“စိတ်မနှံ့တဲ့အမျိုးသမီးတစ်ဦးမှ ကလေးကိုမွေးဖွားပြီး ထားခဲ့တာကြောင့် ရပ်ရွာမှခိုင်နှင်းဝေကို စောင့်ရှောက်ပေးဖို့ဆက်သွယ်လာ”

“စိတ်မနှံ့တဲ့အမျိုးသမီးတစ်ဦးမှ ကလေးကိုမွေးဖွားပြီး ထားခဲ့တာကြောင့် ရပ်ရွာမှခိုင်နှင်းဝေကို စောင့်ရှောက်ပေးဖို့ဆက်သွယ်လာ”

စိတ်မနှံ့တဲ့အမျိုးသမီးတစ်ဦးက ဇရပ်တစ်ခုမှာကလေးကိုမွေးဖွားပြီး ထားခဲ့တာကြောင့် ရွာထဲမှလူများက ခေါ်ယူစောင့်ရှောက်ထားရာကနေ ခိုင်နှင်းဝေထံ မွေးစားဖို့ဆက်သွယ်လာကြောင်းသိရပါတယ်။

“စိတ်မကောင်းစရာပါရှင်။အမေက စိတ်မနှံ့ပဲ ဇရပ်မှာ မီးဖွားပြီး ထားခဲ့တဲ့ အတွက် ရွာထဲမှ လူများ ခေါ်ယူစောင့်ရှောက်ထားရတဲ့ သားလေးကို ကျမဆီ မွေးစားဘို့ ပေးချင်ကြောင်း ဆက်သွယ်လာပါတယ်.။သားလေးက တရက် သားပဲ ရှိပါသေးတယ်။

ကျမရဲ့ Post ကို မြင်ပြီး သက်ဆိုင်သူများ ရှိပါက လာရောက် ဆက်သွယ်နိုင်ပါတယ်.။ရွာမှ လူများကလဲ အရမ်းရိုးသားပြီး ကျမ ကိုယ်တိုင်လာခေါ်ပေးပါရန် အကူအညီတောင်းခံထားတဲ့ အတွက် အမှန် တကယ် အုပ်ထိန်းသူ မရှိကြောင်း မှန်ကန်ပါက ခေါ်ယူမွေးစားပါမယ်ရှင်.။

မော်လမြိုင် မုဒုံမြို့နယ်ဘက် ရွာလေးမှ ဖြစ်ပါတယ်ရှင်.”လို့ ခိုင်နှင်းဝေက လူမူကွန်ယက်မှာရေးသားထားပါတယ်။

Crd-Original Post