ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ်၊ သေချာမသိသေးသူများအတွက်

ဘုရားပန်းအိုး ၂အိုးပဲထားရမယ် ၃အိုးထားရမယ်၊ သေချာမသိသေးသူများအတွက်

တချို့မှာ ချွေးနံ့ တထောင်းထောင်းနှင့် ဘုရားရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော် တခုလုံးအနံ့သက်တွေက မကောင်း။ဒါကို သတိပြုမိတဲ့ညီတော် အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေကဘုရားနဲ့တရားနာ ပရိသတ်အကြားမှာ ပန်းနံ့သာတွေကို

ထားခဲ့ကြတယ်။

ဘုရား ပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ် ထိုအချိန်မှ စ၍ ဘုရားပန်း လှူတဲ့ဓလေ့က စတင်လာတယ်။ပန်းပန်တာ မဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပန ဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှု မရှိတော့ဘူး အပြစ်ကင်းတယ်။

ပန်းအိုး ဘယ်နှအိုး ထားရမလဲ ဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။ဘယ်နှအိုးထားထား အပြစ် မရှိဘူး။ မိမိတို့ရဲ့ ဘုရား‌ကျောင်း‌ဆောင်နဲ့ လိုက်ဖက်သလို ထားနိုင်တယ်။

၁ အိုး ၃ အိုး စသည်ဖြင့် မ ဂဏန်း ထားမှ ၂ အိုး ၄ အိုး စသည်ဖြင့် စုံ ဂဏန်းထားမှဟု ဘုရားဟောမရှိခဲ့ဘူး။

စုံမခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်။မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက ဘယ်နှအိုးထားမှ တင့်တယ်မယ် ဆိုတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးသည်။တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက်

အမျိုးမျိုး လှူကြတယ်။ဘယ်လိုပဲ လှူလှူ ကုသိုလ်က ကုသိုလ်ပဲ။ ဘုရားပန်းတွေ လန်းတော့ ဘုရား‌ကျောင်းဆောင်လည်း မင်္ဂလာကျက်သရေ တိုးတာပေါ့။မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Crd-Original Post

 

ဘုရားပန္းအိုး ၂အိုးပဲထားရမယ္ ၃အိုးထားရမယ္၊ ေသခ်ာမသိေသးသူမ်ားအတြက္

တခ်ိဳ႕မွာ ေခြၽးနံ႔ တေထာင္းေထာင္းႏွင့္ ဘုရားရွင္ သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္ တခုလုံးအနံ႔သက္ေတြက မေကာင္း။ဒါကို သတိျပဳမိတဲ့ညီေတာ္ အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြကဘုရားနဲ႔တရားနာ ပရိသတ္အၾကားမွာ ပန္းနံ႔သာေတြကို

ထားခဲ့ၾကတယ္။ဘုရား ပန္းေတြေၾကာင့္ ပရိသတ္ေတြဆီက ေခြၽးနံ႔ေတြ ဘုရားဆီ မေရာက္ေတာ့ဘူးေပါ့။တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြရ ပန္းေတြကိုျမင္ၿပီး အေမာေတြေျပ စိတ္ေတြၾကည္လင္လာတယ္။

တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူး ရွိလာတယ္ ထိုအခ်ိန္မွ စ၍ ဘုရားပန္း လႉတဲ့ဓေလ့က စတင္လာတယ္။ပန္းပန္တာ မဟုတ္တဲ့အတြက္ မာလာဂႏၶ ဝိေလပန ဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈ မရွိေတာ့ဘူး အျပစ္ကင္းတယ္။

ပန္းအိုး ဘယ္ႏွအိုး ထားရမလဲ ဆိုတဲ့ အေမးမွာ နံပါတ္ ၁ အေျဖက သက္ေသျဖစ္တယ္။ဘယ္ႏွအိုးထားထား အျပစ္ မရွိဘူး။ မိမိတို႔ရဲ႕ ဘုရား‌ေက်ာင္း‌ေဆာင္နဲ႔ လိုက္ဖက္သလို ထားႏိုင္တယ္။

၁ အိုး ၃ အိုး စသည္ျဖင့္ မ ဂဏန္း ထားမွ ၂ အိုး ၄ အိုး စသည္ျဖင့္ စုံ ဂဏန္းထားမွဟု ဘုရားေဟာမရွိခဲ့ဘူး။

စုံမခြဲၿပီး လႉဒါန္းတာက ဗုဒၶဘာသာရဲ႕ အယူအဆ မဟုတ္။မိမိရဲ႕ဘုရား‌ေက်ာင္း‌ေဆာင္အေနအထားက ဘယ္ႏွအိုးထားမွ တင့္တယ္မယ္ ဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔ အေရးႀကီးသည္။တခ်ိဳ႕က ယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္

အမ်ိဳးမ်ိဳး လႉၾကတယ္။ဘယ္လိုပဲ လႉလႉ ကုသိုလ္က ကုသိုလ္ပဲ။ ဘုရားပန္းေတြ လန္းေတာ့ ဘုရား‌ေက်ာင္းေဆာင္လည္း မဂၤလာက်က္သေရ တိုးတာေပါ့။မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Crd-Original Post