ထိမ်းသိမ်းဖို့လိုအပ်နေပြီဖြစ်တဲ့မန္တလေးနန်းမြို့ထက်အရွယ်အစားပိုကြီးသည့်တိမ်မြုပ်နေသောအံ့ဖွယ်ရှေးမြို့ဟောင်းကြီး

ထိမ်းသိမ်းဖို့လိုအပ်နေပြီဖြစ်တဲ့မန္တလေးနန်းမြို့ထက်အရွယ်အစားပိုကြီးသည့်တိမ်မြုပ်နေသောအံ့ဖွယ်ရှေးမြို့ဟောင်းကြီး

မန္တလေးနန်းမြို့ထက်အရွယ်အစားပိုကြီးသည့်တိမ်မြုပ်နေသောအံ့ဖွယ်ရှေးမြို့ဟောင်းကြီးအကြောင်းဗဟုသုတဖြစ်စေဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။မြန်မာနိုင်ငံ၌ရှေးမြို့ဟောင်းများအကြောင်းပြောကြလျှင်အများစုမှာမြန်မာပြည်အလယ်ပိုင်းနှင့်အထက်ပိုင်းဒေသရှိသရေခေတ္တရာ၊ဗိဿနိုး၊ဟန်လင်းစသည့်ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပျူမြို့များကိုသာပြေးမြင်တတ်ကြသည်။သို့သော်မြန်မာပြည်အောက်ပိုင်းမြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌မန္တလေးနန်းမြို့ထက်အရွယ်အစားကြီးမားသည့်မြို့ဟောင်းကြီးတခုတည်ရှိနေသည်ဟုဆိုလျှင်လူအများအံ့သြကြပါလိမ့်မည်။

ပုသိမ်မြို့မှပုသိမ်-မုံရွာလမ်းမကြီးအတိုင်းသွားလျှင်အင်္ဂပူမြို့နယ်၊ကွင်းကောက်မြို့အလွန် တောင်ဇင်းရွာရောက်မည်ဖြစ်သည်။ရွာအတွင်းလမ်းအတိုင်း၃မိုင်ခန့်ဝင်ရောက်သွားပါကအကျယ်အဝန်း၈မိုင်ပတ်လည်ခန့် ရှည်လျားသည်ဂဝံကျောက်များဖြင့်တည်ဆောက်ထားသောမြို့ဟောင်းကြီးကိုမြင်တွေ့ရမည်ဖြစ်သည်။မြို့ဟောင်းနေရာတွင်သီတင်းသုံးနေသည့်ကြပ်ပြင်တောရကျောင်းတိုက်ဆရာတော်ဦးပညာသီရိက ဒီမြို့ဟောင်းနေရာကလူသူမနီးတော့အရင်တုန်းကဆိုရင်ဆရာတော်ကြီးတွေလောက်ပဲတရားကျင့်ကြံဖို့လာနေကြတယ်။၂၀၀၈ ခုနှစ်မှာဦးပဇ္ဈင်းရဲ့ဆရာတော်ကြီးတွေခိုင်းစေချက်အရဒီနေရာမှာတောရဆောက်တည်ပြီး ရှေးဟောင်းသာသနိကအဆောက်အဦးတွေကိုလည်းထိမ်းသိမ်းရင်း တဖက်ကလည်း ပျူမြို့ဟောင်းကယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေလည်းထိန်းသိမ်းရင်း

သီတင်းသုံးခဲ့တာအခုအချိန်အထိပဲဟု မိန့်ကြားသည်။ဆရာတော်ဦးပညာသီရိက ရွာနီးချုပ်စပ်မှ ဒကာများနှင့်အတူ မြို့ဟောင်းရှိရှေးဟောင်းသာသနိကအဆောက်အဦးများ၏ ချုံနွယ်ပိတ်ပေါင်း များကိုခုတ်ထွင်ရှင်းလင်းပြီး တောရဆောက်တည်ရင်း၂၀၀၉ခုနှစ်တွင်သမိုင်းသုတေသီဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ကိုဖိတ်ခေါ်၍ မြို့ဟောင်းကိုလေ့လာစေခဲ့သည်။သုတေသီဦးဘုန်းတင့်ကျော်နှင့်အဖွဲ့ကမြို့ဟောင်း၌တွေ့ရှိရသည့်အက္ခရာများ၊အုတ်ချပ်၊ရေတွင်း၊အုတ်လှေကား၊စေတီ၊ဗုဒ္ဓရုပ်ပွားတော်နှင့်နတ်ရုပ်များကိုလေ့လာမှတ်တမ်းတင်ပြီးနောက်လွန်ခဲ့သည့် နှစ်ပေါင်း၂၃၀၀ ကျော်ကပျူလူမျိုးတို့တည်ဆောက်ခဲ့သည့်မြို့ဟောင်းဖြစ်နိုင်ကြောင်းမှတ်ချက်ပြုခဲ့သည်။

