၁၂ နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးရဲ့ ထူးခြားချက်များနှင့် အုတ်ချပ်ရေဘယ်လောက်နဲ့တည်ထားတာလဲဆိုတ

၁၂ နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးရဲ့ ထူးခြားချက်များနှင့် အုတ်ချပ်ရေဘယ်လောက်နဲ့တည်ထားတာလဲဆိုတာစစ်ကိုင်းမြို့မြောက်ဘက် ၆မိုင်အကွာ၌တည်ရှိသော ကောင်းမှုတော်ဘုရားကြီးရဲ့ ထူးခြားချက်များနှင့်အုတ်ချပ်ရေဘယ်လောက်နဲ့တည်ထားတာလဲဆိုတာ ဗဟုသုတဖြစ်စေဖို့အတွက်ပြန်လည်မျှဝေလိုက်ပါတယ်။

ကောင်းမူ့တော်ဘုရားသည်ပုံစံတော်ထူးခြားသည်။ဘုရားပုံစံတော်နှင့်ပတ်သက်၍အမျိုးမျိုးပြောလာကြသည်။

အချို့ကလည်းလက်လွတ်စပယ်ပြောလာခဲ့သည်ကိုယုံကြည်နေကြဆဲပင်။ကောင်းမူ့တော်ဘုရားတွင်ပစ္စယံသုံးဆင့်ခံထားသည်။သပိတ်မှောက်ထားသည့်အလားတည်ထားသည်။

အဆိုပါစပါးပုံသဏ္ဍာန်ဓာတ်တော်ကြုတ်အုပ်ထားသည့်သဏ္ဍာန်စေတီတော်အမျိုးကိုသီရိလင်္ကာနိုင်ငံ၌အများဆုံးဖူးတွေ့ရသည်။

စစ်ကိုင်းကောင်းမူ့တော်ဟူ၍သာလူသိများနေသော{ရာဇမဏိစူဠာ }စေတီကြီးသည်စစ်ကိုင်းမြို့မြောက်ဘက် ၆မိုင်အကွာ၌တည်ရှိသည်။

မြန်မာသက္ကရာဇ် ၉၉၈{ခရစ်.၁၆၃၆}တော်သလင်းလ္ဆန်း ၁၀ရက် တနင်္လာနေ့တွင် အင်းဝဘုရင်သာလွန်မင်းတရားကြီးတည်ခဲ့သည်။ဉာဏ်တော်သည်အတောင်{၁၀၁},လုံးပတ်{၅၀၂တောင် ၂မိုက် ၄သစ်}ရှိသည်။စေတီတော်ကြီးကိုကျောက်ဆီမီးတိုင် ၈၀၂တိုင် ဝိုင်းရံထားသည်။၁၂နှစ်ကြာမျှတည်ဆောက်ခဲ့ရသည်။မြန်မာ မွန် ယွန်း{ရှမ်း}အက္ခရာတို့ဖြင့်နိပါတ်ခင်း ရုပ်စုံ ဗုဒ္ဓဝင်နှင့် ၃၁ဘုံတို့ကိုနံရံပန်းချီခြယ်ထားသည်။မုခ်ဝလေးမျက်နှာ၌အုတ်ပြသာဒ်များဆောက်လုပ်ထားသည်။

ကျောက်စာအရစွယ်တော်ဆံတော်တို့အပြင်အရပ်ရပ်မှပင့်ဆောင်လာသောဓာတ်တော်မွေတော်နှင့် ပတ္တမြား ရွှေ ငွေ ပယင်း မိုးကြိုးစေတီများဌာပနာထားသည်ဟုသိရှိရပါသည်။စေတီတော်ကြီးတည်ရာတွင် အုတ်ချပ်ရေပေါင်း ၁၀,၁၂၆,၅၅၂ ချပ်အသုံးပြုခဲ့တယ်လို့သမိုင်းမှတ်တမ်းများအရသိရှိရပါသည်။

ဆရာမောင်ကြည်သန့်၏ အငြင်းပွားအမှတ်လွဲလူသိနည်းမြန်မာ့ဖြစ်ရပ် [၁၀၀]စာမျက်နှာ[၈၆/၈၇]စာအုပ်မှကောက်နုတ်ထားသည်။ခရီးသွား မိတ်ဆွေတို့အနေနဲ့ သွားရောက်ဖူးမျှော်ကြတဲ့အခါဖူးမျှော်ရကျိုးနပ်စေဖို့ အထောက်အကူ ဖြစ်စေရန်အလို့ငှါရေးသားပူဇော်သည်။အခြားသော အကြောင်းအရာများ(ဝါ)မူကွဲများရှိပါကလည်းဖြည့်စွက်ပြင်ဆင်ပေးကြဖို့မေတ္တာရပ်ခံပါရစေ။ကောင်းဆက်လင်း ကြံခင်းမြေ

Crd-Original Post

(ZAWGYI)

