မန္တလေး မြို့နယ် ၆ ခုထဲက ကျူးတွေကို နောက်လအတွင်း အပြတ်ရှင်းမည်ဟု မန်းစည်ပင် ကြေညာ

မန္တလေး မြို့နယ် ၆ ခုထဲက ကျူးတွေကို နောက်လအတွင်း အပြတ်ရှင်းမည်ဟု မန်းစည်ပင် ကြေညာ

မန္တလေး မြို့နယ် ၆ ခုအတွင်းက ကျူးကျော်နေအိမ်များကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာလိုက်ပါတယ်။

မန္တလေး စည်ပင်နယ်နိမိတ်ထဲက ၆ မြို့နယ်အတွင်းမှာ ဥပဒေနဲ့ညီညွတ်မှုမရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်မရှိသူများမှ တရားမဝင် ကျူးကျော်နေထိုင်နေထိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိသည့်အတွက်ဟုဆိုကာ မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

ကျူးကျော်တွေက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်အတွင်းက လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓါတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာမြေနဲ့ ပုဂ္ဂလိကပိုင်မြေနေရာများမှာ တရားမဝင် ကျူးကျော်နေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၆ရက်နေ့မှစတင်ကာ သတ်မှတ်အဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ တရားမဝင် ဝင်ရောက်ကျူးကျော်နေထိုင်သူများအနေနဲ့ နိုဝင်ဘာလ ၁၆ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၁၅ ရက်နေ့အတွင်း မိမိတို့အစီအစဉ်ဖြင့် ဖယ်ရှားထွက်ခွာကြရန်လည်း မန်းစည်ပင်ကော်မတီက ကြိုတင်အသိပေးကြေညာထားတာဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

မႏၲေလး ၿမိဳ႕နယ္ ၆ ခုထဲက က်ဴးေတြကို ေနာက္လအတြင္း အျပတ္ရွင္းမည္ဟု မန္းစည္ပင္ ေၾကညာ

မႏၲေလး ၿမိဳ႕နယ္ ၆ ခုအတြင္းက က်ဴးေက်ာ္ေနအိမ္မ်ားကို လာမယ့္ ဒီဇင္ဘာလအတြင္းမွာ ဖယ္ရွားရွင္းလင္းေရးလုပ္ငန္းေတြ ေဆာင္႐ြက္သြားမယ္လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေၾကညာလိုက္ပါတယ္။

မႏၲေလး စည္ပင္နယ္နိမိတ္ထဲက ၆ ၿမိဳ႕နယ္အတြင္းမွာ ဥပေဒနဲ႔ညီၫြတ္မႈမရွိဘဲ တရားဝင္ပိုင္ဆိုင္ခြင့္မရွိသူမ်ားမွ တရားမဝင္ က်ဴးေက်ာ္ေနထိုင္ေနထိုင္လ်က္ရွိေၾကာင္း စိစစ္ေတြ႕ရွိသည့္အတြက္ဟုဆိုကာ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အသိေပးေၾကညာလိုက္တာပဲ ျဖစ္ပါတယ္။

က်ဴးေက်ာ္ေတြက ေအာင္ေျမသာစံ၊ ခ်မ္းေအးသာစံ၊ မဟာေအာင္ေျမ၊ ခ်မ္းျမသာစည္၊ ျပည္ႀကီးတံခြန္နဲ႔ အမရပူရၿမိဳ႕နယ္အတြင္းက လမ္းေျမ၊ ေျမာင္းေျမ၊ ရထားလမ္းေျမ၊ လွ်ပ္စစ္ဓါတ္အားလိုင္းနယ္ေျမ၊ အစိုးရဌာနဆိုင္ရာေျမနဲ႔ ပုဂၢလိကပိုင္ေျမေနရာမ်ားမွာ တရားမဝင္ က်ဴးေက်ာ္ေနထိုင္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

ဒီဇင္ဘာလ ၁၆ရက္ေန႔မွစတင္ကာ သတ္မွတ္အဖြဲ႕မ်ားျဖင့္ ဖယ္ရွားရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

ဥပေဒနဲ႔ ညီၫြတ္မႈမရွိဘဲ တရားမဝင္ ဝင္ေရာက္က်ဴးေက်ာ္ေနထိုင္သူမ်ားအေနနဲ႔ ႏိုဝင္ဘာလ ၁၆ရက္ေန႔မွစတင္ကာ ဒီဇင္ဘာလ ၁၅ ရက္ေန႔အတြင္း မိမိတို႔အစီအစဥ္ျဖင့္ ဖယ္ရွားထြက္ခြာၾကရန္လည္း မန္းစည္ပင္ေကာ္မတီက ႀကိဳတင္အသိေပးေၾကညာထားတာျဖစ္ပါတယ္။

Crd-Original Post