မြန်မာနိုင်ငံမှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ ခဲသတ္တုပြားမိုး ရှေးဟောင်းသာသနိကအဆောက်အဦး

မြန်မာနိုင်ငံမှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ ခဲသတ္တုပြားမိုး ရှေးဟောင်းသာသနိကအဆောက်အဦး

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၊ မိုင်းလားမြို့၊ဟိုမိန်းစစ်ဆေးရေးဂိတ်မှ ကိုက် (၅၀) အလွန် တောင်ပေါ်သို့မော်တော်ယာဉ်ဖြင့်အတက် (၂) နာရီခန့်ကြာသော် တောတွင်းနေရာမှာတည်ရှိသော

ဝပ်နှောင်လုံရှေးဟောင်းဘုန်းတော်ကြီးကျောငး။ရှမ်းအရှေ့ဒေသတောအတွင်း အရောက်ပေါက်နည်းပြီး သွားလာရန်ခက်ခဲတဲ့နေရာမှာ အရမ်းကိုခန်းနားထည်ဝါပြီး မြို့တွင်းကလို ပြုပြင်မှုတွေအစားထိုးမှုတွေ သိပ်မပြုလုပ်တဲ့အတွက် ရှေးလက်ရာအတိုင်း

ဘုန်းတော်ကြီးကျောင်းအဟောင်းတွေကို မြင်တွေ့ရပါတယ်။

အနည်းဆုံး သက်တမ်း နှစ် (၆၀၀-၇၀၀) နီးပါးရှိကြပါတယ်။ရှမ်းအရှေ့ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်မိုးတွေဟာများသောအားဖြင့် ရိုးရာအုတ်ကြွပ်မိုးတွေ ဖြစ်ကြပါတယ်။မြို့ပေါ်ကရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေတောင်

ခေတ်အဆက်ဆက်အလှူရှင်တွေ ပြုပြင်မွမ်းမံလာကြတာနဲ့ နောက်ပိုင်းမှာ ရိုးရာအုတ်ကြွပ်ခေါင်မိုးတောင် သိပ်မတွေ့ရတော့ပါဘူး။အခုပုံမှာမြင်တွေ့ရတဲ့ ဝပ်နှောင်လုံဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်အပေါ်တစ်ချို့အဆင့်နေရာမှာ ခဲပြားသတ္တုမိုးတစ်ချို့

ယနေ့ထက်တိုင်မြင်တွေ့နိုင်ပါသေးတယ်။

ခဲပြားသတ္တုမိုးတဲ့ ယဉ်ကျေးမှုရှေးဗိသုကာလက်ရာတစ်ချို့ ကျွန်တော်မမြင်ဖူးပေမဲ့ ကြားဖူးတာတစ်ခုကတော့ လှိုင်းတက်မြို့ဟောင်း နန်းတော်ရာခေါ်တဲ့ နေရာဝင်းအတွင်းမှာလည်း ခဲပြားချပ်တွေတူးဖော်တွေ့ရကြောင်း

ဒေသခံယာလုပ်အဘတစ်ဦးထံကလည်းကြားဖူးပါတယ်။ခဲပြားသတ္တုတွေများ မိုးခဲ့လေသလားအတွေးတွေနဲ့ ကျွန်တော်ဖတ်ကြည့်ဖူးတဲ့ သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းရဲ့နယ်လှည့်ရာဇဝင်စာအုပ် စာမျက်နှာ (၂၇၆) အပိုဒ်ရေထဲမှ

တစ်ချို့ကိုထည့်တွဲဖော်ပြလိုက်ပါတယ် ။ဆရာကြီးဒေါက်တာသန်းထွန်း ရေးသားကိုးကားဖော်ပြတဲ့ (မန္တလေးနန်းတော် ၂၃ ၄) မှ မန္တလေးနန်းတော်အမိုးနဲ့ပက်သက်ပြီး အခုလိုဖော်ပြထားတာဖြစ်ပါတယ်။

နန်းတော်အဆောက်အုံရှိသမျှအားလုံးသည် တစ်ထပ်တည်းသာရှိ၏။အမိုးများတင်ထားပုံမှာလည်းသဘောလက္ခဏာတူ၍ ဘုန်းတော်ကြီးကျောင်းများမှာ မြင်ရပုံနှင့်မခြားနားချေ။ အဆောက်အဦး၏ အရေးပါပုံကိုလိုက်၍ ဘုံပြာသာဒ်အဆင့်ဆင့်

