“အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်”

“အမျိုးသမီးများ သိမ်ထဲသို့ ဝင်ကောင်း မကောင်း သိထားသင့်”

သိမ်အကြောင်းကိုတစိပ်တဒေသ နားလည်အောင်သိထားသင့်သည်၊ သိမ်ဆိုသည်မှာ ပါလိုဠိ ”သီမာ” ကို မြန်မာလို ”သိမ်” ဟု သုံးစွဲထားခြင်း ဖြစ်၏။ ”သီမာ” သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။”ရဟန်းသံဃာများ ဥပုသ် ကံ

စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု

နှစ်မျိုးရှိလေသည်။

”ဂါမသိမ်” သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး

ဖြစ်လေသည်။ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ်

ယောကျ်ားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟုအထင်ရောက်နေခြင်းမှာလုံးဝလွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ

(သီမန္တရိတ်တိုင်များ)စိုက်၍သမုတ်ထားသော(ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်းထိုနည်းပင်ဖြစ်ပါသည်။”သိမ်အတွင်းမိန်းမတွေဝင်လျှင်ငရဲကြီးသည်”ဟုပြောဆိုထင်မှတ်နေကြခြင်းမှာပိုလွန်နေသောလွဲမှားမှုသာဖြစ်ချေသည်။

ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။လူဝတ်ကြောင်ဟု ဆိုရာ၌အမျိုးသမီးများသာမက ယောကျ်ားများလည်း ပါဝင်သည်။

”သိမ်အတွင်းကံပြုနေချိန်၌လူဝတ်ကြောင်စသည်မပါဝင်စေရ၊ကြဉ်ဖယ်ထားရမည်”ဆိုသော်လည်းသိမ်ထဲတွင်မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ)

မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန

ဝဇ္ဇေတဗ္ဗာ)လူစသောနှစ်ကျိပ်တယောက်သောဝဇ္ဇနိယပုဂ္ဂိုလ်တို့ကိုနှစ်တောင့်ထွာဟတ္ထပါသ်မှအပပြုခြင်းဖြင့်ကြဉ်ဖယ်ထားရမည်။

(ကင်္ခါဝိတရဏီအဋ္ဌကထာ)။”နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ” ဟူသော မိန့်မှာချက်ကို သဘောမမူဘဲအချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌အမျိုးသမီးများကိုသာမက ယောကျ်ားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ်

တတ်ကြလေသည်။ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ”လူတတ်-လူစွာ” လုပ်ခြင်းကြောင့်ပင် ”သိမ်အတွင်း

အမျိုးသမီးများ မဝင်ရ မဝင်ကောင်း” ဟူသော အစွဲသည် ပြန့်နှံ့နေခြင်းဖြစ်ပေသည်။

Crd-Original Post

(ZAWGYI)

“အမ်ိဳးသမီးမ်ား သိမ္ထဲသို႔ ဝင္ေကာင္း မေကာင္း သိထားသင့္”

သိမ္အေၾကာင္းကိုတစိပ္တေဒသ နားလည္ေအာင္သိထားသင့္သည္၊ သိမ္ဆိုသည္မွာ ပါလိုဠိ ”သီမာ” ကို ျမန္မာလို ”သိမ္” ဟု သုံးစြဲထားျခင္း ျဖစ္၏။ ”သီမာ” သဒၵါသည္ အပိုင္းအျခားအနက္ကို ေဟာ၏။”ရဟန္းသံဃာမ်ား ဥပုသ္ ကံ

စသည္ျပဳရန္အတြက္ ပိုင္းျခား သတ္မွတ္ရာတြင္ ဉတ္-ကမၼဝါစာတို႔ျဖင့္ ႐ြတ္ဖတ္၍ သမုတ္(သတ္မွတ္ )ထားေသာ သိမ္ (ဗဒၶသိမ္)၊ ဉတ္-ကမၼဝါစာ တို႔ျဖင့္ မ႐ြတ္ဖတ္ရဘဲ အလိုလိုပင္ ဥပုသ္ကံ စသည္ျပဳႏိုင္ေသာသိမ္ (အဗဒၶသိမ္)ဟု

ႏွစ္မ်ိဳးရွိေလသည္။

”ဂါမသိမ္” သည္ အဗဒၶသိမ္မ်ိဳးတြင္ ပါဝင္၏။ သူႀကီးတေယာက္ အခြန္အတုပ္ ေကာက္ယူခြင့္ရွိေသာ အရပ္သည္ (၂-႐ြာ ၃-႐ြာ ရွိေသာ္လည္း) ဂါမေခတ္ တေခတ္မည္၏။ ထိုဂါမေခတ္နယ္သည္ ရဟန္းအားလုံး စု႐ုံး၍ ကံျပဳႏိုင္ေသာ ဂါမသိမ္တမ်ိဳး

