ဘုရားပန်းလှူတဲ့အခါ လွှဲမှားနေတာလေးများ သတိထားနိုင်စေဖို့ရာ (ဘုရားကို ပန်းကုံးစွပ်သင့် / မသင့်)

ဘုရားပန်းလှူတဲ့အခါ လွှဲမှားနေတာလေးများ သတိထားနိုင်စေဖို့ရာ (ဘုရားကို ပန်းကုံးစွပ်သင့် / မသင့်)

ကျောင်းကန်ဘုရားမှာပဲဖြစ်ဖြစ်၊ နေအိမ်ဘုရားစင်တွေမှာပဲဖြစ်ဖြစ် ဘုရားပန်းလှူတဲ့အခါ လွှဲမှားနေတာလေးများ သတိထားနိုင်စေဖို့ရာအတွက် ဒေါက်တာနန္ဒမာလာ မိန့်ထားသည်ကို ဗဟုသုတအဖြစ်သိထားနိုင်စေဖို့

ပြန်လည်မျှဝေလိုက်ပါတယ်။

ဒေါက်တာနန္ဒမာလာ မိန့်ကြားထားပုံမှာ ”မင်းတို့ ဒကာ ဒကာမတွေ အချိုးမကျတာတခုရှိတယ်။ခဏခဏ တွေ့နေရလို့ ပြောရဦးမယ်..ဘုရားပန်းလှူတဲ့အခါ ပန်းကုံးတွေ ဘုရားလည်ပင်းချိတ်ပြီးလှူထားတာ ခဏခဏတွေ့ရတယ်…

အဲဒါမျိုး မလုပ်ပါနဲ့။အဂါရဝဖြစ်တယ် ကြည်ညိုဘွယ်ရာ လဲ မဖြစ်ဘူး။ဘုရားလည်ပင်း ပန်းကုံးတွေ ချိတ်လှူတော့ဘောလုံးသမားတွေနဲ့ တူနေတယ်တခြားနည်းနဲ့ ကြည်ညိုဘွယ်ဖြစ်အောင်လှူပါ။ဒီအကြောင်းအရာနဲ့စပ်ပီး..

ဟာသသဘောမျိုးလဲဖြစ်..လျှာရှည်တဲ့သူကိုပြန်မပြောနိုင်အောင်ပညာပေးလဲဖြစ်တဲ့ အဖြစ်အပျက်ကိုပြောပြပါ့မယ်..။

ဦးဇင်းတို့ မစိုးရိမ်တိုက်သစ်မှ ဓမ္မာဓိပတိကျောင်းနာယကဆရာတော် ဦးဣန္ဒကာဘိဝံသဆိုတာရှိပါတယ် တစ်နေ့ ဆရာတော်ကို စစ်ကိုင်းမြို့သီလရှင်စာသင်တိုက်မှာရှိတဲ့

ဘုရားဆင်းတုတော်အနေကဇာတင်ပွဲကိုပင့်ပါသတဲ့ ဆရာတော်ရောက်သွားတော့ အဲ့ဒီ သီလရှင်စာသင်တိုက်မှာ အနေကဇာတင်မယ့်.ဆင်းတုတော်ရဲ့လည်ပင်းတော်မှာ ပန်းကုံးတွေအထပ်ထပ်စွပ်ထားပါသတဲ့ ဒါကို

ဆရာတော်မြင်တော့မသင့်လို့ပြန်ဖြု တ်ခိုင်းတဲ့အခါ…လျှာရှည်တဲ့ သီလရှင်ဆရာလေးတစ်ပါးကစောဒကတက်သတဲ့ အရှင်ဘုရား သာမာန်လူသားတွေဖြစ်တဲ့.အားကစားသမားတွေတောင်မှ အောင်ပွဲရပြန်လာရင် ပန်းကုံးစွပ်

ပြီးဂုဏ်ပြုရသေးတာပဲဘုရားမြတ်စွာဘုရားကမာရ်ငါးပါးကိုအောင်မြင်လို့ ဒီလိုပန်းကုံးစွပ် ပြီးပူဇော်တာပိုမကောင်းဘူးလားဘုရား..။အဲ့ဒီ လိုလျှောက်တဲ့အခါ..ဆရာတော်က အလွန်ပညာသားပါတဲ့စကားလေးနဲ့ပြန်ပြောလိုက်ပါသတဲ့…။

ဆရာတော်ပြောလိုက်တဲ့စကားလေးက… ဟဲ့ မယ်သီလ…ယောက်ျားဆို ယောက်ျားလိုပူဇော်ရတယ်ဘုရားဆို ဘုရားလိုပူဇော်ရတယ် တဲ့…။အားလုံး မှတ်ကြစေသတည်း ဒေါက်တာနန္ဒမာလာမေတ္တာဖြင့်ပြန်လည်မျှဝေပေးပါသည်။

Crd-Original Post

(ZAWGYI)








Crd-Original Post