တင်သည်ကိုတွေနိုင်ပါသည်။

အုတ်ကျွတ်မိုးဖြစ်ကောင်း၏ ဟုမျှော်လင့်ထားသော်လည်း အခုံးငယ်များပါသည့် သာမာန်သွပ်ပြားမိုးထားသည်ကို တွေ့နေရပါသည်။ဥရောပတိုက်မှရယူလာသည့် အလေ့ဟူ၍ လုံးဝမယူဆနိုင်ချေ။ အိန္ဒိယနှင့်တရုတ်တို့၏

ရှေးပဝေသဏီမှစ၍ နန်းတော်အတွက် အမိုးကိုငွေပြားသို့မဟုတ် ခဲပြားဖြစ်စေလိုသောဆန္ဒရှိပါသည်။တရုတ်မှတ်တမ်းများတွင် မြန်မာမြို့တော်၏ နန်းတော်အမိုးသည် ငွေဟုဖော်ပြဖူး၏။ ကမ္ဘောဇနန်းတော်တို့၌လည်း

ငွေမိုးပင်တွေ့နိုင်ပါသည်။ထို့ကြောင့်မန္တလေး(နန်းတော်)မှ ာသွပ်မိုးတွေ့နေရခြင်းမှာ ရှေးထုံးကိုလိုက်၍ ငွေနှင့်ခဲမရနိုင်လင့်ကစား ထိုသတ္တုတို့အရောင်ရှိသော သွပ်ပြားကိုသုံးခြင်းဖြင့်ရှေးထုံးပယ်ရာမရောက် ဆိုပြီး (မန္တလေးနန်းတော် ၂၃ ၄)

ကဖော်ပြထားသည်။အသစ်ပြန်လည် မွန်းမံတည်ဆောက်ခြင်းနှင့်ပက်သက်ပြီး ဖော်ပြထားဟန်ရှိတဲ့အချက်ကို ဖတ်ရှုမိရင်း ရှေးယခင်က ငွေအမိုးခဲသတ္တပြာအမိုးတွေ မြန်မာနိုင်ငံမှာအသုံးပြုခဲ့ကြောင်း

အထောက်အထားတွေကို အခုလိုဖတ်မိတာနဲ့တိုက်ဆိုင်ပြီး ရှမ်းအရှေ့မှာတောင် တစ်နေရာတည်းသာကျန်ရှိနေတဲ့ နှစ်(၇၀၀) ကျော်ဝန်းကျင်က ခဲသတ္တုပြားမိုး ရှေးအထောက်အထားကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ဝပ်နှောင်လုံဘုန်းတော်ကြီးကျောင်း ခေါင်မိုးတစ်ချို့ဟာယနေ့ခေတ်မှာ နှစ်ကာလတွေပြောင်းလဲလာတာနဲ့အမျှ အထက်ပိုင်းခဲမိုးလက်ကျန်ကျန်ရှိနေပြီး အောက်ပိုင်းခေါင်မိုး ရိုးရာအုတ်ကြွပ်မိုးအဟောင်းနေရာတွေမှာတော

ခေတ်မှီယနေ့ခေတ်အုတ်ကြွပ်မိုးပြောင်ပြောင်ကြီးတွေ အစားထိုးဝင်ရောက်နေပါပြီ။ဒါကိုအခုပိုစ့်ရဲ့ ပုံတစ်ချို့မှာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်ဟာ ဝါသနာရှင်တစ်ယောက်အနေနဲ့ လေ့လာမိသမျှ သိထားတဲ့ အချက်အနည်းငယ်မျှဖြင့်

ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေစိတ်ဝင်စားတဲ့မိတ်ဆွေတွေ လေ့လာမြင်တွေ့နိုင်စေဖို့ရည်ရွယ်ပြီး အခုလို ဖော်ပြပေးလိုက်ပါတယ်။

Crd-Original Post

(ZAWGYI)

ျမန္မာႏိုင္ငံမွာ တစ္ခုတည္းသာက်န္ရွိေတာ့တဲ့ ခဲသတၱဳျပားမိုး ေရွးေဟာင္းသာသနိကအေဆာက္အဦး

ရွမ္းျပည္နယ္အေရွ႕ပိုင္း အထူးေဒသ (၄)၊ မိုင္းလားၿမိဳ႕၊ဟိုမိန္းစစ္ေဆးေရးဂိတ္မွ ကိုက္ (၅၀) အလြန္ ေတာင္ေပၚသို႔ေမာ္ေတာ္ယာဥ္ျဖင့္အတက္ (၂) နာရီခန႔္ၾကာေသာ္ ေတာတြင္းေနရာမွာတည္ရွိေသာ

