အခွံတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အမျိုးသမီးတစ်ဦးရဲ့ရှေ့မှာ တန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ လိပ်ကလေးများ

အခွံတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အမျိုးသမီးတစ်ဦးရဲ့ရှေ့မှာ တန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ လိပ်ကလေးများ

စင်္ကာပူနိုင်ငံမှ Nur Hafiza Ariffin လို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒေသတွင်း ရုက္ခဗေဒ ဥယျာဉ်သို့ သွားရောက်ခဲ့ပြီး ရေကန်ဘေးမှာ ထိုင်ရင်း စုတ်တံသေးသေးလေးနဲ့ လိပ်များရဲ့ အခွံတွေ

သန့်ရှင်းပေးနေတဲ့ အမျိုးသမီးတစ်ဦးကို သတိပြုမိခဲ့ပါတယ် ။

ပထမတော့ သူမက ကျောက်တုံးတွေလို့ တွေးမိလိုက်ပါတယ် ။ မထင်မှတ်ပဲ Ariffin က အနီးကပ်ကြည့်လိုက်တော့ အဆိုပါအမျိုးသမီးက လိပ်တွေရဲ့ ကျောကို သန့်ရှင်းပေးနေတာ တွေ့ရပါတယ် ။

လိပ်ဟာ အနည်းငယ်မျှသာမကဘဲ လိပ်များစွာဟာ မျဥ်းဖြောင်းအတိုင်း တန်းစီပြီး တစ်ကောင်ပြီးတစ်ကောင် သွားနေတာကို တွေ့ရကြောင်း Ariffin က ပြောပါတယ် ။ Ariffin က ထိုကြည်နူးဖွယ်မြင်ကွင်းကို မြင်ပြီး ဗီဒီယို ရိုက်ကူးခဲ့ပါတယ် ။

လိပ်တွေက သူတို့ရဲ့ကျောမှာကပ်နေတဲ့ ရေညှိတွေကို ဖယ်ရှားပစ်ဖို့ အမျိုးသမီးတစ်ဦးက ကူညီပေးချင်တယ်လို့ ထင်ခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ အပြုအမူကို အရမ်းသဘောကျပုံရပြီး ကူညီပေးတာကို လိပ်က ဝမ်းသာပုံရပ်တယ် ။

ဒီမြင်ကွင်းက တကယ်ကို ကြည်နူးစရာကောင်းပါတယ် ။ လိပ်တွေဟာ ကျန်းမာရေးကောင်းအောင် အခွံများ သန့်ရှင်းရေးလုပ်ရမာကိုပင် သိကြပြီး တန်းစီစောင့်ဆိုင်းရမည်ကိုလည်း သိနေကြတာက အံ့သြစရာပါ ။

JRose (KB Chimmy One)

(ZAWGYI)








JRose (KB Chimmy One)