မိဘနှစ်ပါးဆီက အမွေပြတ်စွန့်လွှတ်ခံခဲ့ရတဲ့ တော်လှန်ရေးသူရဲကောင်း ညီညီအောင်ထက်နိုင်ရဲ့အစ်ကို ကိုကိုအောင်ထက်နိုင်

မိဘနှစ်ပါးဆီက အမွေပြတ်စွန့်လွှတ်ခံခဲ့ရတဲ့ တော်လှန်ရေးသူရဲကောင်း ညီညီအောင်ထက်နိုင်ရဲ့အစ်ကို ကိုကိုအောင်ထက်နိုင်

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တစ်သိုက်ကြောင့် အသေးပေးခဲ့ရတဲ့ သူရဲကောင်း ညီညီအောင်ထက်နိုင်ကို ပရိသတ်ကြီး ဒီနေ့ဒီအချိန်ထိ အောက်မေ့သတိရနေကြဦးမယ်ထင်ပါတယ်။

ညီညီအောင်ထက်နိုင်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာလည်း သူ့ရဲ့အမြွှာအစ်ကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ဟာ ကျဆုံးသွားတဲ့ညီဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေသလို တော်လှန်ရေးမှာလည်း ဆက်လက်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပေးဆပ်မှုတွေကြီးလွန်းခဲ့တဲ့ သူတို့မိသားစုလေးဟာ ဒီတစ်ခေါက်မှာလည်း စိတ်မကောင်းစရာကိစ္စတစ်ခုကို သယ်ဆောင်လာခဲ့ပြန်ပါပြီ။

အဲ့ဒါကတော့ ကျဆုံးသူရဲကောင်း ညီညီအောင်ထက်နိုင်ရဲ့ အမြွှာအစ်ကို ကိုကိုအောင်ထက်နိုင်ဟာ မိဘရဲ့ဆိုဆုံးမမှုကို မနာခံပဲ စိတ်ဆင်းရဲအောင်အမျိုးမျိုးလုပ်ဆောင်တာကြောင့် မိဘတွေဆီက အမွေပြတ်စွန့်လွှတ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

မိဘတွေရဲ့ အမွေပြတ်စွန့်လွှတ်ခံရတာနဲ့ ပက်သတ်ပြီး ကိုကိုအောင်ထက်နိုင်က “သားကို ခွင့်လွှတ်ပါ….အမေတို့ စကားနားမထောင်ဘဲ သားလမ်းကို သားဆက်ရွေးခဲ့တာပါ….တောင်းပန်ပါတယ် အမေ အမေလည်း သားကြောင့် ခက်ခဲပင်ပန်း နေခဲ့ရပြီ ” ဆိုပြီး

မိခင်ကိုတောင်းပန်ထားပါတယ်။ကိုကိုအောင်ထက်နိုင်ကတော့ မိဘတွေဆီက ယတိပြတ်အမွေပြတ်စွန့်လွှတ်ခံခဲ့ပြီး သူယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ကိုကိုအောင်ထက်နိုင်တစ်ယောက် ဘေးမသီရန်မခနဲ့ အမေ့ဆီ အမြန်ဆုံး ပြန်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ko Ko’s fb

Crd-Original Post

(ZAWGYI)

မိဘႏွစ္ပါးဆီက အေမြျပတ္စြန႔္လႊတ္ခံခဲ့ရတဲ့ ေတာ္လွန္ေရးသူရဲေကာင္း ညီညီေအာင္ထက္ႏိုင္ရဲ႕အစ္ကို ကိုကိုေအာင္ထက္ႏိုင္

ေႏြဦးေတာ္လွန္ေရးမွာ စစ္အာဏာရွင္တစ္သိုက္ေၾကာင့္ အေသးေပးခဲ့ရတဲ့ သူရဲေကာင္း ညီညီေအာင္ထက္ႏိုင္ကို ပရိသတ္ႀကီး ဒီေန႔ဒီအခ်ိန္ထိ ေအာက္ေမ့သတိရေနၾကဦးမယ္ထင္ပါတယ္။ ညီညီေအာင္ထက္ႏိုင္ကြယ္လြန္သြားၿပီးတဲ့ေနာက္ပိုင္းမွာလည္း သူ႔ရဲ႕အႁမႊာအစ္ကိုျဖစ္သူ ကိုကိုေအာင္ထက္ႏိုင္ဟာ က်ဆုံးသြားတဲ့ညီျဖစ္သူအတြက္ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးေနသလို ေတာ္လွန္ေရးမွာလည္း ဆက္လက္ပါဝင္လာခဲ့တာပဲျဖစ္ပါတယ္။ေတာ္လွန္ေရးမွာ ေပးဆပ္မႈေတြႀကီးလြန္းခဲ့တဲ့ သူတို႔မိသားစုေလးဟာ ဒီတစ္ေခါက္မွာလည္း စိတ္မေကာင္းစရာကိစၥတစ္ခုကို သယ္ေဆာင္လာခဲ့ျပန္ပါၿပီ။

အဲ့ဒါကေတာ့ က်ဆုံးသူရဲေကာင္း ညီညီေအာင္ထက္ႏိုင္ရဲ႕ အႁမႊာအစ္ကို ကိုကိုေအာင္ထက္ႏိုင္ဟာ မိဘရဲ႕ဆိုဆုံးမမႈကို မနာခံပဲ စိတ္ဆင္းရဲေအာင္အမ်ိဳးမ်ိဳးလုပ္ေဆာင္တာေၾကာင့္ မိဘေတြဆီက အေမြျပတ္စြန႔္လႊတ္ျခင္းခံခဲ့ရတာပဲျဖစ္ပါတယ္။ မိဘေတြရဲ႕ အေမြျပတ္စြန႔္လႊတ္ခံရတာနဲ႔ ပက္သတ္ၿပီး ကိုကိုေအာင္ထက္ႏိုင္က “သားကို ခြင့္လႊတ္ပါ….အေမတို႔ စကားနားမေထာင္ဘဲ သားလမ္းကို သားဆက္ေ႐ြးခဲ့တာပါ….ေတာင္းပန္ပါတယ္ အေမ အေမလည္း သားေၾကာင့္ ခက္ခဲပင္ပန္း ေနခဲ့ရၿပီ ” ဆိုၿပီး မိခင္ကိုေတာင္းပန္ထားပါတယ္။

ကိုကိုေအာင္ထက္ႏိုင္ကေတာ့ မိဘေတြဆီက ယတိျပတ္အေမြျပတ္စြန႔္လႊတ္ခံခဲ့ၿပီး သူယုံၾကည္ရာလမ္းကို ဆက္လက္ေလွ်ာက္လွမ္းဖို႔ ဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။ ကိုကိုေအာင္ထက္ႏိုင္တစ္ေယာက္ ေဘးမသီရန္မခနဲ႔ အေမ့ဆီ အျမန္ဆုံး ျပန္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ko Ko’s fb

Crd-Original Post