ဝပ္ေႏွာင္လုံေရွးေဟာင္းဘုန္းေတာ္ႀကီးေက်ာငး။ရွမ္းအေရွ႕ေဒသေတာအတြင္း အေရာက္ေပါက္နည္းၿပီး သြားလာရန္ခက္ခဲတဲ့ေနရာမွာ အရမ္းကိုခန္းနားထည္ဝါၿပီး ၿမိဳ႕တြင္းကလို ျပဳျပင္မႈေတြအစားထိုးမႈေတြ သိပ္မျပဳလုပ္တဲ့အတြက္ ေရွးလက္ရာအတိုင္း

ဘုန္းေတာ္ႀကီးေက်ာင္းအေဟာင္းေတြကို ျမင္ေတြ႕ရပါတယ္။

အနည္းဆုံး သက္တမ္း ႏွစ္ (၆၀၀-၇၀၀) နီးပါးရွိၾကပါတယ္။ရွမ္းအေရွ႕ ေရွးေဟာင္းဘုန္းေတာ္ႀကီးေက်ာင္းရဲ႕ ေခါင္မိုးေတြဟာမ်ားေသာအားျဖင့္ ႐ိုးရာအုတ္ႂကြပ္မိုးေတြ ျဖစ္ၾကပါတယ္။ၿမိဳ႕ေပၚကေရွးေဟာင္း ဘုန္းေတာ္ႀကီးေက်ာင္းေတြေတာင္

ေခတ္အဆက္ဆက္အလႉရွင္ေတြ ျပဳျပင္မြမ္းမံလာၾကတာနဲ႔ ေနာက္ပိုင္းမွာ ႐ိုးရာအုတ္ႂကြပ္ေခါင္မိုးေတာင္ သိပ္မေတြ႕ရေတာ့ပါဘူး။အခုပုံမွာျမင္ေတြ႕ရတဲ့ ဝပ္ေႏွာင္လုံဘုန္းေတာ္ႀကီးေက်ာင္းရဲ႕ ေခါင္အေပၚတစ္ခ်ိဳ႕အဆင့္ေနရာမွာ ခဲျပားသတၱဳမိုးတစ္ခ်ိဳ႕

ယေန႔ထက္တိုင္ျမင္ေတြ႕ႏိုင္ပါေသးတယ္။

ခဲျပားသတၱဳမိုးတဲ့ ယဥ္ေက်းမႈေရွးဗိသုကာလက္ရာတစ္ခ်ိဳ႕ ကြၽန္ေတာ္မျမင္ဖူးေပမဲ့ ၾကားဖူးတာတစ္ခုကေတာ့ လႈိင္းတက္ၿမိဳ႕ေဟာင္း နန္းေတာ္ရာေခၚတဲ့ ေနရာဝင္းအတြင္းမွာလည္း ခဲျပားခ်ပ္ေတြတူးေဖာ္ေတြ႕ရေၾကာင္း

ေဒသခံယာလုပ္အဘတစ္ဦးထံကလည္းၾကားဖူးပါတယ္။ခဲျပားသတၱဳေတြမ်ား မိုးခဲ့ေလသလားအေတြးေတြနဲ႔ ကြၽန္ေတာ္ဖတ္ၾကည့္ဖူးတဲ့ သမိုင္းဆရာႀကီးေဒါက္တာသန္းထြန္းရဲ႕နယ္လွည့္ရာဇဝင္စာအုပ္ စာမ်က္ႏွာ (၂၇၆) အပိုဒ္ေရထဲမွ

တစ္ခ်ိဳ႕ကိုထည့္တြဲေဖာ္ျပလိုက္ပါတယ္ ။ဆရာႀကီးေဒါက္တာသန္းထြန္း ေရးသားကိုးကားေဖာ္ျပတဲ့ (မႏၲေလးနန္းေတာ္ ၂၃ ၄) မွ မႏၲေလးနန္းေတာ္အမိုးနဲ႔ပက္သက္ၿပီး အခုလိုေဖာ္ျပထားတာျဖစ္ပါတယ္။

နန္းေတာ္အေဆာက္အုံရွိသမွ်အားလုံးသည္ တစ္ထပ္တည္းသာရွိ၏။အမိုးမ်ားတင္ထားပုံမွာလည္းသေဘာလကၡဏာတူ၍ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွာ ျမင္ရပုံႏွင့္မျခားနားေခ်။ အေဆာက္အဦး၏ အေရးပါပုံကိုလိုက္၍ ဘုံျပာသာဒ္အဆင့္ဆင့္

