ရေပေါ်မှာ လမ်းလျှောက်သွားလို့ရတဲ့ ရေပေါ်လူသွားလမ်းကို ဆောက်လုပ်ခဲ့တဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦး

ရေပေါ်မှာ လမ်းလျှောက်သွားလို့ရတဲ့ ရေပေါ်လူသွားလမ်းကို ဆောက်လုပ်ခဲ့တဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦး

အီတလီနိုင်ငံ၊ Isola ကမ်းရိုးတန်းရဲ့ ဗဟိုရှိ ကျွန်းများနဲ့ ယာယီဆက်သွယ်ထားတဲ့ အဝါရောင်လမ်းကြောင်းက ၃ ကီလိုမီတာဖြစ်ပါတယ် ။

၎င်းကို အနုပညာပရောဂျက်တစ်ခုလို့ ယူဆသော်လည်း အမှန်တကယ်အသုံးပြုရန် သေချာပါတယ် ။

၎င်းကို အနုပညာရှင်ဇနီးမောင်နှံ Christo နဲ့ ကွယ်လွန်သူ Jean-Claude တို့က ဒီဇိုင်းထုတ်ထားပြီး ရေပေါ်လူသွားလမ်းကို “The Floating Piers” လို့ခေါ်ပါတယ် ။

အဆိုပါလူသွားလမ်းက Monte Isola နဲ့ Sulzano မြို့နှစ်မြို့ကို ဆက်သွယ်ထားပြီး San Paola ကျွန်းကို ဝန်းရံထားပါတယ် ။ လမ်းကြောင်းမှာ သိပ်သည်းဆမြင့်တဲ့ polyethylene တုံး ၂၂၀,၀၀၀ ပါရှိပါတယ် ။

၎င်းကို အဝါရောင်အထည် 100,000 စတုရန်းမီတာနဲ့လည်း ဖုံးအုပ်ထားတာပါ ။ ၎င်းက တစ်နေ့တာလုံး တောက်ပတဲ့ရွှေအဖြစ်သို့ ပြောင်းလဲကာ စိုစွတ်နေချိန်မှာ နီမြန်းတဲ့ အရောင်ကို ရရှိပါတယ် ။

လူသွားလမ်းကို ဘိလပ်မြေလုပ်ကွက်ကြီးများဖြင့် လုံခြုံစွာ ထားရှိပြီး အဆောက်အဦးဆီကို ရောက်ဖို့ ၂ မိုင်နီးပါးရှည်လျားပါတယ် ။

လူတွေတကယ်ခံစားနိုင်တဲ့ အနုပညာလက်ရာတွေကို ဖန်တီးတာဟာ အနုပညာရှင်တွေရဲ့ အကြီးမားဆုံးတာဝန်တွေထဲက တစ်ခုပါပဲ ။

ထိုအရာက အီတလီရိုးရာစစ်မှန်တဲါ ယဉ်ကျေးမှုအချို့ကို တွေ့ကြုံခံစားရန် မယုံနိုင်စရာကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ် ။

JRose (KB Chimmy One)

Reference : buzznicked

(ZAWGYI)

ေရေပၚမွာ လမ္းေလွ်ာက္သြားလို႔ရတဲ့ ေရေပၚလူသြားလမ္းကို ေဆာက္လုပ္ခဲ့တဲ့ အႏုပညာရွင္ဇနီးေမာင္ႏွံႏွစ္ဦး

အီတလီႏိုင္ငံ၊ Isola ကမ္း႐ိုးတန္းရဲ႕ ဗဟိုရွိ ကြၽန္းမ်ားနဲ႔ ယာယီဆက္သြယ္ထားတဲ့ အဝါေရာင္လမ္းေၾကာင္းက ၃ ကီလိုမီတာျဖစ္ပါတယ္ ။ ၎ကို အႏုပညာပေရာဂ်က္တစ္ခုလို႔ ယူဆေသာ္လည္း အမွန္တကယ္အသုံးျပဳရန္ ေသခ်ာပါတယ္ ။

၎ကို အႏုပညာရွင္ဇနီးေမာင္ႏွံ Christo နဲ႔ ကြယ္လြန္သူ Jean-Claude တို႔က ဒီဇိုင္းထုတ္ထားၿပီး ေရေပၚလူသြားလမ္းကို “The Floating Piers” လို႔ေခၚပါတယ္ ။

အဆိုပါလူသြားလမ္းက Monte Isola နဲ႔ Sulzano ၿမိဳ႕ႏွစ္ၿမိဳ႕ကို ဆက္သြယ္ထားၿပီး San Paola ကြၽန္းကို ဝန္းရံထားပါတယ္ ။ လမ္းေၾကာင္းမွာ သိပ္သည္းဆျမင့္တဲ့ polyethylene တုံး ၂၂၀,၀၀၀ ပါရွိပါတယ္ ။

၎ကို အဝါေရာင္အထည္ 100,000 စတုရန္းမီတာနဲ႔လည္း ဖုံးအုပ္ထားတာပါ ။ ၎က တစ္ေန႔တာလုံး ေတာက္ပတဲ့ေ႐ႊအျဖစ္သို႔ ေျပာင္းလဲကာ စိုစြတ္ေနခ်ိန္မွာ နီျမန္းတဲ့ အေရာင္ကို ရရွိပါတယ္ ။

လူသြားလမ္းကို ဘိလပ္ေျမလုပ္ကြက္ႀကီးမ်ားျဖင့္ လုံၿခဳံစြာ ထားရွိၿပီး အေဆာက္အဦးဆီကို ေရာက္ဖို႔ ၂ မိုင္နီးပါးရွည္လ်ားပါတယ္ ။

လူေတြတကယ္ခံစားႏိုင္တဲ့ အႏုပညာလက္ရာေတြကို ဖန္တီးတာဟာ အႏုပညာရွင္ေတြရဲ႕ အႀကီးမားဆုံးတာဝန္ေတြထဲက တစ္ခုပါပဲ ။

ထိုအရာက အီတလီ႐ိုးရာစစ္မွန္တဲါ ယဥ္ေက်းမႈအခ်ိဳ႕ကို ေတြ႕ႀကဳံခံစားရန္ မယုံႏိုင္စရာေကာင္းတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္ ။

JRose (KB Chimmy One)

Reference : buzznicked