ္ကို စြန႔္ပစ္တဲ့အခါ ၿခံစည္း႐ိုးမွာ မစြန႔္ပစ္ပါနဲ႔ ။ သရဲ တေစၦေတြ လာစားၿပီး ၿခံစည္း႐ိုးမွာ ကပ္ေနတတတ္တယ္။ အိမ္ၿခံဝန္းထဲမွာစြန႔္ပစ္ရင္ “စားလိုသူေတြ လာေရာက္စားသုံးၾကပါ” လို႔ မေျပာပါနဲ႔ သရဲ တေစၦေတြ လာစားတတ္တယ္။အေမႊးတိုင္ထြန္းတာက ေလထုကို ညစ္ညမ္းေစၿပီး ေရာဂါရေစလို႔ မထြန္းတာက အေကာင္းဆုံးပါ။ ဘုရားပူေဇာ္ခ်င္ရင္ ေရေမႊးစတာနဲ႔ ပူေဇာ္ပါ။မိုးသု (မႏၲေလး)