ပုဂံမှာတစ်ခုတည်းသောအခမဲ့တည်းခိုနိုင်သည့်တည်းခိုဆောင်

ပုဂံမှာတစ်ခုတည်းသောအခမဲ့တည်းခိုနိုင်သည့်တည်းခိုဆောင်

ပုဂံသို့ဘုရားဖူးလာတဲ့သူများအတွက်အခမဲ့တည်းခိုနိုင်သောတည်းခိုဆောင်နှင့်ပတ်သက်ပြီးရွှေစည်းခုံဂေါပကအဖွဲ့မှယခုလိုပြောပြထားပါတယ်။

ပုဂံရွှေစည်းခုံဘုရားပိုင်သာသနာ့နယ်မြေအတွင်းတွင်ပုဂံဘုရားဖူးလာသူများအတွက်အခမဲ့တည်းခိုဆောင်များထားရှိထားပြီးဧည့်သည်အယောက်(၃၀၀)ခန့်နားနေတည်းခိုနိုင်တယ်လို့ ဆိုပါတယ်။

လာရောက်တည်းခိုချင်သူများအနေဖြင့်ဘုရားဖူးသက်သက်လာသည့်ဧည့်သည်များကိုသာလက်ခံပြီးအဖွဲ့လိုက်လာရောက်တည်းခိုသူများအနေဖြင့်အဖွဲ့ခေါင်းဆောင်(သို့)အဖွဲ့အတွင်းမှတစ်ဦးဦး၏မှတ်ပုံတင်တစ်ခုကိုသာဧည့်ကြိုဌာနသို့

ပေးထားရသည်ဟုသိရသည်။ထို့ပြင်လာရောက်တည်းခိုသူများအနေဖြင့် ၃ညအိပ်၄ရက်သာလက်ခံသည်ဟုသိရသည်။

တည်းခိုဆောင်စုစုပေါင်း ၆ဆောင်ရှိပြီးတည်းခိုသူများအနေဖြင့် အရက်သေစာသောက်စားခြင်းမပြုရန်နှင့်တည်းခိုခန်းအခကြေးငွေအဖြစ်အလှူငွေကိုမိမိသဒ္ဒါကြေးအဖြစ်မိမိတတ်နိုင်သလောက်ကိုသာလှူဒါန်းနိုင်သည်ဟုသိရသည်။

“တချို့အဖွဲ့လိုက်လာတယ်အယောက် ၃၀/၄၀ ပေါ့ ပြီးလို့ပြန်တဲ့အခါတချို့၂သောင်း/၃သောင်းလှူသွားကြတာမျိုးလည်းရှိတယ်။တချို့ဘုရားဖူးတည်းခိုသူတွေကလှူမသွားတာမျိုးတွေလည်းရှိပါတယ်။

ကျနော်တို့ဆီကိုတည်းခိုချင်တယ်ဆိုရင်လှူချင်ရင်လှူပါ မလှူချင်ရင်လည်းရပါတယ်”ဟု ဧည့်ကြိုတာဝန်ခံဦးစိုးလှမောင်ထံကသိရသည်။

ဧည့်သည်အများဆုံးရက်များမှာဝါတွင်း အဖိတ် ဥပုသ်ရက်များဖြစ်ပြီးဝါခေါင်လတွင်တောင်ပြုန်းပွဲနှင့်တော်သလင်းလပုပ္ပါးပွဲတို့တွင်ဧည့်သည်အများဆုံးဖြစ်သည်ဟုသိရသည်။“ဧည့်သည်၂ဦး

၃ဦးလာရင်တော့ခုနောက်ပိုင်းလက်မခံတော့ဘူး။ဘာလို့လဲဆိုတော့ ၂ဦး /၃ဦး လောက်နဲ့သူတို့ကိုအခန်းမပေးနိုင်ဘူးလေ။အခန်းအပိုမရှိတဲ့အခါနောက်အဖွဲ့နဲ့ အဖွဲ့ချင်းပေါင်းထားပေးရင်ပြသနာတွေတတ်လာနိုင်လို့ပါ”ဟု

ဦးစိုးလှမောင်ကပြောသည်။မြန်မာသက္ကရာဇ် ၁၃၂၀ခုနှစ်ခန့် ကတည်းကထိုအဆောင်များသည်ဇရပ်ပုံစံဖြစ်ပြီးလွန်ခဲ့သည့် ၂၅နှစ်ခန့်က အခန်းများဖွဲ့၍ရွှေစည်းခုံဘုရားဂေါပကအဖွဲ့မှ တံခါးများတပ်ဆင်ထားခြင်းများပြုလုပ်ထားသည်ဟုသိရသည်။

“အခမဲ့တည်းခိုဆောင်ဆိုတဲ့ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ”ဟု ဧည့်ကြိုတစ်ဦးထံကသိရသည်။

ကိုဗစ်ကပ်ကြီးပြီးသွားလို့ပုဂံသို့သွားရောက်လည်ပတ်လိုသူများသိရှိနိုင်ကြစေဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd-Original Post

(ZAWGYI)