သမိုင်းပညာရှင်ဦးဘုန်းတင့်ကျော်က

ဘီစီ ၃ ရာစု(ခရစ်တော်မပေါ်မီနှစ်ပေါင်း ၃၀၀) နှင့် ဘီစီ ၆ ရာစုအကြားထွန်းကားခဲ့သည့်ဗုဒ္ဓခေတ်နှင့် အသောကခေတ်တို့တွင် ဗြဟ္မီ (ဗရမ်မီ) ဟူသည့်အက္ခရာကိုအသုံးပြုခဲ့ကြကြောင်း၊အဆိုပါဗြဟ္မီအက္ခရာကိုမြန်မာနိုင်ငံရှိထင်ရှားသည့်ပျူမြို့ဟောင်းများဖြစ်သည့်သရေခေတ္တရာ၊ဗိဿနိုး၊ဟန်လင်းတို့တွင်တွေ့ရှိရသကဲ့သို့အင်္ဂပူမြို့နယ်ရှိဂဝံမြို့ဟောင်းတွင်လည်းအခိုင်အမာတွေ့ရှိရသည့်အတွက်ပျူမြို့ဟောင်းဖြစ်နိုင်သည်ဟုပြောဆိုခြင်း ဖြစ်ကြောင်းရှင်းပြသည်။ဒီမြို့ဟောင်းဟာဗုဒ္ဓခေတ်နဲ့အသောကခေတ်ကြားမှာထွန်းကားခဲ့တယ်။

ဗုဒ္ဓခေတ်နဲ့ အသောကခေတ်ကဗြဟ္မီ လို့ခေါ်တဲ့အက္ခရာကိုသုံးတယ်။

အဲဒီအက္ခရာဟာအသောကမင်းနတ်ရွာစံပြီး ၁ နှစ်အတွင်းသူ့အင်ပါယာကြီးလည်းပြိုကွဲပြီးတဲ့နောက်အဲဒီ အက္ခရာလည်း ကွယ်ပျောက်သွားခဲ့တယ်။ဒါကြောင့်ဗြဟ္မီအက္ခရာအထောက်အထားအရဒီမြို့တည်တာဟာစောရင်ဘီစီ ၆ ရာစု၊ နောက်ကျရင်ဘီစီ ၃ ရာစု ဖြစ်မယ်။အဲဒီထက်တော့နောက်မကျနိုင်ဘူး။ဘာလို့လဲဆိုတော့ဘီစီ၃ ရာစုထက်နောက်ကျရင်ဗြဟ္မီ အက္ခရာတွေရစရာမရှိတော့ဘူးဟုသူက အထောက်အထားအကိုးအကားနှင့်ဆိုသည်။ထို့အပြင် မြို့ဟောင်းအနောက်ဘက်လေသာတောင်ရှိ ဓမ္မိကစေတီတော်အနီးတွေ့ရသည့်ကျောက်ဆစ်နတ်ရုပ်များမှာပဲခူးတိုင်းရွှေတောင်မြို့ရှိပျူခေတ်ရဟန္တာသိမ်မှနတ်ရုပ်များနှင့်လက်ရာတထပ်တည်းတူညီနေခြင်း၊အုတ်လှေကားများမှာလည်း ပျူလက်ရာအတိုင်းဒေါင်လိုက်စီတန်းထားသည့်တည်ဆောက်ပုံများကြောင့်

ပျူမြို့ဟောင်းဖြစ်နိုင်ခြေပိုများနေကြောင်းဦးဘုန်းတင့်ကျော်ကပြောသည်။ဒီမြို့ကြီးဟာအနော်ရထာမင်းနန်းမတက်ခင်စတုတ္ထပုဂံခေတ်မတိုင်မီမှာဘဲပျက်စီးခဲ့တယ်လို့ယူဆရတယ်။

