အဖမ်းအစီး၊ အသေအကြေတွေများနေတဲ့ခေတ်ပျက်ကြီးထဲမှာတောင် အလှူအတန်းဗန်းပြပြီး မူးရူးသူတွေကို ဒဲ့ပြောလာတဲ့ R ဇာနည်

အဖမ်းအစီး၊ အသေအကြေတွေများနေတဲ့ခေတ်ပျက်ကြီးထဲမှာတောင် အလှူအတန်းဗန်းပြပြီး မူးရူးသူတွေကို ဒဲ့ပြောလာတဲ့ R ဇာနည်

အဆိုတော် R ဇာနည် ကတော့ ပရိသတ်တွေရဲ့ နှလုံးသားကို အစဉ်ထာဝရ ပိုင်ဆိုင်ထားနိုင်သူ အဆိုတော်တစ်ယောက်ပါပဲ။

လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေမှာလည်း R ဇာနည်ဟာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး

ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အိုးအိမ်ကိုပစ်ပြီး လွတ်မြောက်ရာနေရာကိုတိမ်းရှောင်နေရတဲ့ R ဇာနည်ဟာ အရင်လို အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်သေးတာပဲဖြစ်ပါတယ်။

ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာလည်း အပျော်အပါးမက်ကြတဲ့ အချို့မြန်မာလူမျိုးတွေဟာ ဘာသာရေးကိုခုတုံးလုပ်ပြီး လည်ပတ်ပျော်ရွှင် သောက်စားမူးရစ်နေကြလျက်ရှိပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး R ဇာနည်က “

သေကြ ကျေကြ ဖမ်းကြ စီးကြ ရဲ့ တဖက်မှာ လှူကြ တန်းကြ ပျော်ကြ ရွှင်ကြ မူးကြ ရူးကြ” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောလာပါတယ်။

R ဇာနည်ကတော့ ဘာသာရေးကို အကြောင်းပြပြီး ခေတ်စနစ်ဆိုးကြီးမှာ ပျော်ပါးမူးယစ်နေသူတွေကို ဖမ်းဆီးခံရသူ၊

အသက်ပေးရသူတွေကို အားနာတတ်ဖို့ ဒဲ့ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Zarni Myonyunt ‘s fb

Crd-Original Post

(ZAWGYI)









Crd-Original Post