ပုဂံမွာတစ္ခုတည္းေသာအခမဲ့တည္းခိုႏိုင္သည့္တည္းခိုေဆာင္

ပုဂံသို႔ဘုရားဖူးလာတဲ့သူမ်ားအတြက္ အခမဲ့တည္းခိုႏိုင္ေသာတည္းခိုေဆာင္ႏွင့္ပတ္သက္ၿပီးေ႐ႊစည္းခုံေဂါပကအဖြဲ႕မွယခုလိုေျပာျပထားပါတယ္။ပုဂံေ႐ႊစည္းခုံဘုရားပိုင္သာသနာ့နယ္ေျမအတြင္းတြင္ပုဂံဘုရားဖူးလာသူမ်ားအတြက္အခမဲ့တည္းခိုေဆာင္မ်ားထားရွိထားၿပီးဧည့္သည္အေယာက္(၃၀၀)ခန႔္နားေနတည္းခိုႏိုင္တယ္လို႔ ဆိုပါတယ္။

လာေရာက္တည္းခိုခ်င္သူမ်ားအေနျဖင့္ဘုရားဖူးသက္သက္လာသည့္ဧည့္သည္မ်ားကိုသာလက္ခံၿပီးအဖြဲ႕လိုက္လာေရာက္တည္းခိုသူမ်ားအေနျဖင့္အဖြဲ႕ေခါင္းေဆာင္(သို႔)အဖြဲ႕အတြင္းမွတစ္ဦးဦး၏မွတ္ပုံတင္တစ္ခုကိုသာဧည့္ႀကိဳဌာနသို႔ ေပးထားရသည္ဟုသိရသည္။ထို႔ျပင္လာေရာက္တည္းခိုသူမ်ားအေနျဖင့္ ၃ညအိပ္၄ရက္သာလက္ခံသည္ဟုသိရသည္။တည္းခိုေဆာင္စုစုေပါင္း ၆ေဆာင္ရွိၿပီးတည္းခိုသူမ်ားအေနျဖင့္ အရက္ေသစာေသာက္စားျခင္းမျပဳရန္ႏွင့္

တည္းခိုခန္းအခေၾကးေငြအျဖစ္အလႉေငြကိုမိမိသဒၵါေၾကးအျဖစ္မိမိတတ္ႏိုင္သေလာက္ကိုသာလႉဒါန္းႏိုင္သည္ဟုသိရသည္။“တခ်ိဳ႕အဖြဲ႕လိုက္လာတယ္အေယာက္ ၃၀/၄၀ ေပါ့ ၿပီးလို႔ျပန္တဲ့အခါတခ်ိဳ႕၂ေသာင္း/၃ေသာင္းလႉသြားၾကတာမ်ိဳးလည္းရွိတယ္။တခ်ိဳ႕ဘုရားဖူးတည္းခိုသူေတြကလႉမသြားတာမ်ိဳးေတြလည္းရွိပါတယ္။က်ေနာ္တို႔ဆီကိုတည္းခိုခ်င္တယ္ဆိုရင္လႉခ်င္ရင္လႉပါ မလႉခ်င္ရင္လည္းရပါတယ္”ဟု ဧည့္ႀကိဳတာဝန္ခံဦးစိုးလွေမာင္ထံကသိရသည္။

ဧည့္သည္အမ်ားဆုံးရက္မ်ားမွာဝါတြင္း အဖိတ္ ဥပုသ္ရက္မ်ားျဖစ္ၿပီးဝါေခါင္လတြင္ေတာင္ျပဳန္းပြဲႏွင့္ေတာ္သလင္းလပုပၸါးပြဲတို႔တြင္ဧည့္သည္အမ်ားဆုံးျဖစ္သည္ဟုသိရသည္။“ဧည့္သည္၂ဦး ၃ဦးလာရင္ေတာ့ ခုေနာက္ပိုင္းလက္မခံေတာ့ဘူး။ဘာလို႔လဲဆိုေတာ့ ၂ဦး /၃ဦး ေလာက္နဲ႔သူတို႔ကိုအခန္းမေပးႏိုင္ဘူးေလ။

အခန္းအပိုမရွိတဲ့အခါေနာက္အဖြဲ႕နဲ႔ အဖြဲ႕ခ်င္းေပါင္းထားေပးရင္ျပသနာေတြတတ္လာႏိုင္လို႔ပါ”ဟု ဦးစိုးလွေမာင္ကေျပာသည္။ျမန္မာသကၠရာဇ္ ၁၃၂၀ခုႏွစ္ခန႔္ ကတည္းကထိုအေဆာင္မ်ားသည္ဇရပ္ပုံစံျဖစ္ၿပီးလြန္ခဲ့သည့္ ၂၅ႏွစ္ခန႔္က အခန္းမ်ားဖြဲ႕၍ေ႐ႊစည္းခုံဘုရားေဂါပကအဖြဲ႕မွ တံခါးမ်ားတပ္ဆင္ထားျခင္းမ်ားျပဳလုပ္ထားသည္ဟုသိရသည္။“အခမဲ့တည္းခိုေဆာင္ဆိုတဲ့ဆိုင္းပုဒ္ကိုေတာ့ မႏွစ္ေလးကမွ အေဆာင္ေတြမွ တပ္ထားခဲ့တာပါ”ဟု ဧည့္ႀကိဳတစ္ဦးထံကသိရသည္။ကိုဗစ္ကပ္ႀကီးၿပီးသြားလို႔ပုဂံသို႔သြားေရာက္လည္ပတ္လိုသူမ်ားသိရွိႏိုင္ၾကေစဖို႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Crd-Original Post