အေဒီ၁၁ရာစု နောက်ပိုင်းစတုတ္ထပုဂံခေတ်ရာဇဝင်မှတ်တမ်းတွေ၊မွန်တွေရဲ့မှတ်တမ်းတွေမှာဒီမြို့ဟောင်းကို လုံးဝမတွေ့ရတော့ဘူး။အဲဒီခေတ်ကမပျက်သေးဘဲလူနေတုန်းဆိုရင်ဒီလောက်ကြီးတဲ့မြို့ကြီးဟာ ပုဂံခေတ်မှတ်တမ်းတွေမှာကျိန်းသေပါရမယ်။အခုကရာဇဝင်တွေမှာကိုရှာမတွေ့တော့တာဟုဦးဘုန်းတင့်ကျော်ကပြောသည်။နေပြည်တော်ရှိရှေးဟောင်းသုတေသနဌာန၏အဆိုအရမူ မြေပေါ် အထောက်အထားများအရပျူမြို့ဖြစ်သည့်အထောက်အထားမတွေ့ရဘဲနှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့်

ရှေးမြို့ဟောင်းတခုအဖြစ်သာယာယီသတ်မှတ်ထားကြောင်း သိရသည်။ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာပညာရှင်တွေစေလွှတ်ပြီးအင်္ဂပူမြို့ဟောင်းကိုလေ့လာသုတေသနပြုထားပါတယ်။မြေပေါ် အထောက်အထားတွေအရတော့ ပျူမြို့ဖြစ်ကြောင်းမတွေ့ရဘူး။ဥပဒေအရ နှစ်ပေါင်း၁၀၀ ကျော်သက်တမ်းရှိရင်ရှေးဟောင်းအဖြစ်သတ်မှတ်တဲ့အတွက်ရှေးမြို့ဟောင်းတခုခုတော့ ဖြစ်နိုင်ပါတယ်ဟုရှေးဟောင်းသုတေသနဌာနမှတာဝန်ရှိသူတဦးကပြောသည်။ပျူသမိုင်းနှင့် ပတ်သက်၍ လေ့လာနေသည့်သုတေသီဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင်တကောင်းခေတ်မတိုင်မီဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်းထွန်းကားခဲ့သည့်

ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီးယင်းမြို့များထဲတွင်ပင်လယ်ပျူအမည်ရှိမြို့တမြို့ပါဝင်ကြောင်း၊ဧရာဝတီတိုင်းတွင်တွေ့ရသည့်အင်္ဂပူမြို့ဟောင်းမှာပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်းယူဆနေသည်။

ပျူရာဇဝင်မှတ်တမ်းတွေမှာပင်လယ်ပျူမြို့ဆိုပြီး ဖော်ပြထားတဲ့မြို့တမြို့ပါတယ်။ပင်လယ်ကမ်းနားအနီးမှာတည်တဲ့အတွက် ပင်လယ်ပျူမြို့လို့ ခေါ်တယ်။ကျနော်ကတော့အင်္ဂပူမြို့ဟောင်းဟာပင်လယ်ပျူမြို့လို့ထင်မိတယ်။ပင်လယ်ကမ်းနားမှာတည်တဲ့မင်းနေပြည်တော်အရွယ်ရှိတဲ့မြို့ကြီးဆိုလို့ဒီတမြို့ပဲရှိတယ် ဟုသမိုင်းပညာရှင်ဦးဘုန်းတင့်ကျော်ကပြောသည်။

ပျူခေတ် အုပ်ချုပ်ပုံ၌ရှင်ဘုရင်များသာလျှင် ကြီးမားသည့် မြို့ကြီးများတည်ဆောက်ခွင့်ရှိကြရာမြို့စား၊နယ်စားများမှာ ဘုရင်နန်းစံသည့် မင်းနေပြည်တော်၏ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ်အစားရှိသည့်မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟုသိရသည်။အကျယ်အဝန်း ၈ မိုင် ပတ်လည်ခန့် ရှိသည့်အင်္ဂပူမြို့ဟောင်းမှာ

မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊မုတ္တမ၊သထုံ ဒေသရှိ မြို့ဟောင်းများထက်အရွယ်အစားပိုမိုကြီးမားနေသည့်အတွက် ပျူဘုရင်တပါးပါးထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟု အင်္ဂပူမြို့ဟောင်းကိုသုတေသနပြုခဲ့သည့်သမိုင်းပညာရှင်အဖွဲ့ကယူဆထားသည်။အင်္ဂပူမြို့ဟောင်းမှာရခိုင်ရိုးမကိုနောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့်တောင်ကြောပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး၊စေတီပုထိုးများ၊စိမ့်စမ်းရေတွင်းများတည်ရှိရာနေရာကို အလယ်ဗဟိုထားကာဘယ်ဘက် နှင့် ညာဘက်တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများတည်ဆောက်ထားသည်။မြို့အရှေ့ဘက်မျက်နှာစာတွင်ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများတည်ရှိသည်ကိုတွေ့ရသည်။

အဲဒီကာလမှာမြို့တည်တဲ့လူတွေဟာစနစ်ကျတယ်။ဘယ်ဘက်နဲ့ညာဘက်ကတောင်ကြောတွေပေါ်မှာကင်းစခန်းတွေတည်ထားပြီး အလယ်မှာအဝင်လမ်းလုပ်ထားပေးတယ်။သူတို့ဆီကိုလာတဲ့ကုန်သည်တွေ၊သံတမန်တွေ၊ရန်သူတွေဝင်လာမယ်ဆိုဝင်ပေါက်ကမြေပြန့်လွင်ပြင်ကလာရမယ့်အလယ်ပေါက်တခုပဲ ရှိတာတွေ့ရတယ်ဟုအင်္ဂပူမြို့ဟောင်းကိုကွင်းဆင်းလေ့လာခဲ့သူဦးဘုန်းတင့်ကျော်ကပြောသည်။အကယ်၍ ပျူမြို့သာမှန်ပါကအကျယ်အဝန်း ၈ မိုင်ကျော်ရှိသည့်အင်္ဂပူမြို့ဟောင်းသည်သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင်ဒုတိယအကြီးဆုံး ပျူမြို့ ဖြစ်လာနိုင်ကြောင်းသူကဆိုသည်။

ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့်သမိုင်းအထောက်အထားများအရ အေဒီ ၁၄ ရာစုတွင်ထွန်းကားခဲ့သည့်အင်းဝခေတ်မှာအစောဆုံးဖြစ်ပြီးယခုတွေ့ရှိသည့်အထောက်အထားများသည် ပျူခေတ်ကတည်းကဖြစ်သည်ဆိုပါက အင်းဝထက်နှစ် ၁၀၀၀ ကျော်ပို၍ရှေးကျနိုင်သည့် သဘောဖြစ်သည်။လက်ရှိမှာ ပျူခေတ်အထောက်အထားတွေတွေ့ရှိနေရပြီ။

သေချာစနစ်တကျတူးကြည့်မယ်ဆိုရင်သမိုင်းအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အထောက်အထားတွေရလာနိုင်တယ်ဟု ဦးဘုန်းတင့်ကျော်ကပြောသည်။ဧရာဝတီတိုင်းတွင်ရှေးဟောင်းမြို့ဟူ၍ မြောင်းမြ တမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်သတ်မှတ်၍ယဉ်ကျေးမှုဝန်ကြီးဌာနကထိမ်းသိမ်း စောင့်ရှောက်ထားကြောင်းသိရသည်။

သမိုင်းတန်ဖိုးနားမလည်ကြသည့် လူတချို့ကမြို့ဟောင်းမှ ဂဝံကျောက်တုံးများ၊အုတ်ချပ်များကိုထုချေ၍လမ်းခင်းခြင်း၊ဘုရားခြေတော်ရာရွှေချထားသည်များကိုခွာယူခြင်း၊ဆေးကုလားမပင် စိုက်ပျိုးရန်ဟုဆိုကာမြို့ဟောင်းဧရိယာအတွင်းရှိ ရှေးဟောင်းအဆောက်အဦးများကိုဖျက်ဆီးခြင်းများရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်

သတ်မှတ်ပြီးအစိုးရကစနစ်တကျထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်းကြပ်ပြင်တောရဆရာတော်ဦးပညာသီရိကမိန့်ကြားသည်။

