ကိုယ့်ငွေ ပြန်ထုတ်ချင်တာတောင် ဘဏ်ဝန်ထမ်းတွေ မျက်နှာ လိုက်ကြည့်နေရတဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ…

ကိုယ့်ငွေ ပြန်ထုတ်ချင်တာတောင် ဘဏ်ဝန်ထမ်းတွေ မျက်နှာ လိုက်ကြည့်နေရတဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ…

ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့မှာ တုံကင်ယူစရာမလိုတော့ဘဲ တပတ်ကို တကြိမ် ငွေထုတ်ပေးမှုဟာ အကောင့်ထဲမှာ အချိန် ၁ လအကြာရှိတဲ့ငွေကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး အကောင့်ချင်း လွှဲပြောင်းတာကနေ ထုတ်လို့မရဘူးလို့ သိရပါတယ်။

ဘဏ်အကောင့် တခုကနေ တခုကို လွှဲပြောင်းထားတဲ့ ငွေသားကိုတော့ အကောင့်ထဲရောက်ရှိချိန် ၁ လပြည့်မှသာ တပတ် ၃ သိန်းနဲ့ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ ရိုးမဘဏ် နဲ့ aya ဘဏ်တွေက တုံကင်ယူစရာမလိုဘဲ တပတ်ကို တကြိမ်ငွေထုတ်ပေးနေပြီလို့ သိရပါတယ်။

ငွေထုတ်ပေးနေပြီလို့ ပြောနေပေမယ့်လည်း ဘဏ်ခွဲတခုချင်းရဲ့ မန်နေဂျာအပေါ် မူတည်နေပြီး ရန်ကုန်ရှိ ဘဏ်တွေကတော့ မရသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် မိုဘိုင်ဘဏ်ကင်းနဲ့ငွေပေးချေပြီးလုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံး ၊ လုပ်ခလစာ ၊ သင်တန်းကြေး၊ အွန်လိုင်းရှော့ပင်း စတဲ့ လုပ်ငန်းဆောင်ရွက်သူတွေအတွက် အဆင်မပြေတော့ဘဲ အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

AYA ဘဏ်က ရန်ကုန်ကလွဲပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်က ဘဏ်ခွဲတွေမှာ တိုင်းအလိုက် စီမံခန့်ခွဲမှုတွေအရ တုံကင်ယူမပေးတော့ဘဲ တစ်ပတ်ကို ၅ သိန်းထုတ်ပေးနေကြောင်း၊ ရိုးမဘဏ်က တစ်ပတ်ကို ၃ သိန်းထုတ်ပေးမှုကို အခု နိုဝင်ဘာလကစပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ကျန်တဲ့ ကေဘီဇက်ဘဏ် ၊ စီဘီဘဏ်နဲ့ ပုဂ္ဂလိကဘဏ် တချို့ကတော့ တုံကင်စနစ်နဲ့ပဲ ငွေထုတ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ဘဏ်တွေအနေနဲ့ ငွေသားထုတ်ပေးမှုနဲ့ပတ်သက်လို့ ဗဟိုဘဏ်က ကန့်သတ် လိုက်တာကြောင့် ဘဏ်တွေကလည်း ငွေသားထုတ်ပေးမှုကို ပမာဏကန့်သတ်လိုက်တဲ့အပြင် တုံကင်ယူရခြင်း၊ အေတီအမ်မှာ ငွေသားထုတ်ဖို့ လူပေါင်းရာနဲ့ချီစောင့်ဆိုင်းခဲ့ရပါတယ်။

လက်ရှိမှာတော့ ရန်ကုန် ၊နေပြည်တော်၊မန္တလေးမြို့တွေမှာသာ အေတီအမ် ငွေသားထုတ်ယူနိုင်ပြီး ကျန်မြို့တွေမှာ အေတီအမ်တွေကို လုံးဝ ငွေသားဖြည့်သွင်းမှု မရှိသလောက် ဖြစ်နေပါပြီ။

Crd-Original Post

(ZAWGYI)

ကိုယ့္ေငြ ျပန္ထုတ္ခ်င္တာေတာင္ ဘဏ္ဝန္ထမ္းေတြ မ်က္ႏွာ လိုက္ၾကည့္ေနရတဲ့ ျပည္သူေတြရဲ႕ ဆင္းရဲဒုကၡ…

