ဝေးလံခေါင်သီတဲ့ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်သောအခါ

ဝေးလံခေါင်သီတဲ့ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်သောအခါ

အဘွားးတို့ကို မလှောင်ကြပါနဲ့ သားတို့ရယ် မလှောင်ပါနဲ့ သားရယ်…ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီးမစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်တယ်။သူတင်လိုက်တဲ့ပုံက ခဏအတွင်းမှာပဲ ပြန့်သွားပြီးတစ်ချို့က လှောင်ကြ တစ်ချို့က မလှောင်သင့်ကြောင်းပြောကြတာပေါ့…။ဒါကို အဲ့ဒီလူငယ်ကမသိသေးပါဘူး…အဲ့ဒီနောက် အဘွားတွေရှိရာကို သွားပြီး အဘွားတစ်ယောက်ကို သွားမေးတယ်။

လူငယ် – ဘွားဘွား တစ်ခုလောက်မေးပါရစေ?ဘွားဘွား – ရပါတယ်… မေးပါ သား…လူငယ် – ဘွားဘွားတို့က ဘုရားဖူးလာတာဆိုရင် ဘာဖြစ်လို့ ဝတ်ကောင်းစားလှ ဝတ်ပြီး မလာကြတာလဲ..?

သားတို့ မြို့ကြီးက လူတော်တော်များများက ဘုရားဖူးသွားကြရင် ဝတ်ကောင်းစားလှတွေ ဝတ်ကြတယ်…။ဘွားဘွား – ဒီလိုကွဲ့သား…အဘွားတို့က ဘုရားကို ဖူးဖို့ပဲလာတာ။ဘုရားဖူးဖို့ ဝတ်ကောင်းစားလှတွေဝတ်မှ

ဖူးရမယ်လို့ဘုရားကဟောလို့လားအဓိကက စိတ်ပဲသားရဲ့…ဘွားဘွား – အဘွားတို့. ဖိနပ်ကို ခါးကြားညှပ်လို့. သားက လှောင်ရယ်ချင်ရယ်နေလိမ့်မယ်…ဒါက သားတို့ မြို့ပြက လူတွေကို မယုံလို့လည်း မဟုတ်ပါဘူး ဖိနပ်ပျောက်မှာ ကြောက်လို့လည်း မဟုတ်ပါဘူးသား…

ဘွားဘွား – ကိုယ့်ဖိနပ်တွေကို ကိုယ်နဲ့တပါးတည်းယူသွားတော့ အပ်ခမကုန်တော့ဘူး….လူတွေများတဲ့ဘုရားပေါ်မှာ ဖိနပ်တွေလည်းများမှာလေ…အဲ့ဒီအခါ တိုးဝှေ့လိုက်ရှာစရာမလိုတဲ့အတွက် အချိန်မကုန်တော့ဘူး..လိုရာခရီးကို မြန်မြန်သွားနိုင်တာပေါ့ သား…။

လူငယ် – ဟုတ်ကဲ့ ဘွားဘွား..။ လူတွေ ဝိုင်းကြည့်ပြီးရယ်တော့ဘွားဘွားတို့ ရှက်လား… ??ဘွားဘွား မရှက်ပါဘူးသားရဲ့..သူများပစ္စည်းကို အဘွားတို့ခိုးပြီးယူလာတာမှ မဟုတ်တာ…လူငယ် – ဟုတ် ဘွားဘွား ။ဘွားဘွားတို့ဆီမှာလည်း အဲ့လိုပဲနေကြတာလား…?ဘွားဘွားဟုတ်တယ် သား…။

အဘွားတို့ိဆီမှာက ဝတ်ကောင်းစားလှ ဝတ်ပြီးစိတ်ဓာတ်မကောင်းတဲ့သူတွေကို အထင်မကြီးကြဘူး…ဆင်းရဲပေမဲ့ စိတ်ထားကောင်းတဲ့သူတွေကိုပဲ အဘွားတို့ အထင်းကြီးတယ်။အဲ့ဒါကြောင့် သား လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးမလှောင်ပါနဲ့လို့. အဘွားမှာချင်တယ်…။

Crd-Original Post

(ZAWGYI)

ေဝးလံေခါင္သီတဲ့ေဒသကေန ဘုရားလာဖူးတဲ့ အဘြားေတြကို လူငယ္တစ္ေယာက္ ဓာတ္ပုံ႐ိုက္ၿပီး မစူးစမ္းမဆင္ျခင္ဘဲ Onlineေပၚ တင္လိုက္ေသာအခါ

