သမိုင်းအစဉ်အလာ ကြီးမားပြီး စာပေကျမ်းဂန်တွေထဲမှာ အမြဲပါလေ့ရှိတဲ့ ဂင်္ဂါမြစ်

သမိုင်းအစဉ်အလာ ကြီးမားပြီး စာပေကျမ်းဂန်တွေထဲမှာ အမြဲပါလေ့ရှိတဲ့ ဂင်္ဂါမြစ်

ဂင်္ဂါမြစ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၁၀၄၀၀ ကျော်မြင့်သော ဟိမဝန္တာ တောင်တန်းများရှိ ရေခဲဂူကြီးတစ်ခုအတွင်းမှ စတင်မြစ်ဖျားခံပြီး တောတောင်အထပ်ထပ်ကို ကျော်လွန်ကာ အိန္ဒိယနိုင်ငံ၏ ကျယ်ပြန့်သော

လွင်ပြင်ကြီးများကိုဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းဖြစ်သည်။ြ မစ်လက်တက်များ ပေါင်းစပ်စီးဝင်ခြင်းမပြုမီ ဂင်္ဂါမြစ်ကြောင်းမှာ ရေအလွန်တိမ်၍ သင်္ဘောကြီးများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။ နုန်းမြေ လွင်ပြင်တလျှောက်

စီးဆင်းခဲ့ရသဖြင့်မြစ်ကြောင်းမှာ အလွန်ကွေ့ကောက်ပြီးလျှင် မြစ်ရေမှာ ကြည်လင်ခြင်း မရှိ ရေစီးလည်း အလွန်နှေးသည်။ ဂင်္ဂါမြစ်လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ ယမုံနာမြစ် လက်တက်ကြီး စီးဝင်သည်။

ထိုမြစ်နှစ်သွယ်အကြားရှိ ဒိုအပ်မြေခေါ် စပ်ကြားလွင်ပြင်သည် ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် မြေဩဇာ အကောင်းဆုံးဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတစ်ခု ဖြစ်သည်။ဗုဒ္ဓစာပေကျမ်းဂန်တွေထဲက ဂင်္ဂါမြစ် –ဂင်္ဂါမြစ်ကမ်းတွင်

ဗာရာဏသီမြို့၊ ပါတလိပုတ်ဟု တွင်ခဲ့သော ပတ္တနာမြို့နှင့် ကွန်ပိုမြို့ကြီးများရှိသည်။ဂင်္ဂါမြစ်အတွင်းသို့ ဂုမ္မတီ၊ ဂေါ့ဂရာ၊ ဂန်ဒတ် မြစ်လက်တက်များ စီးဝင်ကြသည်။လွင်ပြင်ကြီး တလျှောက် အရှေ့တောင်ယွန်းယွန်းသို့ တဖြည်းဖြည်း

စီးဆင်းခဲ့ရာကာလကတ္တားမြို့မှ အထက်မိုင် ၂၀၀ ခန့်ဝေးသည့်နေရာတွင် မြစ်ညာမှ နုန်းမြေများစွာ သယ်ယူခဲ့သော ဗြဟ္မပုတ္တရမြစ်နှင့် ပေါင်းဆုံသည်။ထိုအခါ ကျယ်ပြန့်သော မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်ထွန်းစေလျက် ဘင်္ဂလားပင်လယ်အော်ထဲသို့

မြစ်ကြောင်းများစွာ ခွဲပြီးလျှင် စီးဝင်လေသည်။

ဟူဂလီမြစ်ရေမှာ ရေကြောင်းအလွန်နက်သဖြင့် ပင်လယ်မှ မိုင် ၈၀ ဝေးသော ကာလကတ္တားမြို့ တိုင်အောင် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်နိုင်သည်။မြစ်ဝကျွန်းပေါ် ဒေသများတွင် ရွှံ့ညွန် လတာပြင်ကြီးများနှင့် ကိုင်းတောကြီးများ ရှိခြင်းကြောင့်

သားရဲ တိရစ္ဆာန်များ၊ ကျားများနှင့် မိကျောင်းများ အထူးပေါများလေသည်။အယူဝါဒအားဖြင့် ဂင်္ဂါမြစ်သည် ဟိန္ဒူလူမျိုးများ အထွတ်အမြတ် ထားအပ်သော မြစ်ဖြစ်သည်။ဂင်္ဂါမြစ်ရေကို ချိုးခြင်းဖြင့် မကောင်းမှုမှ စင်ကြယ်စေသည်ဟု ယူဆကြသည့်ပြင်