မြို့ဟောင်းကိုရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ်သတ်မှတ်ပြီးအစိုးရက အမြန်ဆုံးစောင့်ရှောက်မှသာအဆင်ပြေမယ်။အခုတောင် မြို့ဟောင်းအနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာဆေးကုလားမ စိုက်ဖို့ဆိုပြီး စီးပွားရေးသမားတွေကလာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။ဦးပဇ္ဈင်းလည်းတတ်နိုင်သလောက်စောင့်ရှောက်ပေမယ့် အစိုးရမလုပ်ရင်မရတဲ့အခြေအနေဖြစ်နေပြီဟု ဆရာတော်ကမိန့်သည်။အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ရှိရှေးဟောင်း သုတေသနဌာနမှတာဝန်ရှိသူများလာရောက်စစ်ဆေး၍

မှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိမြို့ဟောင်းအဖြစ်ထိမ်းသိမ်းစောင့်ရှောက်ခြင်းမရှိသေးကြောင်း သိရသည်။နေပြည်တော်ရှိရှေးဟောင်းသုတေသနဌာနမှအဆင့်မြင့်အရာရှိတဦးကမူ ဘတ်ဂျတ် (အသုံးစရိတ်)အရ ဒီမြို့ဟောင်းကိုကျနော်တို့ကတူးဖော်ဖို့ အလှည့်မပေးနိုင်သေးဘူး။ရှေ့မှာက သရေခေတ္တရာ၊ဗိဿနိုး၊ ဟန်လင်း စသဖြင့်ပေါ့၊ သေချာနေတဲ့မြို့ဟောင်းတွေတူးဖော်နေရတော့ အလှည့်မပေးနိုင်သေးတာပါ။ထိန်းသိမ်းစောင့်ရှောက်ဖို့ ကတော့ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းရေးဥပဒေအရ ကျနော်တို့လုပ်ဆောင်သွားမှာပါဟုဆိုသည်။ဆရာတော်ဦးပညာသီရိက

မြို့ဟောင်းအဖြစ်သတ်မှတ်ရာအတွင်အထောက်အကူပြုနိုင်ရေးအတွက်ဒေသခံများတွေ့ရှိထားသည့်ရှေးဟောင်းပစ္စည်းများကိုအလှူခံပြီးစုဆောင်းနေသည်။ဒေသခံတွေကလယ်ထွန်ရင်း၊ တူးဆွရင်း ဆေးတံတွေ၊ပယင်းနားတောင်းတွေ၊စာတွေရေးထားတဲ့ အိုးခြမ်းကွဲတွေတွေ့ကြတာ ရှိတယ်။အဲဒါတွေတွေ့ရင် ဦးပဇ္ဈင်းကိုလှူပေးကြပါလို့ပြောထားတယ်။လက်ရှိတော့အုတ်ချပ် ၂၀ လောက်နဲ့ ဆေးတံဟောင်းတွေလာလှူထားလို့သေချာသိမ်းထားတယ်ဟုဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော်တွေ့ရှိ မှတ်တမ်းတင်ထားသော်လည်းရှေးဟောင်းသုတေသနဌာနကမြို့ ၁၀ မြို့ခန့်သာတူးဖော်ထားနိုင်ကြောင်း၊မြို့ဟောင်းများကိုစနစ်တကျတူးဖော်မှတ်တမ်းတင်နိုင်မှသာမြန်မာနိုင်ငံထွန်းကားပေါ်ပေါက်လာပုံ သမိုင်းပြုစုရေးသားနိုင်မည်ဖြစ်ကြောင်း

သမိုင်းပညာရှင်ဦးဘုန်းတင့်ကျော်ကပြောသည်။နိုင်ငံတခုအတွက်သမိုင်းဆိုတာအရေးကြီးပါတယ်။အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ကျနော်တို့နိုင်ငံကမရေးရသေးဘူး။ဒါရေးမယ်ဆိုရင်မြို့ဟောင်းတွေကို စနစ်တကျတူးဖော်မှတ်တမ်းတင်ဖို့လိုတယ်။အင်္ဂပူမြို့ဟောင်းကလည်းမြန်မာ့သမိုင်းအတွက် တထောင့်တနေရာကအထောက်အကူ ပြုနိုင်မယ်လို့ယုံကြည်တယ်ဟုသူကပြောသည်။

Crd-Original Post