ျဖစ္ေလသည္။ဤသူႀကီးတပိုင္ ဂါမေခတ္(ဂါမသိမ္) အတြင္းဝယ္ လူတို႔သည္ လင္ယူသားေမြး လုပ္ေနၾက၏။ အညစ္ အေၾကးတို႔ကိုလည္း စြန႔္ခ်ေနၾကသည္ မဟုတ္ပါေလာ။ ယင္းသူႀကီးတပိုင္ ဂါမေခတ္(ဂါမသိမ္) အတြင္းဝယ္

ေယာက်္ားေတြခ်ည္းသာ ေနၾကသည္ မဟုတ္ပါေခ်။ထို႔ေၾကာင့္ သိမ္အတြင္း မိန္းမေတြ မဝင္ရဟုအထင္ေရာက္ေနျခင္းမွာလုံးဝလြဲမွားေနျခင္းသာျဖစ္သည္။ ေက်ာင္းတိုက္မ်ားအတြင္းဝယ္ ေက်ာက္တိုင္မ်ား

(သီမႏၲရိတ္တိုင္မ်ား)စိုက္၍သမုတ္ထားေသာ(ဗဒၶ)ခ႑သိမ္မွာလည္းထိုနည္းပင္ျဖစ္ပါသည္။”သိမ္အတြင္းမိန္းမေတြဝင္လွ်င္ငရဲႀကီးသည္”ဟုေျပာဆိုထင္မွတ္ေနၾကျခင္းမွာပိုလြန္ေနေသာလြဲမွားမႈသာျဖစ္ေခ်သည္။

ဥပုသ္ကံစေသာ ကံႀကီးကံငယ္ျပဳရာ၌ ၾကဥ္ဖယ္ထားရမည့္ ပုဂၢိဳလ္(ဝဇၨနိယပုဂၢိဳလ္)မ်ားတြင္ လူဝတ္ေၾကာင္လည္း ပါရွိေလသည္။လူဝတ္ေၾကာင္ဟု ဆိုရာ၌အမ်ိဳးသမီးမ်ားသာမက ေယာက်္ားမ်ားလည္း ပါဝင္သည္။

”သိမ္အတြင္းကံျပဳေနခ်ိန္၌လူဝတ္ေၾကာင္စသည္မပါဝင္ေစရ၊ၾကဥ္ဖယ္ထားရမည္”ဆိုေသာ္လည္းသိမ္ထဲတြင္မဝင္ရဟု တားျမစ္ထားျခင္းမ်ိဳးမဟုတ္ေပ။ကံေဆာင္ေနေသာ ရဟန္း သံဃာေတာ္မ်ားႏွင့္ ဟတၳပါသ္(ႏွစ္ေတာင့္ထြာ)

မဆက္စပ္ဘဲ ဟတၳပါသ္(ႏွစ္ေတာင့္ထြာ) လြတ္ရာ အရပ္က ရွိႏိုင္သည္၊ ေနႏိုင္သည္။ ထိုသို႔ရွိေနျခင္းေၾကာင့္ မည္သည့္ကံမွ် ပ်က္ျပားမႈမရွိေခ်။ (ေတ ဟတၳပါသေတာ ဗဟိကရဏဝေသန

ဝေဇၨတဗၺာ)လူစေသာႏွစ္က်ိပ္တေယာက္ေသာဝဇၨနိယပုဂၢိဳလ္တို႔ကိုႏွစ္ေတာင့္ထြာဟတၳပါသ္မွအပျပဳျခင္းျဖင့္ၾကဥ္ဖယ္ထားရမည္။

(ကခၤါဝိတရဏီအ႒ကထာ)။”ႏွစ္ေတာင့္ထြာ အတြင္းသာ မရွိေစရ” ဟူေသာ မိန႔္မွာခ်က္ကို သေဘာမမူဘဲအခ်ိဳ႕ရဟန္း မ်ားသည္ ရဟန္းခံ(ဥပသမၸကံေဆာင္)ရာ၌အမ်ိဳးသမီးမ်ားကိုသာမက ေယာက်္ားမ်ားကိုပါ မာန္မဲ၍ သိမ္ အတြင္းမွ ေမာင္းထုတ္

တတ္ၾကေလသည္။ဤသို႔ လူတို႔ကို သိမ္အတြင္းမွေမာင္းထုတ္ျခင္းသည္ စာရွိထက္ ပိုလြန္ျခင္းသာတည္း-ဟု ဧဝကန္ မွတ္ရေပမည္။ ယင္းသို႔ တတ္ေယာင္ကားျဖင့္ အခ်ိဳ႕ရဟန္းမ်ား ”လူတတ္-လူစြာ” လုပ္ျခင္းေၾကာင့္ပင္ ”သိမ္အတြင္း

အမ်ိဳးသမီးမ်ား မဝင္ရ မဝင္ေကာင္း” ဟူေသာ အစြဲသည္ ျပန႔္ႏွံ႔ေနျခင္းျဖစ္ေပသည္။

Crd-Original Post