ဗုဒ္ဓ ဘာသာ နဲ့ ပတ်သက်ပြီး ကလေးမေးတာတချို့ မဖြေနိုင်ခဲ့ရင် ဒီပို့စ် ဖတ်ပြီးမှ ပြန်ဖြေနိုင်ပါပြီ

ဗုဒ္ဓ ဘာသာ နဲ့ ပတ်သက်ပြီး ကလေးမေးတာတချို့ မဖြေနိုင်ခဲ့ရင် ဒီပို့စ် ဖတ်ပြီးမှ ပြန်ဖြေနိုင်ပါပြီ

သင့်ရဲ့ ကလေးငယ်ကပဲ မေးမေး ၊ ဘာသာခြားကပဲ မေးမေး ၊ ဘယ်သူ မေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊ အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။

အဲဒီလိုဖြေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ ၁။ကကုသန်မြတ်စွာဘုရား၂။ ကောဏဂုံမြတ်စွာဘုရား၃။ ကဿပျမတ္စြာဘုရား၄။ ဂေါတမမြတ်စွာဘုရား၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) သာသနာတော် သုံးရပ် ၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေ သင်ကြားခြင်း၂။ ပဋိပတ္တိသာသနာ=တရားတော်နှင့်အညီ ကျင့်ခြင်း ၃။ ပဋိဝေဒ သာသနာ = ထိုးထွင်း သိမြင်ခြင်း

ရတနာ သုံးပါး ၁။ ဘုရား ၂။ တရား ၃။ သံဃာဂေါတမ ဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သော အချက်များမြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒေါ္ဓဓနမြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာမြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ်မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသားမြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာမြတ်စွာဘုရား၏ သားတော် = ရာဟုလာမြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊ ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင် ။

သံဝေဇနိယ လေးဌာန ၁။ မြတ်စွာဘုရား ဖွားမြင်သည့် အရပ် = လုံမ္ဗနီဥယာဉ် ၂။ ဘုရားအဖြစ်ရောက်တော်မူသော နေရာ = ဗုဒ္ဓဂါယာ ၃။ ဓမ္မစြင်္ကာတရားဦး ဟောတော်မူသောနေရာ = မိဂဒါဝုန်တော ၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ သတ္တဌာန ခုနွစ္ပါး၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစြင်္က ံ၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင် ၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန ၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော် ကိုးပါး ၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။ ၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။ ၃။ ဝိဇ္ဇာစရဏသမ္ပန္နော = ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်ပြည့်စုံတော်မူသောဂုဏ်။ ၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကိုယဉ်ကျေးအောင်ဆုံးမသောဂုဏ်။ရ။ သတ္ထာဒေဝမနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရား ဂုဏ်တော် ခြောက်ပါး ၁။ သွာက္ခာတော = တရားတော်၏ အစ အလယ် အဆုံး ကောင်းသောဂုဏ်။ ၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သောဂုဏ်။၃။ အကာလိကော = အခါမလင့် ကောင်းကျိုး ချမ်းသာပေးတတ်သောဂုဏ်။၄။ ဧဟိပဿိကော = လာလှည့် ရှုလှည့် ဟူ၍ အစီရင်ကို ခံထိုက်သောဂုဏ်။၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲ ဆောင်ခြင်းငှာထိုက်သောဂုဏ်။၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့ စိတ်၌ သိအပ် ခံစားအပ်သောဂုဏ်။

သံဃာ့ ဂုဏ်တော် ကိုးပါး ၁။ သုပ္ပဋိပန္နော = သိက္ခာ ကျင့်ဝတ် တို့ကို ကောင်းစွာ ကျင့်တော်မူသောဂုဏ်။၂။ ဥဇုပ္ပဋိပန္နော = သိက္ခာ ကျင့်ဝတ် တို့ကို ဖြောင့်မတ်စွာ ကျင့်သောဂုဏ်။၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန် ၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကို ရိုသေထိုက်သောဂုဏ်။၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလဝန ္တတို့အား လှူအပ်သော ပစ္စည်းကို ခံယူတော်မူထိုက်သောဂုဏ်။၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သော ဧည့်သည်တို့ အဖို့ စီရင်ထားသော မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော အလှူကို ခံတော်မူထိုက်သောဂုဏ်။၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကို အလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ ထိုက်တော်မူသောဂုဏ်။၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်း ဟူသော မျိုးစေ့ တို့၏ စိုက်ပျိုးရာ လယ်မြေကောင်း သဖွယ်ဖြစ်သောဂုဏ်။