၁၂ ႏွစ္ၾကာတည္ေဆာက္ခဲ့ရတဲ့ စစ္ကိုင္း ေကာင္းမႈေတာ္ဘုရားႀကီးရဲ႕ ထူးျခားခ်က္မ်ားႏွင့္ အုတ္ခ်ပ္ေရဘယ္ေလာက္နဲ႔တည္ထားတာလဲဆိုတာစစ္ကိုင္းၿမိဳ႕ေျမာက္ဘက္ ၆မိုင္အကြာ၌တည္ရွိေသာ ေကာင္းမႈေတာ္ဘုရားႀကီးရဲ႕ ထူးျခားခ်က္မ်ားႏွင့္အုတ္ခ်ပ္ေရဘယ္ေလာက္နဲ႔တည္ထားတာလဲဆိုတာ ဗဟုသုတျဖစ္ေစဖို႔အတြက္ျပန္လည္မွ်ေဝလိုက္ပါတယ္။

ေကာင္းမူ႔ေတာ္ဘုရားသည္ပုံစံေတာ္ထူးျခားသည္။ဘုရားပုံစံေတာ္ႏွင့္ပတ္သက္၍အမ်ိဳးမ်ိဳးေျပာလာၾကသည္။အခ်ိဳ႕ကလည္းလက္လြတ္စပယ္ေျပာလာခဲ့သည္ကိုယုံၾကည္ေနၾကဆဲပင္။ေကာင္းမူ႔ေတာ္ဘုရားတြင္ ပစၥယံသုံးဆင့္ခံထားသည္။သပိတ္ေမွာက္ ထားသည့္အလားတည္ထားသည္။

အဆိုပါစပါးပုံသ႑ာန္ဓာတ္ေတာ္ၾကဳတ္အုပ္ထားသည့္သ႑ာန္ေစတီေတာ္အမ်ိဳးကိုသီရိလကၤာႏိုင္ငံ၌အမ်ားဆုံးဖူးေတြ႕ရသည္။စစ္ကိုင္းေကာင္းမူ႔ေတာ္ဟူ၍သာလူသိမ်ားေနေသာ{ရာဇမဏိစူဠာ }ေစတီႀကီးသည္စစ္ကိုင္းၿမိဳ႕ေျမာက္ဘက္ ၆မိုင္အကြာ၌တည္ရွိသည္။

ျမန္မာသကၠရာဇ္ ၉၉၈{ခရစ္.၁၆၃၆}ေတာ္သလင္းလၦန္း ၁၀ရက္ တနလၤာေန႔တြင္ အင္းဝဘုရင္သာလြန္မင္းတရားႀကီးတည္ခဲ့သည္။ဉာဏ္ေတာ္သည္အေတာင္{၁၀၁},လုံးပတ္{၅၀၂ေတာင္ ၂မိုက္ ၄သစ္}ရွိသည္။ေစတီေတာ္ႀကီးကိုေက်ာက္ဆီမီးတိုင္ ၈၀၂တိုင္ ဝိုင္းရံထားသည္။၁၂ႏွစ္ၾကာမွ်တည္ေဆာက္ခဲ့ရသည္။ျမန္မာ မြန္ ယြန္း{ရွမ္း}အကၡရာတို႔ျဖင့္နိပါတ္ခင္း ႐ုပ္စုံ ဗုဒၶဝင္ႏွင့္ ၃၁ဘုံတို႔ကိုနံရံပန္းခ်ီျခယ္ထားသည္။မုခ္ဝေလးမ်က္ႏွာ၌အုတ္ျပသာဒ္မ်ားေဆာက္လုပ္ထားသည္။

ေက်ာက္စာအရစြယ္ေတာ္ဆံေတာ္တို႔အျပင္အရပ္ရပ္မွပင့္ေဆာင္လာေသာဓာတ္ေတာ္ေမြေတာ္ႏွင့္ ပတၱျမား ေ႐ႊ ေငြ ပယင္း မိုးႀကိဳးေစတီမ်ားဌာပနာထားသည္ဟုသိရွိရပါသည္။ေစတီေတာ္ႀကီးတည္ရာတြင္ အုတ္ခ်ပ္ေရေပါင္း ၁၀,၁၂၆,၅၅၂ ခ်ပ္အသုံးျပဳခဲ့တယ္လို႔သမိုင္းမွတ္တမ္းမ်ားအရသိရွိရပါသည္။

ဆရာေမာင္ၾကည္သန႔္၏ အျငင္းပြားအမွတ္လြဲလူသိနည္းျမန္မာ့ျဖစ္ရပ္ [၁၀၀]စာမ်က္ႏွာ[၈၆/၈၇]စာအုပ္မွေကာက္ႏုတ္ထားသည္။ခရီးသြား မိတ္ေဆြတို႔အေနနဲ႔ သြားေရာက္ဖူးေမွ်ာ္ၾကတဲ့အခါဖူးေမွ်ာ္ရက်ိဳးနပ္ေစဖို႔ အေထာက္အကူ ျဖစ္ေစရန္အလို႔ငွါေရးသားပူေဇာ္သည္။အျခားေသာ အေၾကာင္းအရာမ်ား(ဝါ)မူကြဲမ်ားရွိပါကလည္းျဖည့္စြက္ျပင္ဆင္ေပးၾကဖို႔ေမတၱာရပ္ခံပါရေစ။ေကာင္းဆက္လင္း ႀကံခင္းေျမ

Crd-Original Post