တပ်မတော် အကျိုးပြု ဇာတ်ကားများ ရိုက်ကူးရန်အတွက် သရုပ်ဆောင် အခက်အခဲတွေ့နေ

တပ်မတော် အကျိုးပြု ဇာတ်ကားများ ရိုက်ကူးရန်အတွက် သရုပ်ဆောင် အခက်အခဲတွေ့နေ

စစ်ကောင်စီ က တပ်မတော်နေ့မှာ ပြသဖို့အတွက် ဝါဒဖြန့်ဇာတ်ကားရိုက်ဖို့ စီစဉ်နေရာ ဝါရင့်နာမည်ကြီးသရုပ်ဆောင်တွေရရှိဖို့ ခက်ခဲနေတယ်လို့ သိရှိရပါသည်။

စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးတဲ့နာမည်ကြီး ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်) က အခုရိုက်မည့် စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားရဲ့ ဇာတ်ကောင်စရိုက်တွေက ခက်ခဲလွန်းတာကြောင့် အရည်အသွေးမြင့် ဝါရင့်သရုပ်ဆောင်တွေရဖို့

စိတ်ပူနေရတယ်ဆိုပြီးသူရဲ့ လူမှု့ကွန်ရက်မှာ မျှဝေထားတာဖြစ်ပါသည်။

စစ်ကောင်စီ အာဏာရယူတာကို လက်္မခံကြောင်း ပြည်သူလူထုနဲ့တစ်ကွ နာမည်ကျော်ဝါရင့် သရုပ်ဆောင်တွေလည်း ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ ပါဝင်တာဖြစ်ပြီး စစ်ကောင်စီ က

နာမည်ကျော် သရုပ်ဆောင် တော်တော်များများကိုဖမ်းဆီးကာအမှု့ဖွင့်ထားတာ ဖြစ်ပါသည်။ အဲဒါကြောင့် အခုရိုက်ကူးမယ့် စစ်ကောင်စီ ဝါဒဖြန့်ကားမှာ ပါဝင်ရိုက်ကူးမယ့် ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ရရှိဖို့ ခက်ခဲနေတာ ဖြစ်ပါသည်။

ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်) က အညတရမိုးကောင်းကင် (၂၀၁၆)၊ ပြည်ထောင်စုသစ္စာ (၂၀၁၇)၊ စစ်ကိုမုန်း၍တိုက်ခဲ့သည် (၂၀၁၈)၊ နာရီတစ်ရာ့တစ်ဆယ် (၂၀၁၉) နဲ့ တစဈတမက် ကိုယ်နှင့်သက်ကို (Legends Of Warriors -၂၀၂၀) စတဲ့ စစ်ကောင်စီ ဝါဒဖြန့်ကားတွေ ရိုက်ကူးထားတာဖြစ်သည်။

Crd-Original Post

(ZAWGYI)








Crd-Original Post