အနွစ်သုံးပါး ၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ ပစ္စည်းလေးပါး၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း ဆီမီး ကပ်လှူခြင်း အကျိုးနှစ်ပါး၁။ ပကတိ မျက်စိကြည်လင်ခြင်း ၂။ ဉာဏ် (မျက်စိ)ကြည်လင်ခြင်းဆွမ်း အကျိုး ငါးပါး ၁။ အာယု = အသက်ရှည်ခြင်း၂။ ဝဏ္ဏ = အဆင်းလှခြင်း ၃။ သုခ = ချမ်းသာကြီးခြင်း၄။ ဗလ = ခွန်အားကြီးခြင်း ၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း ပန်း လှူရသည့် အကျိုးသုံးပါး ၁။ ရုပ်ရည် လှပသည်။ ၂။ ခန္ဒာကိုယ် သန့်ရှင်းစင်ကြယ်စေသည်။ ၃။ ခံတွင်းအနံ့ မွှေးကြည်စေသည်။ သီလရှိသူ ရနိုင်သော အကျိုး ငါးပါး ၁။ စည်းစိမ် ဥစ္စာ ရရှိနိုင်သည်။ ၂။ ဂုဏ်သတင်း ကျော်ကြားနိုင်သည်။ ၃။ တင့်တင့်တယ်တယ် နေနိုင်သည်။ ၄။ မတွေမဝေဘဲ သေရမည်။ ၅။ သေပြီးနောက် ကောင်းသော ဘဝရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး

၁။ မကြားဖူးသော ထုံးနည်း ပုံစံ တရားကောင်းတို့ကို ကြားရခြင်း။၂။ ကြားဖူးသော တရားကောင်းကို အဖန် တစ်လဲလဲ မှတ်မိအောင်နာကြားရခြင်း။၃။ ယုံမှား သံသယကို ဖျောက်နိုင်ခြင်း။၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။၅။ သဒ္ဓါယုံကြည်သောစိတ် တိုးပွားစေခြင်း။မေတ္တာ အကျိုး ၁၁ ပါး ၁။ ချမ်းသာစွာ အိပ်ရသည်။ ၂။ ချမ်းသာစွာနိုးရသည်။ ၃။ မကောင်းသော အိမ်မက်မမြင်၄။ လူ နတ် ချစ်သနားသည်။ ၅။ ဘေးလွတ်အောင် နတ်တို့စောင်မသည်။၆။ မီးမလောင်နိုင် ၇။ ဓားလက်နက် မထိနိုင် ၈။ အဆိပ်နှင့် မသေနိုင် ၉။ မကောင်းသောစိတ် ပျောက်သည်။၁၀။ မျက်နှာ အဆင်းလှသည်။၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်း အကျိုး ငါးမျိုး ၁။ လူအများ ချစ်ခြင်း။ ၂။ ရန်ငြိမ်းခြင်း။ ၃။ အပြစ်နည်းခြင်း။ ၄။ မတွေမဝေသေရခြင်း။ ၅။ သုဂတိဘဝသို့ လားရခြင်း။ အပယ်လေးပါး ၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်ကပ် သုံးပါး ၁။ ဒုဗိ ္ဘက္ခန ္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ် ၂။ သတ္တန ္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ် ၃။ ရောဂန ္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်ရပ်ပြစ် ရှစ်ပါး ၁။ ငရဲ = ချမ်းသာမှု အလျဉ်းမရှိသော အရပ် ၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့် ဖီလာ မိုးကိုကျောပေးသော သတ္တဝါ ၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသော သတ္တဝါ ၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာ ရှိ၍ အသက် နာမ် မရှိသော ဗြဟ္မာဘုံ ၅။ ပစ္စန ္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြား အရပ် ၆။ မိစ္ဆာဒိဌိ = မှားသော အယူရှိသော လူမျိုးစု ၇။ ဝိကလိန္ဒြိယ = သစ္စာလေးပါးတရားကို နာကြားရသော် ၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး ၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ် မနှစ်သက်သောသူ ဝိပတ္တိ တရား လေးပါး၁။ သီလဝိပတ္တိ = သီလပျက်ခြင်း ၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း ၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း၄။ အာဇီဝဝိပတ္တိ = အသက်မွေးမှုပျက်ခြင်း ဗ်သနတရား ငါးပါး ၁။ ဉာတိဗျသန = ဆွေမျိုး ဉာတိတို့ သေကျေ ပျက်စီးခြင်း ၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ် ဥစ္စာ လျောကျ ပျက်စီးခြင်း ၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း ၄။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း ၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှား ပျက်စီးခြင်းကိလေသာ သုံးပါး ၁။ လေဘ ၂။ ဒေါသ ၃။ မောဟ ကာလ သုံးပါး ၁။ အတိတ် = လွန်လေပြီးသောကာလ ၂။ ပစ္စုပ္ပါန် = လက်ရှိကာလ၃။ အနာဂတ် = နောင်ကာလ အဂတိ တရား လေးပါး ၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟမျက်မှောက် စည်းစိမ် ပျက်စီးကြောင်း တရား သုံးပါး ၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း ၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း ၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံ ပျက်ရသော အကြောင်း နှစ်ပါး ၁။ မိစ္ဆာဒိဌိ အယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်းကံ သုံးပါး ၁။ ကာယကံ=ကိုယ်ဖြင့်ပြုခြင်း ၂။ ဝစီကံ=နှုတ်ဖြင့်ပြုခြင်း၃။ မနောကံ=စိတ်ဖြင့်ပြုခြင်း အာရုံ ခြောက်ပါး ကာမဂုဏ် တရားများ ၁။ ရှုပါရုံ =အဆင်း အာရုံ ၂။ သဒ္ဒါရုံ = အသံ အာရုံ ၃။ ဂန္ဓာရုံ = အနံ့ အာရုံ ၄။ ရသာရုံ = အရသာ အာရုံ ၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ ၆။ ဓမ္မာရုံ = တရားသေဘာ အာရုံပိဋကတ် သုံးပုံ ၁။ သုတ္တန် ၂။ ဝိနည်း ၃။ အဘိဓမ္မာစေတနာ သုံးတန် ၁။ ပုဗ္ဗ = ကြိုတင်စေတနာ ၂။ မုဉ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာလောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊လောက သုံးပါး

