မြန်မာပြည်မှာဗုဒ္ဓသာသနာတကယ်ကွယ်ပျောက်နိုင်ပါသလား ဆိုတဲ့ မေးခွန်းရဲ့အဖြေ

မြန်မာပြည်မှာဗုဒ္ဓသာသနာတကယ်ကွယ်ပျောက်နိုင်ပါသလား ဆိုတဲ့ မေးခွန်းရဲ့အဖြေ

မေး အရှင်ဘုရား မြန်မာပြည်မှာဗုဒ္ဓသာသနာတကယ်ကွယ်ပျောက်နိုင်ပါသလား?ဖြေ သာသနာဆိုတာ အဆုံးအမလိုအဓိပ္ပာယ်ရတယ် ၊ဘာတွေနဲ့ဆုံးမပါသလဲဆိုရင် သီလအားဖြင့်၎င်း၊ သမာဓိအားဖြင့်၎င်း၊ ပညာအားဖြင့်၎င်း ဆုံးမသွန်သင်ထားပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒီ သဒ္ဓမ္မသုံးဖြာကို လိုက်နာနေသေးသရွေ့၊ ကျင့်သုံးနေသေးသရွေ့၊ လေ့လာသင်ယူနေသေးသရွေ့ ထို့အရပ်၊ ဒေသ၊ ပုဂ္ဂိုလ် ၏သန္တန်မှာ ထို့အဆုံးအမတွေတည်နေမှာဘဲ။ ထို့အဆုံးအမတည်နေတာကိုသာသနာတည်တယ်လိုဆိုလိုရတယ်။

ဗုဒ္ဓသာသနာဆိုတာရေပြင်မှာသွားနေတဲ့လှေကြီးဥပမာလိုပါ။ ဒါကိုပဏ္ဍိတာရာမရွှေတောင်ကုန်းဆရာတော်ကြီးဩဝါဒလေးကိုပြောပြချင်တယ်၊“ရေလမ်းမှာ အများစုပေါင်းကာလှေစီးပြီးခရီးသွားကြတဲ့အခါ လှေကြီးပေါက်နေတယ်ဆိုတာ

သိရင် လှေပေါက်ကိုဖာရမယ်။မဖာရင်လှေကြီးရေဝင်ပြီးမကြာမှီမြုတ်လိမ့်မယ်။ဗုဒ္ဓသာသနာလှေကြီးပေါက်နေတယ်ဆိုတာသိရင်ဖာရမယ်၊မဖာရင်လှေကြီးရေဝင်ပြီးမြုတ်လိမ့်မယ်။”

သာသနာ(၅၀၀၀)တည်ခြင်းမတည်ခြင်းက လိုက်နာကျင့်သုံးနေသူတို့နဲ့သာ သက်ဆိုင်ပါတယ်။သာသနာနှစ်ဘယ်လောက်ရှိနေနေ ဒီကနေ ဒါန သီလ ဘဝနာ ကျင့်သုံးလိုက်နာစရာတွေကိုပြစ်ပယ်ထားရင် မိမိသန္တန်မှာ ထို့အဆုံးအမတွေ ကွယ်နေတာနဲ့

အတူတူပါဘဲ။

မြန်မာပြည်မှာဘဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် မြတ်ဗုဒ္ဓရဲ့ ထို့သီလ၊ သမာဓိ၊ ပညာ အဆုံးအမတွေရဲ့တန်ဖိုးကိုမသိနားမလည်တဲ့နေ့ ထို့ချိန်သာသနာကွယ်မှာဘဲ။တန်ဖိုးသိတဲ့ တန်ဖိုးရှိတဲ့ အရပ်ဒေသ ထို့ပုဂ္ဂိုလ်သန္တန်မှာ တော့

ဗုဒ္ဓအဆုံးအမ တွေတည်နေရစ်လိမ့်မယ်။ တကယ်ကွယ်မကွယ်ဆိုတာ မိမိသန္တန်မိမိပြန်စမ်းစစ်ပြီး လေ့လာနိုင်ပါစေ ဒကာကြီး။

Crd-Original Post