အဘြားးတို႔ကို မေလွာင္ၾကပါနဲ႔ သားတို႔ရယ္ မေလွာင္ပါနဲ႔ သားရယ္…ေဝးလံေခါင္သီတဲ့ ေဒသကေန ဘုရားလာဖူးတဲ့ အဘြားေတြကို လူငယ္တစ္ေယာက္ ဓာတ္ပုံ႐ိုက္ၿပီးမစူးစမ္းမဆင္ျခင္ဘဲ Onlineေပၚ တင္လိုက္တယ္။သူတင္လိုက္တဲ့ပုံက ခဏအတြင္းမွာပဲ ျပန႔္သြားၿပီးတစ္ခ်ိဳ႕က ေလွာင္ၾက တစ္ခ်ိဳ႕က မေလွာင္သင့္ေၾကာင္းေျပာၾကတာေပါ့…။ဒါကို အဲ့ဒီလူငယ္ကမသိေသးပါဘူး…အဲ့ဒီေနာက္ အဘြားေတြရွိရာကို သြားၿပီး အဘြားတစ္ေယာက္ကို သြားေမးတယ္။

လူငယ္ – ဘြားဘြား တစ္ခုေလာက္ေမးပါရေစ?ဘြားဘြား – ရပါတယ္… ေမးပါ သား…လူငယ္ – ဘြားဘြားတို႔က ဘုရားဖူးလာတာဆိုရင္ ဘာျဖစ္လို႔ ဝတ္ေကာင္းစားလွ ဝတ္ၿပီး မလာၾကတာလဲ..?

သားတို႔ ၿမိဳ႕ႀကီးက လူေတာ္ေတာ္မ်ားမ်ားက ဘုရားဖူးသြားၾကရင္ ဝတ္ေကာင္းစားလွေတြ ဝတ္ၾကတယ္…။ဘြားဘြား – ဒီလိုကြဲ႕သား…အဘြားတို႔က ဘုရားကို ဖူးဖို႔ပဲလာတာ။ဘုရားဖူးဖို႔ ဝတ္ေကာင္းစားလွေတြဝတ္မွ

ဖူးရမယ္လို႔ဘုရားကေဟာလို႔လားအဓိကက စိတ္ပဲသားရဲ႕…ဘြားဘြား – အဘြားတို႔. ဖိနပ္ကို ခါးၾကားညႇပ္လို႔. သားက ေလွာင္ရယ္ခ်င္ရယ္ေနလိမ့္မယ္…ဒါက သားတို႔ ၿမိဳ႕ျပက လူေတြကို မယုံလို႔လည္း မဟုတ္ပါဘူး ဖိနပ္ေပ်ာက္မွာ ေၾကာက္လို႔လည္း မဟုတ္ပါဘူးသား…

ဘြားဘြား – ကိုယ့္ဖိနပ္ေတြကို ကိုယ္နဲ႔တပါးတည္းယူသြားေတာ့ အပ္ခမကုန္ေတာ့ဘူး….လူေတြမ်ားတဲ့ဘုရားေပၚမွာ ဖိနပ္ေတြလည္းမ်ားမွာေလ…အဲ့ဒီအခါ တိုးေဝွ႔လိုက္ရွာစရာမလိုတဲ့အတြက္ အခ်ိန္မကုန္ေတာ့ဘူး..လိုရာခရီးကို ျမန္ျမန္သြားႏိုင္တာေပါ့ သား…။

လူငယ္ – ဟုတ္ကဲ့ ဘြားဘြား..။ လူေတြ ဝိုင္းၾကည့္ၿပီးရယ္ေတာ့ဘြားဘြားတို႔ ရွက္လား… ??ဘြားဘြား မရွက္ပါဘူးသားရဲ႕..သူမ်ားပစၥည္းကို အဘြားတို႔ခိုးၿပီးယူလာတာမွ မဟုတ္တာ…လူငယ္ – ဟုတ္ ဘြားဘြား ။ဘြားဘြားတို႔ဆီမွာလည္း အဲ့လိုပဲေနၾကတာလား…?ဘြားဘြားဟုတ္တယ္ သား…။

အဘြားတို႔ိဆီမွာက ဝတ္ေကာင္းစားလွ ဝတ္ၿပီးစိတ္ဓာတ္မေကာင္းတဲ့သူေတြကို အထင္မႀကီးၾကဘူး…ဆင္းရဲေပမဲ့ စိတ္ထားေကာင္းတဲ့သူေတြကိုပဲ အဘြားတို႔ အထင္းႀကီးတယ္။အဲ့ဒါေၾကာင့္ သား လူတစ္ေယာက္ကို အေပၚယံၾကည့္ၿပီးမေလွာင္ပါနဲ႔လို႔. အဘြားမွာခ်င္တယ္…။

Crd-Original Post