တင္သည္ကိုေတြႏိုင္ပါသည္။

အုတ္ကြၽတ္မိုးျဖစ္ေကာင္း၏ ဟုေမွ်ာ္လင့္ထားေသာ္လည္း အခုံးငယ္မ်ားပါသည့္ သာမာန္သြပ္ျပားမိုးထားသည္ကို ေတြ႕ေနရပါသည္။ဥေရာပတိုက္မွရယူလာသည့္ အေလ့ဟူ၍ လုံးဝမယူဆႏိုင္ေခ်။ အိႏၵိယႏွင့္တ႐ုတ္တို႔၏

ေရွးပေဝသဏီမွစ၍ နန္းေတာ္အတြက္ အမိုးကိုေငြျပားသို႔မဟုတ္ ခဲျပားျဖစ္ေစလိုေသာဆႏၵရွိပါသည္။တ႐ုတ္မွတ္တမ္းမ်ားတြင္ ျမန္မာၿမိဳ႕ေတာ္၏ နန္းေတာ္အမိုးသည္ ေငြဟုေဖာ္ျပဖူး၏။ ကေမာၻဇနန္းေတာ္တို႔၌လည္း

ေငြမိုးပင္ေတြ႕ႏိုင္ပါသည္။ထို႔ေၾကာင့္မႏၲေလး(နန္းေတာ္)မွ ာသြပ္မိုးေတြ႕ေနရျခင္းမွာ ေရွးထုံးကိုလိုက္၍ ေငြႏွင့္ခဲမရႏိုင္လင့္ကစား ထိုသတၱဳတို႔အေရာင္ရွိေသာ သြပ္ျပားကိုသုံးျခင္းျဖင့္ေရွးထုံးပယ္ရာမေရာက္ ဆိုၿပီး (မႏၲေလးနန္းေတာ္ ၂၃ ၄)

ကေဖာ္ျပထားသည္။အသစ္ျပန္လည္ မြန္းမံတည္ေဆာက္ျခင္းႏွင့္ပက္သက္ၿပီး ေဖာ္ျပထားဟန္ရွိတဲ့အခ်က္ကို ဖတ္ရႈမိရင္း ေရွးယခင္က ေငြအမိုးခဲသတၱျပာအမိုးေတြ ျမန္မာႏိုင္ငံမွာအသုံးျပဳခဲ့ေၾကာင္း

အေထာက္အထားေတြကို အခုလိုဖတ္မိတာနဲ႔တိုက္ဆိုင္ၿပီး ရွမ္းအေရွ႕မွာေတာင္ တစ္ေနရာတည္းသာက်န္ရွိေနတဲ့ ႏွစ္(၇၀၀) ေက်ာ္ဝန္းက်င္က ခဲသတၱဳျပားမိုး ေရွးအေထာက္အထားကို ေဖာ္ျပလိုက္ရျခင္းျဖစ္ပါတယ္။

ဝပ္ေႏွာင္လုံဘုန္းေတာ္ႀကီးေက်ာင္း ေခါင္မိုးတစ္ခ်ိဳ႕ဟာယေန႔ေခတ္မွာ ႏွစ္ကာလေတြေျပာင္းလဲလာတာနဲ႔အမွ် အထက္ပိုင္းခဲမိုးလက္က်န္က်န္ရွိေနၿပီး ေအာက္ပိုင္းေခါင္မိုး ႐ိုးရာအုတ္ႂကြပ္မိုးအေဟာင္းေနရာေတြမွာေတာ

ေခတ္မွီယေန႔ေခတ္အုတ္ႂကြပ္မိုးေျပာင္ေျပာင္ႀကီးေတြ အစားထိုးဝင္ေရာက္ေနပါၿပီ။ဒါကိုအခုပိုစ့္ရဲ႕ ပုံတစ္ခ်ိဳ႕မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ ကြၽန္ေတာ္ဟာ ဝါသနာရွင္တစ္ေယာက္အေနနဲ႔ ေလ့လာမိသမွ် သိထားတဲ့ အခ်က္အနည္းငယ္မွ်ျဖင့္

ေရွးေဟာင္းယဥ္ေက်းမႈအေမြႏွစ္ေတြစိတ္ဝင္စားတဲ့မိတ္ေဆြေတြ ေလ့လာျမင္ေတြ႕ႏိုင္ေစဖို႔ရည္႐ြယ္ၿပီး အခုလို ေဖာ္ျပေပးလိုက္ပါတယ္။

Crd-Original Post