ဟိန္ဒူလူမျိုးများ ကွယ်လွန်လျှင် ၎င်းတို့၏ အရိုးပြာကို ဂင်္ဂါမြစ်ထဲသို့ စွန့်ပစ်နိုင်ပါက ကောင်းမွန်ရာသို့ ဧကန်ရောက်နိုင်မည်ဟု ယုံကြည်ကြသည်။ဗုဒ္ဓစာပေကျမ်းဂန်တွေထဲက ဂင်္ဂါမြစ် – ဂင်္ဂါမြစ်နှင့် လက်တက်များသည် မိုးတွင်း၌ ပတ်ဝန်းကျင်ဒေသများကို

ရေလွှမ်းမိုးလျက် နုန်းမြေများကို တင်စေသဖြင့် ထိုအရပ်များ၌ မြေဩဇာ အလွန်ထက်သန် ကောင်းမွန်ပြီးလျှင် သန်းပေါင်းများစွာသော လူတို့၏ နေထိုင်စားသောက်မှုကို လွယ်ကူစေသည်။

ဆန်စပါး၊ ဂျုံ၊ ဝါ၊ ဟင်းခတ် အမွှေးအကြိုင်၊ ဂုန်လျှော်များ ကောင်းစွာဖြစ်ထွန်းသည်။ ဂင်္ဂါမြစ်သည် မိုင်ပေါင်း ၁၅၅၇ မိုင်ရှည်လျား၍ မြစ်ဝမှ မိုင် ရ၀၀ ကျော်ဝေးသော ကွန်ပိုမြို့အထိ သင်္ဘောများ ဆန်တက်သွားလာနိုင်ပြီး အိန္ဒိယပြည် လွင်ပြင်ကြီး၏

ဗဟိုရေကြောင်း လမ်းမကြီးဖြစ်သည်။

Crd-Original Post

(ZAWGYI)

သမိုင္းအစဥ္အလာ ႀကီးမားၿပီး စာေပက်မ္းဂန္ေတြထဲမွာ အၿမဲပါေလ့ရွိတဲ့ ဂဂၤါျမစ္

ဂဂၤါျမစ္သည္ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေပေပါင္း ၁၀၄၀၀ ေက်ာ္ျမင့္ေသာ ဟိမဝႏၲာ ေတာင္တန္းမ်ားရွိ ေရခဲဂူႀကီးတစ္ခုအတြင္းမွ စတင္ျမစ္ဖ်ားခံၿပီး ေတာေတာင္အထပ္ထပ္ကို ေက်ာ္လြန္ကာ အိႏၵိယႏိုင္ငံ၏ က်ယ္ျပန႔္ေသာ လြင္ျပင္ႀကီးမ်ားကိုျဖတ္သန္းစီးဆင္းသည့္ ျမစ္တစ္စင္းျဖစ္သည္။ျ မစ္လက္တက္မ်ား ေပါင္းစပ္စီးဝင္ျခင္းမျပဳမီ ဂဂၤါျမစ္ေၾကာင္းမွာ ေရအလြန္တိမ္၍ သေဘၤာႀကီးမ်ား ဆန္တက္သြားလာျခင္း မျပဳႏိုင္ေခ်။ ႏုန္းေျမ လြင္ျပင္တေလွ်ာက္ စီးဆင္းခဲ့ရသျဖင့္ျမစ္ေၾကာင္းမွာ အလြန္ေကြ႕ေကာက္ၿပီးလွ်င္ ျမစ္ေရမွာ ၾကည္လင္ျခင္း မရွိ ေရစီးလည္း အလြန္ေႏွးသည္။ ဂဂၤါျမစ္လမ္းခရီးတဝက္၌ ျမစ္အတြင္းသို႔ ယမုံနာျမစ္ လက္တက္ႀကီး စီးဝင္သည္။

ထိုျမစ္ႏွစ္သြယ္အၾကားရွိ ဒိုအပ္ေျမေခၚ စပ္ၾကားလြင္ျပင္သည္ ေကာက္ပဲသီးႏွံ စိုက္ပ်ိဳးရာတြင္ ေျမဩဇာ အေကာင္းဆုံးျဖစ္သျဖင့္ လူဦးေရမွာလည္း ကမာၻေပၚတြင္ အထူထပ္ဆုံး ေဒသတစ္ခု ျဖစ္သည္။ဗုဒၶစာေပက်မ္းဂန္ေတြထဲက ဂဂၤါျမစ္ –ဂဂၤါျမစ္ကမ္းတြင္ ဗာရာဏသီၿမိဳ႕၊ ပါတလိပုတ္ဟု တြင္ခဲ့ေသာ ပတၱနာၿမိဳ႕ႏွင့္ ကြန္ပိုၿမိဳ႕ႀကီးမ်ားရွိသည္။ဂဂၤါျမစ္အတြင္းသို႔ ဂုမၼတီ၊ ေဂါ့ဂရာ၊ ဂန္ဒတ္ ျမစ္လက္တက္မ်ား စီးဝင္ၾကသည္။လြင္ျပင္ႀကီး တေလွ်ာက္ အေရွ႕ေတာင္ယြန္းယြန္းသို႔ တျဖည္းျဖည္း စီးဆင္းခဲ့ရာကာလကတၱားၿမိဳ႕မွ အထက္မိုင္ ၂၀၀ ခန႔္ေဝးသည့္ေနရာတြင္ ျမစ္ညာမွ ႏုန္းေျမမ်ားစြာ သယ္ယူခဲ့ေသာ ျဗဟၼပုတၱရျမစ္ႏွင့္ ေပါင္းဆုံသည္။