၁။ သတ္တလောက = လူ သတ္တဝါများ၏ လောက၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက ၃။ သြကာသလောက = ရှိရှိသမျှ လူသတ္တဝါ အားလုံးရှိသောလောကဗြဟ္မစိုရ် တရား လေးပါး ၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရားသမ္ပတ္တိ တရား လေးပါး ၁။ ကာလသမ္ပတ္တိ = ခေတ် အခါကောင်းနှင့် ကြုံတွေ့ရခြင်း။ ၂။ ဂတိသမ္ပတ = လူ့ဘ၀ နတ်ဘ၀ ကဲ့သို့ ကောင်းသော ဂတိနှင့် ကြုံတွေ့ရခြင်း။ ၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါ ညီညာပြည့်စုံခြင်း၊ ရုပ်ရည် ရူပကာ တင့်တယ်ခြင်း။ ၄။ ပယောဂသမ္ပတ = ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါး ဖြူစင်ကောင်းမွန်ခြင်း။

သမ္ပဒါ တရား လေးပါး (မျက်မှောက် ကြီးပွားကြောင်း တရား လေး) ၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံမှု ၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု ၄။ သမဇီဝိတသမ္ပဒါ = မျှတစွာ အသက်မွေးမှု ခန္ဓာ ငါးပါး ၁။ ရူပက္ခန္ဓာ ၂။ ဝေဒနာက္ခန္ဓာ ၃။ သင်္ခါရက္ခန္ဓာ ၄။ သညာက္ခန္ဓာ ၅။ ဝိညာဏက္ခန္ဓာ သိက္ခာ သုံးပါး ၁။သီလ ၂။သမာဓိ ၃။ပညာ သစ္စာ လေးပါး ၁။ ဒုက္ခ သစ္စာ၂။ သမုဒယ သစ္စာ ၃။ နိရောဓ သစ္စာ ၄။ မဂ္ဂ သစ္စာစေတီ လေးမျိုး၁။ ဓမ္မေစတီ၂။ ဓါတုစေတီ ၃။ ဥဒ္ဓိဿေစတီ ၄။ ပရိဘောဂစေတီ ဥပါယ်တံမျဉ် လေးမျိုး ၁။ ဘေဒဥပါယ် = သဘောထား အယူအဆ ကွဲလွဲအောင် သွေးထိုး သပ်လျှိုသည့် နည်းလမ်း။၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်း စသော ဒဏ်ခတ်သည့် နည်းလမ်း။၃။ သာမဥပါယ် = ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ့်ဘက် ပါအောင် ဖျောင်းဖျ ပြောဆိုစည်းရုံးခြင်း နည်းလမ်း။၄။ ဒါနဥပါယ် = ပေးကမ်းခြင်း နည်းလမ်း။

Source – Mrsoe Thuaung , Dr Shwe Tun Credit to Buddhism Beams (Myanmar)