ျပည္တြင္းပုဂၢလိကဘဏ္တခ်ိဳ႕မွာ တုံကင္ယူစရာမလိုေတာ့ဘဲ တပတ္ကို တႀကိမ္ ေငြထုတ္ေပးမႈဟာ အေကာင့္ထဲမွာ အခ်ိန္ ၁ လအၾကာရွိတဲ့ေငြကိုသာ ထုတ္ေပးျခင္းျဖစ္ၿပီး အေကာင့္ခ်င္း လႊဲေျပာင္းတာကေန ထုတ္လို႔မရဘူးလို႔ သိရပါတယ္။

ဘဏ္အေကာင့္ တခုကေန တခုကို လႊဲေျပာင္းထားတဲ့ ေငြသားကိုေတာ့ အေကာင့္ထဲေရာက္ရွိခ်ိန္ ၁ လျပည့္မွသာ တပတ္ ၃ သိန္းနဲ႔ ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ပုဂၢလိကဘဏ္ေတြျဖစ္တဲ့ ႐ိုးမဘဏ္ နဲ႔ aya ဘဏ္ေတြက တုံကင္ယူစရာမလိုဘဲ တပတ္ကို တႀကိမ္ေငြထုတ္ေပးေနၿပီလို႔ သိရပါတယ္။

ေငြထုတ္ေပးေနၿပီလို႔ ေျပာေနေပမယ့္လည္း ဘဏ္ခြဲတခုခ်င္းရဲ႕ မန္ေနဂ်ာအေပၚ မူတည္ေနၿပီး ရန္ကုန္ရွိ ဘဏ္ေတြကေတာ့ မရေသးဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္ မိုဘိုင္ဘဏ္ကင္းနဲ႔ေငြေပးေခ်ၿပီးလုပ္ေဆာင္ေနတဲ့ လုပ္ငန္းအားလုံး ၊ လုပ္ခလစာ ၊ သင္တန္းေၾကး၊ အြန္လိုင္းေရွာ့ပင္း စတဲ့ လုပ္ငန္းေဆာင္႐ြက္သူေတြအတြက္ အဆင္မေျပေတာ့ဘဲ အခက္အခဲေတြရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။

AYA ဘဏ္က ရန္ကုန္ကလြဲၿပီး က်န္တဲ့တိုင္းနဲ႔ျပည္နယ္က ဘဏ္ခြဲေတြမွာ တိုင္းအလိုက္ စီမံခန႔္ခြဲမႈေတြအရ တုံကင္ယူမေပးေတာ့ဘဲ တစ္ပတ္ကို ၅ သိန္းထုတ္ေပးေနေၾကာင္း၊ ႐ိုးမဘဏ္က တစ္ပတ္ကို ၃ သိန္းထုတ္ေပးမႈကို အခု ႏိုဝင္ဘာလကစၿပီး လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

က်န္တဲ့ ေကဘီဇက္ဘဏ္ ၊ စီဘီဘဏ္နဲ႔ ပုဂၢလိကဘဏ္ တခ်ိဳ႕ကေတာ့ တုံကင္စနစ္နဲ႔ပဲ ေငြထုတ္ေပးေနတာျဖစ္တယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကစၿပီး ဘဏ္ေတြအေနနဲ႔ ေငြသားထုတ္ေပးမႈနဲ႔ပတ္သက္လို႔ ဗဟိုဘဏ္က ကန႔္သတ္ လိုက္တာေၾကာင့္ ဘဏ္ေတြကလည္း ေငြသားထုတ္ေပးမႈကို ပမာဏကန္႔သတ္လိုက္တဲ့အျပင္ တုံကင္ယူရျခင္း၊ ေအတီအမ္မွာ ေငြသားထုတ္ဖို႔ လူေပါင္းရာနဲ႔ခ်ီေစာင့္ဆိုင္းခဲ့ရပါတယ္။

လက္ရွိမွာေတာ့ ရန္ကုန္ ၊ေနျပည္ေတာ္၊မႏၲေလးၿမိဳ႕ေတြမွာသာ ေအတီအမ္ ေငြသားထုတ္ယူႏိုင္ၿပီး က်န္ၿမိဳ႕ေတြမွာ ေအတီအမ္ေတြကို လုံးဝ ေငြသားျဖည့္သြင္းမႈ မရွိသေလာက္ ျဖစ္ေနပါၿပီ။

Crd-Original Post