ထိုအခါ က်ယ္ျပန႔္ေသာ ျမစ္ဝကြၽန္းေပၚေဒသမ်ား ျဖစ္ထြန္းေစလ်က္ ဘဂၤလားပင္လယ္ေအာ္ထဲသို႔ ျမစ္ေၾကာင္းမ်ားစြာ ခြဲၿပီးလွ်င္ စီးဝင္ေလသည္။ ဟူဂလီျမစ္ေရမွာ ေရေၾကာင္းအလြန္နက္သျဖင့္ ပင္လယ္မွ မိုင္ ၈၀ ေဝးေသာ ကာလကတၱားၿမိဳ႕ တိုင္ေအာင္ ပင္လယ္ကူး သေဘၤာႀကီးမ်ား ဝင္ထြက္ႏိုင္သည္။ျမစ္ဝကြၽန္းေပၚ ေဒသမ်ားတြင္ ႐ႊံ႕ၫြန္ လတာျပင္ႀကီးမ်ားႏွင့္ ကိုင္းေတာႀကီးမ်ား ရွိျခင္းေၾကာင့္ သားရဲ တိရစာၦန္မ်ား၊ က်ားမ်ားႏွင့္ မိေက်ာင္းမ်ား အထူးေပါမ်ားေလသည္။အယူဝါဒအားျဖင့္ ဂဂၤါျမစ္သည္ ဟိႏၵဴလူမ်ိဳးမ်ား အထြတ္အျမတ္ ထားအပ္ေသာ ျမစ္ျဖစ္သည္။

ဂဂၤါျမစ္ေရကို ခ်ိဳးျခင္းျဖင့္ မေကာင္းမႈမွ စင္ၾကယ္ေစသည္ဟု ယူဆၾကသည့္ျပင္ ဟိႏၵဴလူမ်ိဳးမ်ား ကြယ္လြန္လွ်င္ ၎တို႔၏ အ႐ိုးျပာကို ဂဂၤါျမစ္ထဲသို႔ စြန႔္ပစ္ႏိုင္ပါက ေကာင္းမြန္ရာသို႔ ဧကန္ေရာက္ႏိုင္မည္ဟု ယုံၾကည္ၾကသည္။ဗုဒၶစာေပက်မ္းဂန္ေတြထဲက ဂဂၤါျမစ္ – ဂဂၤါျမစ္ႏွင့္ လက္တက္မ်ားသည္ မိုးတြင္း၌ ပတ္ဝန္းက်င္ေဒသမ်ားကို ေရလႊမ္းမိုးလ်က္ ႏုန္းေျမမ်ားကို တင္ေစသျဖင့္ ထိုအရပ္မ်ား၌ ေျမဩဇာ အလြန္ထက္သန္ ေကာင္းမြန္ၿပီးလွ်င္ သန္းေပါင္းမ်ားစြာေသာ လူတို႔၏ ေနထိုင္စားေသာက္မႈကို လြယ္ကူေစသည္။ဆန္စပါး၊ ဂ်ဳံ၊ ဝါ၊ ဟင္းခတ္ အေမႊးအႀကိဳင္၊ ဂုန္ေလွ်ာ္မ်ား ေကာင္းစြာျဖစ္ထြန္းသည္။ ဂဂၤါျမစ္သည္ မိုင္ေပါင္း ၁၅၅၇ မိုင္ရွည္လ်ား၍ ျမစ္ဝမွ မိုင္ ရ၀၀ ေက်ာ္ေဝးေသာ ကြန္ပိုၿမိဳ႕အထိ သေဘၤာမ်ား ဆန္တက္သြားလာႏိုင္ၿပီး အိႏၵိယျပည္ လြင္ျပင္ႀကီး၏ ဗဟိုေရေၾကာင္း လမ္းမႀကီးျဖစ္သည္။

Crd-Original Post