မန္တလေးမြို့က ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ

“မန္တလေးမြို့က ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဖမ်းဆီးခံရ

မန္တလေးမြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ဝင်းကို နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်က စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လာရောက် ဖမ်းဆီးသွားပါတယ်။

ဒေါ်နွယ်နွယ်ဝင်းကို အောင်မြေသာစံမြို့နယ် ၊ ၂၅ လမ်းနဲ့ မြို့ပတ်လမ်းရှိ အသင်းရုံးမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ရွှေမဟာနွယ် ပရဟိတနှင့် သွေးလှူရှင်အသင်းအနေနဲ့ ဆောင်းတွင်းမှာ စစ်ဘေးရှောင်တွေအတွက် အဝတ်အထည် အလှူခံတာတွေလုပ်နေတာနဲ့ ပတ်သက်ပြီး လာရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

လာရောက်ဖမ်းဆီးသူတွေက “မင်းတို့ သေချင်ရင် ငါတို့နောက် လိုက်ခဲ့” ဆိုပြီး ခြိမ်းခြောက် ဆဲဆိုသွားတယ်လို့လည်း အသင်းဝင်တွေထံက သိရပါတယ်။

လတ်တလော ဒေါ်နွယ်နွယ်ဝင်းကို စစ်ကောင်စီတပ်က နန်းတွင်းစစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့သိရပြီး အသင်းဝင်တချို့လည်း တိမ်းရှောင်နေကြရပါတယ်။

Crd-Original Post

(ZAWGYI)

“မႏၲေလးၿမိဳ႕က ေ႐ႊမဟာႏြယ္ ပရဟိတႏွင့္ ေသြးလႉရွင္အသင္း ဥကၠ႒ ဖမ္းဆီးခံရ

မႏၲေလးၿမိဳ႕မွာ လူမႈကူညီေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့ ေ႐ႊမဟာႏြယ္ ပရဟိတႏွင့္ ေသြးလႉရွင္အသင္းရဲ႕ ဥကၠ႒ ေဒၚႏြယ္ႏြယ္ဝင္းကို ႏိုဝင္ဘာလ ၁၅ ရက္ ညေန ၃ နာရီဝန္းက်င္က စစ္ေကာင္စီက အရပ္ဝတ္ေတြနဲ႔ လာေရာက္ ဖမ္းဆီးသြားပါတယ္။

ေဒၚႏြယ္ႏြယ္ဝင္းကို ေအာင္ေျမသာစံၿမိဳ႕နယ္ ၊ ၂၅ လမ္းနဲ႔ ၿမိဳ႕ပတ္လမ္းရွိ အသင္း႐ုံးမွာ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားတာျဖစ္ပါတယ္။

ေ႐ႊမဟာႏြယ္ ပရဟိတႏွင့္ ေသြးလႉရွင္အသင္းအေနနဲ႔ ေဆာင္းတြင္းမွာ စစ္ေဘးေရွာင္ေတြအတြက္ အဝတ္အထည္ အလႉခံတာေတြလုပ္ေနတာနဲ႔ ပတ္သက္ၿပီး လာေရာက္ဖမ္းဆီးတာျဖစ္တယ္လို႔ ဆိုပါတယ္။

လာေရာက္ဖမ္းဆီးသူေတြက “မင္းတို႔ ေသခ်င္ရင္ ငါတို႔ေနာက္ လိုက္ခဲ့” ဆိုၿပီး ၿခိမ္းေျခာက္ ဆဲဆိုသြားတယ္လို႔လည္း အသင္းဝင္ေတြထံက သိရပါတယ္။

လတ္တေလာ ေဒၚႏြယ္ႏြယ္ဝင္းကို စစ္ေကာင္စီတပ္က နန္းတြင္းစစ္ေၾကာေရးကို ေခၚေဆာင္သြားတယ္လို႔သိရၿပီး အသင္းဝင္တခ်ိဳ႕လည္း တိမ္းေရွာင္ေနၾကရပါတယ္။

Crd-Original Post